*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 July 2014

အွန်လိုင်းပေါ် က သွေးထိုး လှုံ့ဆော် သူတွေ ကို ဘယ်လို အရေးယူမလဲ



မကြာသေးမီ ရက်ပိုင်း အတွင်းက မန္တလေး မြို့တွင်ဖြစ်ပေါ် ခဲ့သော ပဋိပက္ခဖြစ် စဉ် များ၏ အဓိက ဇာစ်မြစ် တရားခံ မှာ ငြိမ်း ချမ်းစွာ အတူ ယှဉ်တွဲနေထိုင် ခဲ့သောလူမှု အသိုင်း အဝိုင်း နှစ်ခု အကြား အမုန်း တရား များ ကြီးထွား ၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ် ချက်ဖြင့် သွေးထိုး လှုံ့ဆော်နေသော အွန်လိုင်း လူသတ် သမားများနှင့် ပဋိပက္ခ များ ဖြစ်ပွားစေ၍ နိုင်ငံရေး အမြတ် ထုတ် လို သူများ ၏ သွေးထိုး လှုံ့ဆော် မှု များကြောင့် ပင်ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူ များနှင့် အိုင်တီနည်း ပညာ ကျွမ်းကျင် သူများက ဆိုကြ သည်။

 

အမှန် စင်စစ် ထိုပြဿနာ ၏ ရင်းမြစ် မှာ ဘာသာခြားနှစ်ဦး က ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးအား အဓမ္မ ကျူးလွန်သော မုဒိမ်းမှု ပင် ဖြစ်ပြီး ရာဇဝတ်မှု တစ်ခုသာဖြစ်သည်။ ထို ရာဇ ဝတ်မှု အား တရား ဥပဒေ စိုးမိုးရေး တာဝန် ယူထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူး လွန်သူများ အား ဥပဒေနှင့် အညီ ဖော်ထုတ် ဖမ်းဆီး အရေးယူ ရမည့် တာဝန်ကား ရှိသကဲ့ သို့ပြည်သူ များ အနေဖြင့် ပြစ်မှု ကျူးလွန် သူ များအား ထွက်ပြေး လွတ်မြောက်ခြင်း မရှိစေရန် အတွက် ဝိုင်းဝန်းဖော်ထုတ်ပေးရမည် သာ ဖြစ်ကြောင်း ၊ 


ယခု ကဲ့သို့ ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက် ဖြင့် အွန်လိုင်း ရှိ လူမှုရေး ကွန်ရက် များနှင့် တရားဝင် မဟုတ်သော အွန်လိုင်း သတင်း ဌာန များမှ သွေးထိုး လှုံ့ဆော်မှုများကြောင့် မလိုလား အပ်သော ပဋိပက္ခ များဖြစ်ပွား လာရ ခြင်းသာဖြစ် ကြောင်း၊ သို့သော် ထိုပြဿနာ အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် ကျယ်ပြန့်ခြင်း မရှိစေရန် အတွက် အချိန်မီ ထိန်း ချုပ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ ကြီး တစ်ဦး က ပြောကြားခဲ့ သည်။
 

ထို့အပြင် မကြာသေးမီနှစ်များ အတွင်း ကဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ် များနှင့် လက်ရှိဖြစ်ပွား ခဲ့သော မန္တလေးဖြစ်စဉ် များ ကို လေ့လာကြည့် ပါက ပဋိပက္ခနှင့် အကြမ်းဖက် မှုများ ဖြစ်ပွား စေရန် လှုံ့ဆော်သူ အချို့မှ အင်တာနက် အွန်လိုင်းနှင့် လူမှုရေး အင်တာနက် ကွန်ရက် များမှတစ်ဆင့် ဆူပူ အကြမ်းဖက် မှုများဖြစ်ပေါ်စေရန် အတွက် သွေးထိုး လှုံ့ဆော် မှုများအား ပြုလုပ် ခဲ့သည် ကို တွေ့ရှိရသည့် အပြင် မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာ အား ကျဆင်း စေရန် အတွက် အင်တာနက် အသုံးပြုကာ ပြည် ပသို့ သတင်းမှား များ ထုတ်လွှင့်ပေး ပို့ခြင်း၊ ဖန်တီးပြု လုပ်ထားသော ဓာတ်ပုံများ ပေးပို့ ခြင်း များ ပြုလုပ် ခဲ့ကြောင်း၊ 

ထိုသို့ အင်တာ နက်မှ တစ်ဆင့် သွေးထိုး လှုံ့ဆော်မှု များကြောင့် ပြဿ နာ များမှာ မကြီးထွား သင့်ဘဲ ကြီးထွား ခဲ့ရကြောင်း ၊ ယင်း အပြင် ပြည်တွင်း ရှိ ဝန်ကြီး ဌာန များ၏ အင်တာနက် စာမျက်နှာ များနှင့် စီးပွားရေး လုပ်ငန်း များ၏ အင်တာနက် စာ မျက်နှာ များကိုလည်း အင်တာနက် မှ တစ်ဆင့် တိုက်ခိုက် မှုများ ပြုလုပ် ခဲ့သည့်ဖြစ်စဉ် များ လည်းရှိခဲ့ကြောင်း၊ 

