*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 27 July 2014

ဂျပန်နိုင်ငံ က အရုပ် ရွာ


 YoYarLay's photo.

အရုပ်တွေ ချည်း စုပြီး လူနေရာ အစားထိုး ထားတဲ့ ရွာ ဂျပန်နိုင်ငံ မှာ ရှိပါတယ်။ ဂျပန်နိုင်ငံ ရဲ့ လူဦးရေ အနည်း ဆုံး ကျွန်း ဖြစ်တဲ့ Shikoku မှာ ရှိပြီး Nagoru လို့ အမည် ရတဲ့ ရွာ ဖြစ်ပါတယ်။ တစ်ချိန် တုန်းက လူဦးရေ များပြား တဲ့ စည်ကား သိုက်မြိုက် တဲ့ ရွာလေးပါ။

နောက်တော့ အိုစာကာ သို့မဟုတ် တိုကျို သို့ သွားပြီး ရွှေ့ပြောင်း အလုပ်လုပ် ကြ တာကြောင့် ရွာဟာ တဖြည်းဖြည်း နဲ့ လူနည်း သွားပါတယ်။ နောက်ဆုံးတော့ လူဦးရေ ၁၀ ယောက်ကျော်သာ ကျန်ရှိတော့တဲ့ အထိ ဖြစ်သွား ပါတယ်။ 


ဒါကြောင့် တိုကျို မှာ သွား အလုပ်လုပ် တဲ့ ရွာခံ အမျိုးသမီး တစ်ဦး ဟာ ရွာပြန်ရောက် လာပြီး ဖြစ် ပျက်နေမှု ကို မြင်တော့ စိတ်မကောင်း ပါဘူး။ ဒါကြောင့် လူတွေ ကို အစားထိုး မယ့် အရုပ် များ ဆက်တိုက် ပြုလုပ် ပါတော့ တယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။

YoYarLay's photo. 
 
 ရွာမှာ စု⁠စုပေါင်း အရုပ် ၃၅၀ ကျော် သွားပြီး ဆက်တိုက် လည်း ပြုလုပ် နေပါတယ်။ ဘတ်စ်ကား ဂိတ်၊ စာသင်ကျောင်း၊ အိမ်ထဲ၊ အိမ်ပြင် တို့မှာ ထားရှိထားတာ ကို ယခု လို မြင်တွေ့ ရပါတယ်။ 

 YoYarLay's photo.

နေ့ခင်း ဘက်ပဲ လည်လည်၊ ညဘက် ပဲ လည်လည် တစ်ယောက်တည်း ဆိုရင် အတော်လေး စိတ်ခြောက်ခြား ဖွယ်ရာ ကောင်း မှာပါ။ သို့ပေမယ့် နိုင်ငံခြားသား များ တကူးတက လာရောက် လည်ပတ် လျက် ရှိတဲ့ ကျွန်း တစ်ခု ဖြစ်သွား ပါတယ်။ 

YoYarLay's photo.

အရုပ် ဖန်တီး သူ အမျိုးသမီး ရဲ့  ကောင်းမှုကြောင့် Nagoru ဟာ ဂျပန်နိုင်ငံ က လည်ပတ်သူ များ တဲ့ ကျွန်းရွာလေး တစ်ခု ဖြစ်သွား ပါတယ်။


Ref: visualnews
 

အောင်ခမ်း (ရိုးရာလေး)



 
 





No comments:

Post a Comment