*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

၁၉၄၇ ခုနှစ် ဇူလိုင် လ ၁၉ ရက်နေ့ တစ်နေ့တည်း မှာ တစ်ပြိုင်နက် နီးပါး ဖြစ်သွား ခဲ့တာတွေ ကို ရုပ်ရှင် ဖလင်ပြား များလို ဆက်စပ် ကြည့်လိုက်လျှင်… { ဇာဂနာ }


နံနက် ၉နာရီ မိနစ်၂၀ ၌ Strand Hotel (ယခု ကမ်းနား ဟိုတယ်) ၏ အခန်း အမှတ် ၁၀၁ တွင် ဗြိတိသျှ ကောင်စီ က မစ္စတာ ဘင်ဂလေ တစ်ယောက် ကော်ဖီ သောက်နေသည်။ တကယ်တော့ ဗြိတိသျှ ကောင်စီ ဆိုတာ အင်္ဂလိပ် ထောက်လှမ်းရေး လက်အောက်ခံ ပင်။ 

ယနေ့ခေတ် ဂျိမ်းစ်ဘွန်း တို့လို ထောက်လှမ်းရေးတွေ၊ သူလျှိုတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် သတင်း စုဆောင်းဖို့၊ နောက်ကွယ် က ကြိုးကိုင် ဖို့ ဟန်ပြ ဖွဲ့ထား သည့် ကောင်စီဖြစ်၏။ မစ္စတာ ဘင်ဂလေ ကို နာမည်ပြောင် လန်ဘား ဟုခေါ်သည်။ Tall Man ဆိုပါတော့။ 

သူနှင့် ဦးစော က အဆက်အသွယ် ရှိသည်။ သူတို့ နှစ်ယောက်ကြား က လျှို့ဝှက် စကားက ငှက်ပျော သီး ဖြစ် သည်။ အဆက် အသွယ် လုပ်လျှင် Green Tea (ရေနွေးကြမ်း) ဟု ဦးစွာပြောရသည်။ 
 မစ္စတာ ဘင်ဂလေ တစ်ယောက် ကော်ဖီသောက်ရင်း ရေနွေးကြမ်း မျှော်နေလေသည်။


 
မြန်မာပြည် ကွပ်ကဲမှု စစ်ဌာနချုပ် ထဲသို့ စစ်တပ် သုံး ဂျစ်ကား တစ်စင်း ထိုးဆိုက် လာသည်။ တပ်ထိန်း အရာ ရှိ ဗိုလ်မှူး မိုးရ်ဖြစ်သည်။ သူက ခပ်သွက်သွက် ရုံးလှေကား အတိုင်း ပြေးတက် သွား၏။

လှကား ထိပ် ညာဖက် ဒုတိယမြောက် အခန်းရှေ့ မှာ မိုးရ် ရပ်လိုက်ပြီး သူ့ ယူနီဖောင်းကို သပ်သပ် ရပ်ရပ် ဖြစ်အောင် ပြင် လိုက်၏။ ပြီးတော့ ခပ်ဆတ်ဆတ် တံခါးနှစ်ချက် ခေါက်လိုက်၏။ ရုံးစားပွဲ တွင် ထိုင်နေသော ဗိုလ်မှူးးချုပ် ဘရစ်ဂ်ျ က ၀င်ခဲ့ဖို့ ပြောသည်။ ဗိုလ်မှူးးမိုးရ် အခန်း ထဲသို့ ၀င်လာပြီး အလေးပြု လိုက်သည်။ 

ပြီးတော့ အိတ်ထဲ မှာ သပ်သပ် ရပ်ရပ် ထည့် လာသော စာအိတ် တစ်လုံး ကို လက်နှစ် ဖက်ဖြင့် တရို တသေ ပေးလိုက်၏။ ဗိုလ်မှူးးချုပ် ဘရစ်ဂ်ျ က ချက်ချင်း ဖောက်ဖတ်ပြီး မျက်ခုံးနှစ်ဖက် တွန့်တက် သွားသည်။ ဗိုလ်မှူးးမိုးရ်ကို သူနှင့် အတူ လိုက်ခဲ့ ဖို့ ခေါ်လိုက်ပြီး အခန်းထဲ က ခပ်သွက်သွက် ထွက် သွားတော့၏။