ထိုသို့သောဖြစ်ရပ်များ သည် အင်တာနက် အား အလွဲ အ သုံးပြုကာ ရည်ရွယ် ချက် ရှိရှိဖြင့် မှုခင်း များအား ကျူးလွန်ခြင်း သာ ဖြစ်ကြောင်း၊ အလား တူပင် လက်ရှိတွင် လည်း အင်တာနက် မှ တစ်ဆင့် ဒုစရိုက် လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ပြစ်မှု ကျူးလွန်ရန် အစီအစဉ် များဆောင်ရွက်ခြင်း စသည့် အခြေအနေ များ ကိုပါ တွေ့မြင်လာ ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
 

 ''အင်တာနက် မှာ ဒီ သတင်း တက်လာ ကတည်း  မလို လားအပ် တဲ့ ပြဿနာတွေ မတက် ရအောင် လိုအပ် တဲ့ စုံစမ်း စစ်ဆေး မှု တွေ လုပ်ပြီး အရေးယူဖို့ အတွက် အောက်ခြေ က တပ်ဖွဲ့ ဝင်တွေကို ညွှန်ကြား ထားပြီးသား။ ညွှန်ကြား ထား တဲ့အတိုင်း လဲ အောက်ခြေ မှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေ က လိုအပ်တဲ့ စစ်ဆေး မှုတွေ လုပ်နေတုန်း အွန်လိုင်း ကနေ သွေးထိုး လှုံ့ ဆော် သူတွေရဲ့ ဝါဒဖြန့် မှုတွေကြောင့် မဖြစ် သင့်တာ တွေ ဖြစ်ခဲ့ရတာ။ 

ဒါနဲ့ ပတ်သက် လို့လဲ ပဋိပက္ခ ပိုမိုကြီးထွားခြင်း မရှိအောင် လုံခြုံရေးတွေ တိုးမြှင့် ချထားပြီး ကာကွယ် နိုင်ခဲ့ ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု မှာ ပါဝင် တဲ့ သူတွေကို လိုအပ်တဲ့ စစ်ဆေး အရေးယူ မှု တွေ လုပ်ပြီး ထိထိရောက်ရောက် လုပ်ဖို့ ကိုလဲ ညွှန်ကြား ထားတယ်''ဟု ယင်းက ဆိုသည်။
 


မြန်မာနိုင်ငံ တွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပြောင်းလဲပြီး ၂၀၁၁ ခုနှစ်မှ စတင်ဖြစ် ပွားခဲ့သော ပဋိပက္ခပြဿနာ များအား ပိုမိုကြီး ထွားလာစေရန် အတွက်နှင့် ယခင်က ငြိမ်း ချမ်းစွာ အတူယှ ဉ်တွဲနေထိုင် ခဲ့သော လူမျိုး တစ်မျိုးနှင့် တစ်မျိုးအကြား၊ ဘာသာ တစ်မျိုးနှင့် တစ်မျိုး အကြား ချစ်ကြည်ရင်းနှီး မှု ပျက်ပြား စေ၍ အမုန်း တရားများ ကြီးထွား လာစေရန် အတွက်  မသမာ သူ များမှ အွန်လိုင်း ရှိ လူမှု ကွန်ရက် စာမျက်နှာ များနှင့် တရားမဝင် အွန် လိုင်း သတင်းဌာန များအား အသုံးပြု ကာ စဉ် ဆက်မပြတ် မဟုတ် မမှန် သတင်းများ ထုတ်လွှင့် ခြင်း၊ ဆူပူ အကြမ်း ဖက်မှု များဖြစ်ပေါ်စေရန် အတွက် သွေးထိုး လှုံ့ဆော်ခြင်း များအား ဆောင် ရွက်လျက်ရှိကြောင်း၊ 

သို့ရာတွင် ထိုသို့ အင်တာ နက် အွန်လိုင်း များမှတစ်ဆင့် ပြည်တွင်း ၌ ဆူပူ အကြမ်း ဖက်မှု များ ဖြစ်ပေါ်စေ ရန် အလို့ ငှာ မဟုတ် မမှန် သတင်း ထုတ်လွှင့်သော တရားမဝင် အွန်လိုင်း မီဒီယာ များနှင့် သွေးထိုး လှုံ့ဆော်သူ များအား တရား ဥပဒေ စိုးမိုးရေး တာဝန် ယူ ထားသူများ အနေဖြင့် တည်ဆဲ ဥပဒေများ အ ပြင် အီလက်ထရွန်နစ် ဥပဒေ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဥပဒေများဖြင့် အရေး ယူမှု မရှိသည်ကို ထူးဆန်း ဖွယ်ရာတွေ့မြင်နေရကြောင်း၊ 

