*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

ပြည်တွင်း မိုဘိုင်းဖုန်း အ၀င်-အထွက် ဖုန်းခေါ်မှု များ သတိထားနိုင်စေရန်

10527452_815066768512245_4057068237402559671_n

ပြည်တွင်း ဖုန်းနံပါတ် များကို ပုံမှန် အတိုင်း 01××× 02××× 09××× တွေ နဲ့ မဝင် လာပဲ မြန်မာနိုင်ငံ ဖုန်းနံပါတ်တွေ ရဲ့ Country Code +95××× နဲ့ msg or miss call တွေ ဝင်လာ ခဲ့ရင် အဲဒီ အတိုင်း ပြန် မခေါ်ကြ ပါပဲ 01××× 02××× 09××× သို့ edit ပြန်လုပ်ပြီး မှ သာ ခေါ်ဆိုကြ ပါဗျာ။

ဘာကြောင့်လည်း ဆိုတော့ +95××× လို Country Code နံပါတ်တွေ နဲ့ ဝင်လာ တာကို edit မလုပ်ပဲ အဲဒီ အတိုင်းပြန်ခေါ် မိရင် ပြည်တွင်း 1 မိနစ် ပုံမှန်နှုန်း 50 ကျပ် အစား နိုင်ငံတကာနှုန်း 1 မိနစ် 1000 ကျပ်နီးပါး bill ဖြတ်ခံ ရမှာဖြစ်ပါတယ် ။
(ကျွန်နော်တော့ 1 min – 1000 Kyats အဖြတ်ခံလိုက် ရပြီးပြီ)



ဘာကြောင့်ဖြစ်ရတာလည်း ဆိုတာကို မတောက် တခေါက် သိထားတာလေး နဲ့ ဥာဏ်မှီ သလောက် စဉ်းစား ကြည့်တော့ MPT က ယခု ဆက်သွယ်ရေး လိုင်စင်ရ Telenor, Ooredoo and YTP လို Carrier မတူ တဲ့ Company Telecon Network တွေနဲ့ network ချိတ် ဖို့ လုပ်တာ မှာ network management ညံ့ဖျင်းလို့ +95××× +66××× အဲလို Country code ခံလိုက် တာနဲ့ နိုင်ငံ တကာ နှုန်း အတိုင်း ကောက် တဲ့ Program အလုပ် လုပ်ပြီး ကိုယ့်ပြည်တွင်း ဖုန်း အချင်းချင်း လည်း နိုင်ငံ တကာနှုန်း အတိုင်း ကောက် သွားခြင်းဖြစ်နိုင် တယ်လို့ တွေးမိ ပါတယ်။

ဒါကြောင့် +95××× လို Country Code နံပါတ်တွေ နဲ့ ဝင်လာ ခဲ့ရင် ပြန်လည်ခေါ် ဆိုခြင်း မပြု ပဲ ပုံမှန် 01××× 02××× 09××× စသည်ဖြင့် ပြန်လည်ပြောင်းလဲ ပြီး ခေါ်ဆို မှသာ ပုံမှန် နှုန်းထား 50 ကျပ်သာ ကုန် ကျတော့ မှာဖြစ်တယ် လို့ အသိပေး လိုပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်များ
********************

နောက်ဆက်တွဲ ပြဿ     နာများ အနေဖြင့် ဖြစ်နေတာ ကတော့ ဖုန်း ဘီးလ်စစ်ချိန် မှာ ယခင်လို Kyats ဖြင့် မပေါ် ပဲ US$ အနေဖြင့် ပေါ်ခြင်းများ လည်း ဖြစ်လျှက် ရှိကြောင်း သိရပါတယ်။ 

ထို့ အပြင် အဆိုပါငွေများ မှာ လည်း မိမိတို့ ထည့်သွင်း ထားခြင်း မဟုတ်သည့် ဘီးလ် များ ဖြစ်ကြောင်း သိရ ပါတယ်။ 

 ထိုကဲ့သို့ ဘီလ် ပိုဖြတ်တောက်ခြင်း ၊ US$ ဖြင့် ဘီလ် စစ်ချိန်တွင် ဖြစ်ပေါ်ခြင်း များမှာ မိုဘိုင်းဖုန်း အားလုံး တစ်ပြိုင်နက်ဖြစ်ပေါ်ခြင်း မဟုတ်ပဲ မိမိ တို့ စမ်းသပ်ချိန် (သို့) ဖုန်းခေါ်ချိန် (သို့) ဘီလ်စစ်ချိန် များတွင် တစ်ခါ တစ်ရံ ကြုံကြိုက်စွာ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ် များကို ဆက်သွယ်ရေး တာဝန်ရှိသူများ ကို စုံစမ်းမေးမြန်းလျှက် ရှိပြီး သတင်းရတာ နှင့် ထပ်မံ တင်ပြပေးပါမယ်။

Ref : Prince Ice
YMG
From...Search myanmar

 

No comments:

Post a Comment