ပထမထပ် လူသွား စင်္ကြံတစ်လျှောက် သူတို့နှစ်ယောက် ၏ စစ်ဖိနပ်သံ က အရေးတကြီး အလျင် စလို ဖြစ်နေ မှန်း သက်သေခံနေသည်။ (စစ်ဦးစီး အရာရှိချုပ် ရုံးခန်း) ဟု ဆိုင်းဘုတ် ချိတ်ထားသော အခန်းကြီးရှေ့ ရောက်တော့ ဗိုလ်မှူးးချုပ် ဘရစ်ဂ်ျ က တံခါးခေါက် လိုက်၏။ 

ရဲဘော် တစ်ယောက် က တံခါးဖွင့်ပေး လိုက်တော့ ဗိုလ်မှူးးချုပ် ဘရစ်ဂ်ျနှင့် ဗိုလ်မှူးးမိုးရ် တို့ အတွင်းခန်းသို့ ခပ်သွက်သွက် ၀င်သွား၏။

ဆက်တီ ကုလားထိုင် မှာ ဆေးပြင်းလိပ် ခဲနေသော စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ဂျုစ်က ထိုင်ကြဖို့ လက် ဟန်ပြ လိုက်၏။ ဗိုလ်မှူးး ချုပ် ဘရစ်ဂ်ျ က မထိုင်၊ လက်ထဲ က စာအိတ် ကို ကမ်းပေးလိုက် သည်။ ဒီတော့ ဗိုလ်ချုပ် ဂျုစ်က စာထုတ် ဖတ်လိုက်၏။ စာဖတ်နေ သည့် သူ့ ဟန်က ပေါ့ပေါ့ပါးပါး။ ပြီးတော့ ခေါင်းတစ်ချက် ညိတ်ပြပြီး ဗိုလ်မှူးးချုပ် ဘရစ်ဂ်ျ တို့ကို ပြန်စေလိုက်တော့သည်။ 

အခန်း တံခါး ပိတ်သံ ကြားတော့ မှ ဗိုလ်ချုပ် ဂျုစ်က စောစော က စာအိတ် ကို မီးရှို့လိုက်တော့သည်။ ပြီးနောက် ဖုန်းဆက်လိုက်၏။ ဗိုလ်ချုပ် သောမတ်စ် က ဖုန်းကောက် ကိုင်လိုက်သည်။ တစ်ဖက်က စကားပြော သံကို သေသေ ချာချာ ဂရုတစိုက် နားထောင်၏။ 

ပြီးသည်နှင့် အိုကေ စိတ်ချ ဟု တစ်ခွန်းထဲ သာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ၏ ကိုယ်ရံတော် အရာရှိ ဗိုလ်သန်းဝင်း ကို လှမ်းခေါ်လိုက်ပြီး အတွင်းဝန် များ ရုံးသို့ သွားမည်ဟု ပြောသည်။ ဗိုလ်သန်းဝင်း က လိုလို မယ်မယ် မိုးကာ အင်္ကျီ တစ်ထည် ကောက်ယူ လိုက်လေသည်။ ပြီးတော့ ဆရာ တပည့် နှစ်ယောက် ရုံးခန်း တွင်းမှ ထွက်ခဲ့တော့သည်။

အလုပ်သမား သမဂ္ဂ မှ သခင် ၀တင်ကြီး က ဗိုလ်ချုပ်နှင့် တွေ့ချင်နေတာ ကြာပြီ။ အလုပ် သမားတွေ၏ အရေး ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အကြံဉာဏ် ကို လိုချင်သည်။ ဆိတ်ဖြူ မှာ၊ ပခုက္ကူ မှာ ပြဿ      နာလေးတွေ က တစ်ခုပြီး တစ်ခု တက်နေသည်။ ဗိုလ်ချုပ် ကလည်း လာခဲ့ ဖို့ ပြောထား သည်။

 ဖြစ်ချင်တော့ စနေနေ့ကြီး ဗိုလ်ချုပ် က အစည်းအဝေး လုပ်နေသည် တဲ့။ ဗိုလ်ချုပ် ၏ ကိုယ်ရေး အရာရှိ ဗိုလ်ထွန်းလှ က စောင့်နေဖို့ ပြောသည်။ သူ မစောင့်ချင်၊ တခြား လုပ်စရာလေးတွေ ရှိသေး၏။ ပန်းဆိုးတန်း ဖက်ကို သွားမည်။ ပြီး မှ ပြန်လာမည်ဟု ပြောပြီး ဗိုလ်ထွန်းလှ ကို နှုတ်ဆက် ကာ ထွက်လာ ခဲ့တော့သည်။ 

စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ထွက်ပေါက် ရောက်တော့ မှ သူ့ မိုးကာ အင်္ကျီ ကျန် ခဲ့မှန်း သတိရ သွားသည်။ ပြန်လာ မှ ယူပါတော့မယ်လေ ဟု စိတ်ပိုင်းဖြတ်ကာ ရှေ့ခရီး ဆက်လိုက်တော့သည်။
ဗိုလ်သန်းဝင်း က ဗိုလ်ချုပ် သောမတ်စ် ခိုင်းထားသည့် အတိုင်း ဗိုလ်ထွန်းလှ ရုံးခန်းသို့ တက်ခဲ့သည်။ 

ဗိုလ်ချုပ် သောမတ်စ် က ဦးထွန်းလှအောင် အခန်း မှာနေခဲ့ပြီး သူ့ ကို ဘာကြောင့် ဗိုလ်ထွန်းလှ ဆီ သွားဖို့ ခိုင်းလိုက်မှန်း သူမသိ။ သူနှင့် ဗိုလ်ထွန်းလှ အကြား ထူးထူးခြားခြား ဘာကိစ္စမှ မရှိ။ ဗိုလ်ချုပ် သောမတ်စ်က အစည်းအဝေး လုပ် ဖြစ် မဖြစ်ဆိုတာရယ်၊ ဘယ်သူတွေ တက်တယ် ဆိုတာရယ် မေးခဲ့လို့ ခိုင်းတော့ ဒါသည် ပင် တာဝန်ပေးတာ ဟု ဆိုရပေတော့မည်။ 

တကယ်တော့ မနက် ကတည်းက ဗိုလ်သန်းဝင်း ဘာမှ မစားရသေး။ တော်တော် ဆာနေပြီ။ ထို့ကြောင့် ဗိုလ်ထွန်းလှ ကို တစ်ခုခု ၀ယ်ကျွေး ဖို့ ပူဆာလိုက် ရ၏။ ဗိုလ်ထွန်းလှ က ရဲဘော်လှမောင် ကို ထမင်းပေါင်း တစ်လုံးနှင့် ဆန်ပြုတ် တစ်ခွက် အ၀ယ်ခိုင်း လိုက်သည်။ ဗိုလ်သန်းဝင်း က သူ့ မိုးကာ အင်္ကျီကို ထိုင်ခုံကျောမှီ မှာ ချိတ်ထား လိုက်တော့၏။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီး များ လုပ်ကြံ ခံပြီးချိန် မှာ ဗိုလ်ချုပ် သောမတ်စ် တို့ အုပ်စု အလော သုံးဆယ် ထွက်ခွာ သွားကြသည်။ ဗိုလ်သန်းဝင်း လည်း ပြန်ပါ သွားသည်။ ဗိုလ်ထွန်းလှ ၏ စားပွဲပေါ် မှ ဆန်ပြုတ် ပန်းကန် ကတော့ အရာ မယွင်းဘဲ ကျန်ခဲ့တော့သည်။

ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်ခန္ဓာ ကို ဗိုလ်ထွန်းလှ ၏ အခန်းထဲ က မိုးကာ အင်္ကျီ တစ်ထည်နှင့် ထွေး ပက်ပြီး ဆေးရုံ သို့ သယ်သွား ကြလေသည်။ သို့သော် ဗိုလ်ထွန်းလှ ၏ ရုံးခန်းထဲ မှာ မိုးကာ အင်္ကျီ တစ်ထည် ကျန်နေပါသေးသည်။ 

 ဗိုလ်သန်းဝင်း ၏ အင်္ကျီ လား။ သခင် ၀တင်ကြီး ၏ အင်္ကျီလား။ ကာယကံရှင် မှသာ သိတော့မည်။ သို့သော် ဘယ်သူ မှ ပြန်လာ မယူခဲ့။ ဒီနေ့ ထက်ထိ ပိုင်ရှင် မပေါ်။ ဗိုလ်ချုပ်၏ ရုပ်အလောင်း ကို ထွေးပတ် သွားခဲ့သော မိုးကာ အင်္ကျီ၏ ပိုင်ရှင် ကရော…ဘယ်သူမှန်း မသိ။ သေချာ တာ တစ်ခု ကတော့ ထိုနေ့က စပြီး ဗိုလ်သန်းဝင်း ပျောက်ဆုံး သွားခဲ့တော့သည်။

ဇာဂနာ
From...Search Myanmar 

 

No comments:

Post a Comment