အကယ်၍ တရားဥပဒေ စိုးမိုးရေး တာ ဝန် ယူထားသော သက်ဆိုင်ရာ တာဝန် ရှိသူများ အနေဖြင့် ထိုသို့ အင်တာနက် အွန်လိုင်း အသုံး ပြု၍ ပြည်တွင်း ၌ ဆူပူ အကြမ်းဖက်မှုဖြစ်ပေါ် စေရန် သွေးထိုး လှုံ့ဆော်သူ များနှင့် အလား တူ ဖြစ်စဉ် များဖြစ်ပွားစေရန် အတွက် ရည်ရွယ် ချက် ရှိရှိဆောင်ရွက်နေသော တရားမဝင် အွန်လိုင်း မီဒီယာ များအား စောင့်ကြည့် ဖမ်း ဆီးကာ ထိရောက် သောပြစ် ဒဏ်များ ချမှတ်၍ အရေး ယူမည် ဆိုပါက လူမျိုးရေး၊ ဘာသာရေးကို အခြေခံ ၍ဖြစ်ပွားသော ပဋိပက္ခနှင့် ဆူပူ အကြမ်းဖက် မှုများလျော့ပါး သွားစေနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာ ရှင် တစ်ဦး ဖြစ်သူ ကိုအောင်မျိုးလွင် က ဆိုသည်။
 


ထို့အပြင် မြန်မာနိုင်ငံ ၌ အမျိုးသား ဆိုက် ဘာ လုံခြုံရေး အဖွဲ့အား သက်ဆိုင်ရာ တာဝန် ရှိ သူများဖြင့် ဖွဲ့စည်း ထားရှိသော် လည်း  အင်တာနက် အွန်လိုင်း များအား အသုံးပြု ၍ ဖြစ်ပွားသော ဆိုက်ဘာ မှုခင်း များ အပါ အဝင် ဆိုက်ဘာ တိုက်ခိုက်မှု များနှင့် ယခုကဲ့ သို့သော ပြည်တွင်း မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ် ချက် ဖြင့်သွေးထိုး လှုံ့ဆော်သူများ၊ ပဋိပက္ခဖြစ်ပွား စေရန် အလို့ငှာ မဟုတ်မမှန် သတင်း များရေး သားဖြန့်ဝေလျက် ရှိသော တရား မဝင် အွန်လိုင်း မီဒီယာ များအား ဖော်ထုတ် အရေးယူနိုင်ခြင်း မတွေ့ ရှိရသေးကြောင်း ယင်းက ထပ်မံ ပြော ကြားသည်။
 

 ''အခုဖြစ်ပွား ခဲ့တဲ့ဖြစ်စဉ်တွေ ကိုကြည့် မယ် ဆိုရင် အရင်ဆုံး အွန်လိုင်း လူမှုရေးကွန် ရက်တွေ ကနေ သွေး ထိုး လှုံ့ဆော်မှုတွေ လုပ် ပြီးမှ အကွက် ကျကျ လုပ်ဆောင်နေတယ် ဆို တာကိုတွေ့ရတဲ့ အပြင် ဆူပူ အကြမ်းဖက်မှုဖြစ် ပွားတဲ့နေရာ မှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ ကလဲ အဲဒီ အနီးအနားက လူတွေ မဟုတ်ဘဲ ဘယ်က လာလို့လာမှန်း မသိတဲ့လူတွေပဲဖြစ် နေတာ။

 အဓိက က ဒီလိုပြသနာတွေ ဖန်တီးဖို့ အတွက် အကွက် ချပြီးစေခိုင်း တဲ့ နောက် ကွယ် က ကြိုးကိုင် သူတွေ ရှိနေ တာပဲ။ ဒီလို လူတွေ ကို မဖော်ထုတ် မဖမ်းဆီးနိုင်သေး သ ရွေ့တော့ ဒီလိုပြဿ  နာတွေက ဆက်ပြီးဖြစ် နေဦးမှာပဲ'' ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်း မှ ဦးကံညွန့်က ၎င်း၏ အမြင်ကိုပြော သည်။
 

''သစ်ထူးလွင် သတင်းဝက်ဘ်ဆိုဒ် က ပြည် တွင်းမှာ ရှိသမျှ သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုဒ် တွေ က သတင်းတွေ အပြင် ဖေ့စ်ဘွတ်စ်ပေါ် က သတင်းတွေ ပါ အကုန် တင်တော့ ဒီဝက်ဘ် ဆိုဒ် ကို လူကြည့် များ တယ်။ အခုပြဿ     နာ က ဒီ သတင်းဝက်ဘ်ဆိုဒ် ကနေ သတင်း ရင်းမြစ် မခိုင် လုံတဲ့ သတင်း တစ်ခု ကိုစာနယ်ဇင်း ကျင့်ဝတ် ကို မလိုက်နာ ဘဲ တင်တယ်။ 

