*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 July 2014

ကုသိုလ် စိတ်ဖြင့် စားကြည့်ပါ

Image and video hosting by TinyPic

ခံတွင်းမတွေ့ တဲ့ အခါ မျိုး (သို့ မဟုတ်) မိမိ စိတ်နှင့် အကြိုက် မတွေ့ တဲ့ အခါမျိုးတွေ မှာ ထို အစာ စားကို “ ဟွန့် ဘယ်လို လက်ရာကြီး မှန်း မသိဘူး၊ မြိုချ လို့ ကို မရဘူး၊ တော လက်ရာကြီး၊ ဘာလိုနေ မှန်း ကို မသိ ဘူး၊ စားဖူး သမျှထဲ မှာတော့ အညံ့ဆုံးဘဲ ” စသည်ဖြင့် ချက်ပြုတ်ပြင်ဆင်ပေး သူကို ငြိုငြင် မိတာ မျိုး ကြုံဖူးကောင်း ကြုံဖူးကြမှာပါ။ 

ထို့ နည်း တူ မိမိ အကြိုက်နဲ့  ကိုက်ညီ တဲ့အခါ မျိုးမှာေ တာ့ “ ကောင်းလိုက်တာ… ဂွဒ်ရှယ်ဘဲ… နောင်လဲ အဲလို အရသာ ရှိတာလေးတွေ လုပ်ကျွေးဦးေ နာ် ” ဆိုပြီး ပူဆာ တတ်ပြန်ပါ တယ်။

တရား သဘော အရ ဆင်ခြင်ကြည့်မယ် ဆိုရင်ဖြင့် အစား အစာပေါ်ငြိုငြင်စွာ စားသောက်ခြင်း က “ ဒေါသ (အ) ကုသိုလ် စိတ်ဖြင့် စားနေခြင်း သာ ဖြစ်ပါတယ် ” တကယ်တော့ လက်ရာ ဘယ်ေ လာက် ပင် ညံ့နေ ပါစေ… “ ကိုင်း စားပြီးတော့ လဲ ပြီးသွား တာပါဘဲ၊ 



အလုပ် တစ်ခု ပြီးသွားတာေ ပါ့၊ စားမကောင်း လို့ အာသာ မပြေသေးလဲ ဌက်ပျောသီးလေး … ဒါမှ မဟုတ် ကော်ဖီလေး ဖြစ်ဖြစ် ကြိုက်တာ တစ်ခုခု စားလိုက်ရင် တင်းတိမ် သွားမှာ ဘဲလေ ” ဟူ၍ ထို အစာပေါ် ငြိုငြင်စိတ် ကို တိကနဲ ဖြတ်ချသင့်ပါတယ်။ 

ဒါဆိုရင် ဒေါသ (အ) ကုသိုလ် စိတ်လည်း ပျောက်သွား မှာဖြစ်သလို၊ မိမိ အတွက် အစား အစာတွေ ကို ချက်ပြုတ်ပြင်ဆင်ပေးသူ အပေါ် မှာ ၀စီကံ မနောကံ တို့ ဖြင့် မမှား မိစေတော့ပါဘူး။

အစား အစာပေါ် တပ်မက် ခုံမင်စွာဖြင့် စားသောက်ခြင်း ကလည်း တရား သဘော အရ ရှုရင်
“ လောဘ (အ) ကုသိုလ် စိတ်ဖြင့် စားနေခြင်းသာ ဖြစ်ပါတယ် ” ဥပမာ ကြက်သား ဟင်း လက်ရာေ လး က စားကောင်းတယ် ဆိုပါစို့ …ကောင်းလိုက်တာ…နောင်လဲ အဲလိုမျိုး ခဏခဏ လုပ်ကျွေး ဦးနော်… လို့ တောင်းဆို လိုက်ခြင်းက လောဘ စိတ် တက်နေလို့ ပါဘဲ။ 


 ဒါ့ပြင် လူသား တို့ အာဟာရ ဖြစ်စေဖို့ အတွက် နောင်လာ လတ္တံသော အချိန်မှာ အသက် စတေးရေ တာ့ မည်ြ ဖစ်တဲ့၊ လက်ရှိ ပစ္စုပ္ပန် မှာတော့ အသက် ရှိနေသေး သော ကြက် သတ္တ၀ါတွေ အပေါ် သွယ် ၀ိုက်ေ သာ နည်းအားဖြင့် မနောကံ ၀စီကံ တို့ ဖြင့် ငရဲ ယူလိုက်ခြင်း သာ ဖြစ်ပါတယ်။

တကယ် တမ်း စဉ်းစားကြည့်တဲ့ အခါမှာ ကြိုက်လို့  စားသည်ဖြစ်စေ၊ မကြိုက် ဘဲ စားနေရ သည်ဖြ စ်စေ ခံတွင်း ထဲကအစာတွေ ကို မျိုချပြီးတဲ့နောက် မှာတော့ ယင်း အစာများ အားလုံး ဟာ လည်ေ ချာင်း-အစာအိမ်- အူသိမ်- အူမ တွေထဲ အဆင့် ဆင့်ကျော်ဖြတ်ပြီး၊ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ကိုစုပ်ယူ နောက်ဆုံး မှာတော့ မလို အပ်တာတွေ ကို ဆီး၊ ၀မ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်၊
ပြည်ပုပ်တွေ အဖြစ် စွန့် ထုတ် ပစ်လိုက်ရတာ ပါဘဲ။


 ဒါကြောင့် ၁-ထွာ ၁-မိုက်တောင် မရှည် တဲ့ လျှာတစ်ချောင်းပေါ် မှာ ချို-ချဉ်-စပ်-ဖန်-ခါး-ဆိမ့် တွေကို အာခေါင်နှင့်ပွတ်ချေ ကာ အရသာ ခြံ ပီး လောဘ ဒေါသတွေနှင့် မစားကြဘဲ၊ ကုသိုလ် စိတ်ဖြင့် သာ စားကြည့် ပါလို့  တိုက်တွန်း လိုက် ပါရစေရှင်။


<<စာနာထောက်ထား စွာဖြင့် ဆောင်းပါးရှင် အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြ ပါရန် မေတ္တာ ရပ်ခံပါသည် >>


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
From...Search Myanmar
 

No comments:

Post a Comment