ဒါကို ပဋိပက္ခ မဖြစ်ဖြစ် အောင် လှုံ့ဆော်နေတဲ့ သူတွေ က ဒီသတင်းကို လက်ဆင့် ကမ်းပြီး အမုန်း တရား တွေ တိုး လာပြီးပြဿနာ တက်အောင်လုပ် တယ်။ ဒီနေရာ မှာ လိုသွား တာက ရဲတပ်ဖွဲ့ ရဲ့ ရဲဇာနည် ဝက်ဘ်ဆိုဒ် က ဒီသတင်းနဲ့ ပတ် သက်လို့ သတင်းမှန် ကို အချိန်မီ ထုတ်မပေး နိုင်တာ ပါ သလို၊ ပြည်သူလူထု ကလည်း သွေး ထိုးလှုံဆော်မှုတွေကြောင့် အမုန်း တရားတွေ ကြီးမားပြီး စဉ်းစား ချင့်ချိန်မှု နည်းသွားတော့ မဖြစ်သင့် တာတွေဖြစ်လာတာပဲ။ 

လက်ရှိဖြစ် နေတဲ့ ပဋိပက္ခတွေ အကုန်လုံးက အွန်လိုင်း က သွေး ထိုးလှုံဆော်မှုတွေ ကနေ ပေါက် ဖွားလာ တာဆို ရင်လည်း မမှားဘူး။ ဒီလိုသွေးထိုး လှုံ့ ဆော်မှုတွေ ကို လုပ်နေတဲ့ ဒီလို အွန်လိုင်း လူ သတ် သမားတွေ ကို အရေး မယူနိုင်သေး သရွေ့၊ အင်တာနက် အသုံးပြုမှု ကို ထိန်းချုပ် စောင့် ကြည့်တာတို့၊ ကန့်သတ် မှုတွေ မလုပ်နိုင်သေး သရွေ့တော့ နောင်လည်း ဒီလိုပြဿနာတွေ ဆက်ဖြစ်နိုင်တယ်'' ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ တစ်ဦးဖြစ် သည့် ကိုတင်မောင်အေး က ဆိုသည်။
 

ထို့ အပြင် ယနေ့ ကဲ့သို့ အိုင်တီခေတ် ၌ မိုဘိုင်း ဖုန်းများ ပေါများ လာသည့် နည်းတူ အင်တာနက် သုံးစွဲသူ များမြင့်တက် လာခြင်းကြောင့် ဖေ့စ်ဘွတ် ကဲ့ သို့လူမှု ကွန်ရက်စာမျက်နှာ များ အား လူတိုင်း နီး ပါး အသုံးပြု လာကြကြောင်း၊ ထို အချက်အား ပဋိပက္ခများဖြစ်ပွားစေလိုသော မသမာ သူများက လုပ်ကြံ ဝါဒဖြန့်သော နည်း ပညာ တစ်ရပ်အနေဖြင့် အသုံးပြုခဲ့ခြင်း သာဖြစ် ကြောင်း၊ 

အခြားသော နိုင်ငံများ တွင် လည်း လက်ရှိမြန်မာနိုင်ငံ တွင် ဖြစ်ပွားနေ သကဲ့သို့ မသမာ သူများမှ တည်ငြိမ် မှု ပျက်ပြားစေရန် အတွက် သွေးထိုး လှုံ့ဆော်မှု များ ပြုလုပ်လျက် ရှိပြီး ဥပမာ အားဖြင့် ယခင်နှစ် အနည်း ငယ် အတွင်း က အာရပ်နိုင်ငံ များနှင့် အရှေ့အလယ် ပိုင်းဒေသရှိ နိုင်ငံများ တွင်ဖြစ်ပွားခဲ့သော အာ ရပ်နွေ ဦးတော်လှန်ရေး မှာ လူမှု ကွန်ရက်များ မှ တစ်ဆင့် သွေးထိုး လှုံ့ဆော်ရာ မှ ပေါက်ဖွား ဖြစ်ပေါ် လာခဲ့ခြင်းဖြစ် သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ 

အိမ်နီးချင်း တရုတ်နိုင်ငံ တွင်မူ လူမှု ကွန်ရက် စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်စ် မှ တစ်ဆင့် နိုင်ငံရေး လှုံ့ဆော် မှုများနှင့် လူမျိုး ရေး၊ ဘာသာရေး လှုံ့ဆော်မှု များ ဖြစ်ပွားခြင်း မရှိစေ ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ကာ အသုံး ပြုခွင့် အား ပိတ်ပင် တားဆီးထားသည် ကိုတွေ့ မြင် ရမည်ဖြစ် ကြောင်း၊

 မြန်မာနိုင်ငံ တွင်လည်း အလားတူပြသနာ များ ထပ်မံ မဖြစ်ပေါ်စေရေး အတွက် အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာ များ မှ တစ်ဆင့် ဆူပူ အကြမ်း ဖက်မှုဖြစ် စေရန် အတွက် သွေးထိုး လှုံ့ဆော် မှုများနှင့် မဟုတ်မမှန် သတင်း ထုတ်ပြန်သူ များအား စောင့်ကြည့် စစ် ဆေးဖော် ထုတ် အရေးယူခြင်းများနှင့် အွန်လိုင်း ဆင်ဆာ စနစ်အား ပြုလုပ်ရန် လို အပ်နေ ပြီ ဖြစ် ကြောင်း ၎င်းက ထပ်မံပြောသည်။
 

 အလားတူ အမုန်း တရားများပွားများစေ သော အန္တရာယ် ရှိသောပြောဆိုမှု များတားဆီး ရေးလှုပ်ရှားမှု အဖွဲ့ဖြစ် သည့် ပန်းစကား အဖွဲ့မှ အိုင်တီ ပညာရှင် ဘလောဂ့်ဂါ ကိုနေဘုန်းလတ် က ''အင်တာနက် ကကောင်းကျိုး၊ ဆိုးကျိုး က ဒွန်တွဲနေတာ၊ ဘယ်ဟာ ကကောင်းကျိုးလဲ၊ ဘယ်ဟာက ဆိုးကျိုးလဲ ဆိုတာကို အသိပညာ ပေးမှုအား နည်းတာကြောင့် လူငယ်တော်တော် များများ က အင်တာနက်ကို သုံးတဲ့ အခါ ဆိုး ကျိုးဘက် ကိုရောက်သွားတာပါ။

အစိုးရက နည်း ပညာ ကိုပဲ လူထုရဲ့ လက်ထဲ ကို ထည့်ပေးလိုက် ပြီးတော့ အသိပညာ ကို မထည့်ပေး လိုက် တဲ့ အတွက် လူငယ်တွေကြား မှာ တစ်လွဲ အသုံးပြုကုန် တာပါ။ အင်တာနက် က တစ် ကမ္ဘာလုံးမှာ လည်း အသုံးပြုနေ တာပဲ၊ ဘယ်သူ့ ကိုမသုံးနဲ့ ဘယ်သူ ကသုံး ဆိုပြီး။ မပြော ထားတော့ ဒုစရိုက် သမားတွေ နဲ့ မကောင်းတဲ့ သတင်းတွေ၊ ဝါဒဖြန့် ချင် သူတွေ အတွက် လက်နက် တစ်ခုဖြစ်လာ တာပါ  ။ 

ဒါတွေ က ခုနက ပဋိပက္ခဖြစ်နို င်တဲ့ ကိစ္စတွေ သာ မဟုတ်ဘဲ မြန်မာ့ ယဉ်ကျေးမှု နဲ့ ဆန့်ကျင်တဲ့ ဓာတ်ပုံတွေ ကို ဖော်ပြနေတာ က လည်း နောက်ပိုင်း မှာ ပိုပြီး အန္တရာယ် ရှိလာမှာ ပါ''ဟုဆိုသည်။
တရားမဝင် အွန်လိုင်း မီဒီယာ များအား အရေး ယူရန် လိုအပ်နေပြီလား 


ဒီမိုကရေစီ အစိုးရ လက်ထက်၌ သတင်း အချက် အလက် နည်းပညာများ ဖွံ့ဖြိုးတိုး တက် လာသည်နှင့် အမျှ လူတိုင်း နီးပါးမို ဘိုင်း ဖုန်း ဖြင့် အင်တာနက် မှတစ်ဆင့် အွန်လိုင်း သတင်း များအား အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုလေ့လာ နိုင်ခြင်း မှာ ကောင်းမွန်သော အချက် တစ်ခု ပင်ဖြစ်သော် လည်း တချို့သော တရားမဝင် အွန်လိုင်း မီဒီယာ များမှာ မီဒီယာနှင့် စာနယ်ဇင်း ကျင့်ဝတ်များ အားလိုက် နာခြင်း မရှိရုံမျှ မက ကောလာဟလ များနှင့် မဟုတ် မမှန် သတင်း များ ဖန်တီး ထုတ်လွှင့် လျက်ရှိနေခြင်းကြောင့် လည်း မလိုလား အပ်သော လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခပြဿ   နာများ မှာ ပိုမိုကြီး ထွားလာ ရ ခြင်းဖြစ်ကြောင်း  ပြည်သူများ ကဝေဖန်ပြော ဆိုကြသည်။
 


ထို့အပြင် အခြား တစ်ဖက်၌ ထိုသို့သော တရားမဝင် အွန်လိုင်း မီဒီယာ များကြောင့် စစ် မှန်သော မီဒီယာ သမား များနှင့် စာနယ်ဇင်း သမားများ ၏ အကျိုး စီးပွား အား ထိခိုက်စေလျက် ရှိသည့် အပြင်စစ်မှန် သော စာနယ်ဇင်း လောက သားများ အပေါ် ပြည်သူလူ ထုမှ အထင် အမြင် လွဲမှားမှု များဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ    ကြောင်း ပြည်တွင်း ရှိ ပုဂ္ဂလိက စာနယ်ဇင်း မီဒီယာ သမားများက ဆိုကြ သည်။
 

 ''စာနယ်ဇင်း ကျင့်ဝတ် ထဲမှာ ပဋိပက္ခဖြစ် စေမယ့် အရေး အသားမျိုး၊ သွေးထိုး လှုံ့ဆော် မှုမျိုးတွေရေး သားခြင်း၊ ထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်း မပြုရဘူး ဆိုတာ ပါပေမယ့် တရား မဝင်အွန် လိုင်း မီဒီယာတွေ က မီဒီယာ ကျင့် ဝတ် ဆိုတာ ကိုလိုက်နာ မှု မရှိဘဲ တရားဝင် သတင်း ဌာနတွေ က သတင်းတွေ ကို ခွင့်ပြု ချက် မရှိဘဲ ခိုးယူဖော်ပြ တာတွေ၊ တရားဝင် သတင်းဌာတွေ နဲ့ ပုဂ္ဂလိက သတင်းစာ နဲ့ ဂျာနယ် တွေ က သတင်းတွေ ကို ခိုးယူပြီး လို သလိုဖြည့် စွက်တာတွေ လုပ်နေကြတယ်၊ 

သူတို့က အမှန် တကယ်လည်း သတင်းသွားရောက် ယူတာ မျိုး မရှိဘဲ သူများ လုပ်ထား တာကို ခိုးယူပြီး သူတို့ ကြော်ငြာခ ရရေးအတွက်ပဲ လုပ်နေတဲ့ အပြင် တာဝန်ယူမှု တာဝန်ခံမှု ဆိုတာလည်း မရှိဘူး။ အခုဖြစ်သွားတဲ့ ကိစ္စမှာ ဆိုရင် တာဝန်ယူမှု ရှိ သင့်တယ်။ 

ဒီလို တရားမဝင် အွန်လိုင်း သတင်း မီဒီယာတွေကြောင့် အမှန် တကယ်နိုင်ငံတော် ရဲ့ ခွင့်ပြုချက် နဲ့ လုပ် ကိုင်နေတဲ့ သတင်း မီဒီယာ တွေအနေနဲ့ ဆုံးရှုံး နစ်နာမှုတွေ အများကြီး ဖြစ်ပေါ် သလို လက်ရှိ ပြည် တွင်း ပုဂ္ဂလိက သတင်းစာတွေ နဲ့ ဂျာနယ်တွေ အရှုံးပေါ် ရ တာလည်း ဒီလို စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီတဲ့ တရား မဝင် အွန်လိုင်း သတင်း မီဒီယာတွေ ကြောင့်ပဲ''ဟု ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ အချို့မှ စာနယ်ဇင်း သမားများက သုံးသပ်ပြော ကြားသည်။
 

ထို့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီ သစ်ထူးလွင် ဘလော့ဂ်က ကျင့် ဝတ် မရှိဘူး ။ကော်ပီရိုက် ကို ချိုးဖောက်ပြီး တကယ့် မီဒီယာ သမား တွေ ပင်ပင် ပန်းပန်း နဲ့ ကြိုးစား ထားတဲ့ သတင်းတွေ ကို အညွန့်ခူးစား တာပဲ။ ဒီ ဘလော့ဂ် ကို ဝင်ကြည့်တဲ့ သူတွေ ကလဲ များ လာတော့ နာမည်ကြီး ဝက်ဘ်ဆိုဒ်ဖြစ်လာပြီး ဒီ အပေါ်မှာ အကြမ်း ဖက် လုပ်ရပ်ကို အားပေးတဲ့ ရင်းမြစ် တစ်ခုဖြစ်သွားတာ။

 နောက်ပြီး အကြမ်းဖက် လုပ်ရပ် ကို လုပ်လို သူတွေက သူ့ကို အသုံးချ သွားတဲ့ သဘောပဲ။ ဒီ ကိစ္စမှာ သူ ကိုယ်တိုင် ပါပါ၊ မပါပါ အန္တရာ ယ်ရှိတာကတော့ အမှန်ပဲ။ ဒါကြောင့် တရားဝင် ရပ်တည်နေ တဲ့ မီဒီယာ တွေ အနေ နဲ့ သူတို့ ရဲ့ သတင်းတွေ ကို သုံးစွဲခွင့် မပြုတဲ့ အကြောင်း တရားဝင် လှမ်းပြီး ကန့်ကွက် သင့်တယ်။

 နောက် စာ နယ်ဇင်း ကောင်စီ ကို လည်း တိုင်ကြား ဖို့လို သလို သက်ဆိုင်ရာ ရှေ့ နေတွေနဲ့ လည်း တိုင် ပင်ပြီး ဥပဒေကြောင်း အရ ရေးယူ မှုတွေလုပ် သင့်တယ်ဟု ပြောသည်။
 

 လက်ရှိ အခြေအနေများ အရ မြန်မာနိုင်ငံ တွင် အင်တာနက် သုံးစွဲသူ ဦးရေမှာ ခြောက် သန်း နီးပါးခန့်အ ထိမြင့်တက် လာ ပြီး ဖေ့စ်ဘွတ် ခေါ် လူမှုရေး ကွန်ရက် စာမျက်နှာအား အသုံး ပြု သူမှာ ၄ ဒသမ ၃ သန်းနှင့် ဗိုက်ဘာခေါ် အင်တာနက် အခမဲ့ ဖုန်း သုံးစွဲသူ မှာ ၃ ဒသမ ၈ သန်း ခန့် ရှိ သကဲ့သို့ အင်တာနက် မှ တစ်ဆင့် အွန်လိုင်း သတင်း များအား ဝင်ရောက် ကြည့်ရှု မှုနှုန်း မှာ ငါးသန်းကျော် ခန့်ရှိကြောင်း၊ 

ထိုသို့ သော အွန်လိုင်း သတင်းများ အား တင်ဆက် သူများတွင် ပြည်တွင်းပြည်ပ မှ တရားဝင် ခွင့် ပြုချက် ရ ယူ ထားသော သတင်းမီဒီ ယာ များ ပါဝင် သကဲ့သို့ တရားဝင် ခွင့်ပြုချက် များ ရယူ ထားခြင်း မရှိသော သတင်း မီဒီယာများ လည်း ပါဝင်လျက် ရှိကြောင်း သိရသည်။ 

ထို့အပြင် အွန်လိုင်း မှ တစ်ဆင့် သတင်းများ ဝင်ရောက် ဖတ်ရှု လေ့လာသူ များ အနေဖြင့် တရားမဝင် အွန်လိုင်း သတင်းဌာန များနှင့် စာနယ်ဇင်း မီဒီယာ သမားများ မဟုတ်သော အကြမ်းဖက်မှုဖြစ် ပွားစေရန် သွေးထိုး လှုံ့ဆော်သူများ ၏ ဖေ့စ် ဘွတ်စ်ပေါ်မှ သတင်း ဖော်ပြချက် များအား ယုံကြည် မှုမရှိ ရန် လိုအပ်ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်ခု မှ တာဝန်ခံ အယ်ဒီတာ တစ်ဦးက ဆိုသည်။
 

''အွန်လိုင်း က သတင်းတွေ ကိုယ် အမြဲတမ်း ဝင်ဖတ်ကြည့်ပေမယ့် တချို့ သတင်းတွေ က အမှန် မဟုတ် ဘူး ဆိုတာ၊ လူတိုင်း ကသိ သင့် တယ်လို့တော့ ထင်တယ်။ အဓိက ကအွန်လိုင်း က တစ်ဆင့်သွေးထိုး လှုံ့ဆော်မှုတွေ ဟာမှန်၊ မမှန် ဆိုတာကို စဉ်းစား ချင့်ချိန် ဖို့တော့ လိုတာ အမှန်ပဲ။ 

မဟုတ် မမှန် သတင်းတွေ လွှင့်ပြီး ဝါဒဖြန့် တာတွေ၊ ပဋိပက္ခဖြစ်အောင်သွေးထိုး လှုံ့ဆော် တာတွေက အရင်နှစ်တွေ ကတည်းက ဖြစ်နေခဲ့ တာကို ပြည်သူတွေ အနေနဲ့ သတိ ရှိပြီး လေ့လာဖို့ ကလည်း အရေးကြီး တယ်လို့ထင်တယ်။ သူများသွေးထိုးတိုင်း လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာ တစ်ခုနဲ့ တစ်ခု အကြား မှာ ပဋိပက္ခတွေ ထပ်မဖြစ်စေချင်တော့ဘူး။

 သွေးထိုး လှုံ့ဆော်တဲ့ သူတွေ ကလည်း မိမိရဲ့ အတ္တနဲ့ အစွန်းရောက် မှုတွေ မိမိ ရဲ့သွေးထိုး လှုံ့ဆော် မှုကြောင့် အပြစ် မဲ့တဲ့ သူတွေ ထိခိုက်သေ ဆုံးရတာတွေ ကို ကိုယ်ချင်း စာစိတ် ထားပြီး ပြုပြင် ဖို့လိုတယ် လို့တော့ ယူဆပါတယ်''ဟု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ကေကေ မိုးမြင့် က သူ့ အမြင်အားပြောသည်။
''အင်တာနက် အသုံးပြုတဲ့နှုန်း တိုးတက် လာတာကောင်းပေမယ့် ကောင်း တဲ့နေရာမှာ ပဲ အကျိုး ရှိရှိ အသုံး ချသင့်တယ်။ အခု က မကောင်း တဲ့နေ ရာတွေ မှာ အသုံးပြုတဲ့ အပိုင်းကများနေ တယ်။ 


ဒီတော့ လမ်းမှားတွေ ရောက်ပြီး ရာဇဝတ် မှု ကျူးလွန်ဖောက် ဖျက် တဲ့ အဆင့် အထိ ကို ရောက်လာကြ တာပဲ''ဟု ယင်းက ဆက်လက် သုံး သပ်ပြောကြားသည်။ ယင်း အပြင် လူ့ အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ရက် အဖွဲ့ဝင် ဦးထွန်းဦး ကမြန်မာနိုင်ငံ ၌ အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ် သုံး စွဲ မှုမြင့် မား လာသော် လည်း အကျိုးရှိစွာ အသုံး ပြုမှု မှာ နည်းပါးလျက် ရှိပြီး အပျော်အပါး အ တွက် သုံး သူက များလျက်ရှိကြောင်း၊ 

အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ် တို့မှ နည်းပညာပိုင်း တိုးတတ်လာခြင်း သည် အကျိုးရှိ ဖို့ရည်ရွယ်သော် လည်း ထိုအပေါ်တွင် မကောင်းမှု များအား အသုံး ပြုလာသည့် အခါတွင် မလိုလား အပ်တဲ့ ပြဿ နာ တွေဖြစ်ပေါ် လာသည် ကို တွေ့ရကြောင်း ဆို သည်။
 

အိုင်တီခေါ် ဆက်သွယ်ရေး နည်းပညာ များတိုးတက် လာမှုကြောင့် ကမ္ဘာ သည် ရွာကြီး တစ်ရွာ သဖွယ်ဖြစ်ပေါ် လာသည့် နည်း တူ ပြောင်းလဲ တိုးတက်လာသော နည်းပညာ များအား အသုံးပြု၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်လာ သော နိုင်ငံများ လည်းများ စွာပေါ်ထွက်လာခဲ့ သည်။ 

ထို့အတူ မြန်မာနိုင်ငံ တွင်လည်း ဒီမိုက ရေစီ အရပ်သား အစိုးရလက်ထက် ၌ သတင်း အချက် အလက်နှင့် ဆက်သွယ် ရေးနည်း ပညာများ တိုးတက်လာခဲ့သည့် အပြင် အစိုးရ ၏ တန်ဖိုးနည်း ဖုန်းများရောင်း ချပေးမှု အစီ အစဉ် အရ လူတန်းစား မရွေး မိုဘိုင်းဖုန်း များအား ကိုင်ဆောင် လာနိုင်ကြသည်သာ မက မို ဘိုင်း ဖုန်းဖြင့် အင်တာ နက် အသုံးပြု မှုနှုန်းမှာ လည်း ဒီမိုကရေစီ အစိုးရ သုံးနှစ်တာသက် တမ်း ကာလအတွင်း တစ်ဟုန်ထိုးမြင့်မား တိုး တက်လာခဲ့သည်။
 

ထိုသို့ မိုဘိုင်းဖုန်း များအသုံး ပြုမှု တွင်ကျယ် လာမှုနှင့် အင်တာနက် အသုံး ပြုသူများ တိုးတက် များပြား လာခြင်း မှာ နိုင်ငံရှိ ပြည်သူများ ၏ လူနေမှု ဘဝများ ဖွံ့ဖြိုးတိုးတက် လာသည် ဟု ယူဆ ဖွယ်ရာ ရှိသော် လည်း အခြား တစ်ဖက်တွင် ကား အဆိုပါ တိုးတက် လာသော ဆက်သွယ်ရေး နည်းပညာ များအား အလွဲ အသုံးပြုသူများ က ပဋိပက္ခများဖြစ်စေ ရန် ဖန်တီးလှုံ့ဆော် မှုများ၊ 

 လူပုဂ္ဂိုလ် တစ်ဦး ဦး ၏ ဂုဏ်သိက္ခာ အား ထိခိုက် ညိုးနွမ်းစေရန် ရည်ရွယ်သောပြု မူဆောင်ရွက်ချက်များ၊ လူငယ် လူရွယ်များ အတုယူ မှားစေမည့် ညစ် ညမ်း ဓာတ်ပုံ၊ ဗီဒီယို များအား ဖန်တီးပြုလုပ် ခြင်းများနှင့် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု များ အပြင် ပြည့်တန်ဆာဈေး ကွက် ရှာဖွေ ချဲ့ထွင် ခြင်းများ အထိ ရာဇဝတ် မှုနှင့် မကင်းသော အပြု အမှုများ ကို ဆောင်ရွက် ကျူးလွန် လျက် ရှိနေသည့် အပြင် ...

လက်တွေ့ တွင်ဖြစ် ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူ အကြမ်းဖက် မှုဖြစ်စဉ် များက အွန်လိုင်း များမှ တစ်ဆင့် စတင်ဖြစ်တည် သန္ဓေ တည် လာသည် ကို တွေ့မြင် လာ ရသော ကြောင့်  ပဋိပက္ခ အသွင်ဖြစ်အောင် အားပေးဖော် ဆောင်နေ သည့် တရား မဝင် အွန်လိုင်း မီဒီယာ များ၊ အင်တာနက် အလွဲ သုံးပြု၍ ပဋိပက္ခဖြစ် ပွား စေရန် ပြု လုပ်ဆောင်ရွက်နေ သူများ ကို ဥပဒေများ၊ ကျင့်ဝတ် များနှင့် အညီ ထိရောက် စွာ အရေးယူ သင့်ပြီဖြစ် ပါကြောင်း ရေးသား လိုက်ရပါသည်။
 


သူရထွန်း
[--Democracy today Daily Newspaper--]


From... http://www.myanmaronlinenews.net/2014/07/blog-post_340.html




No comments:

Post a Comment