*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 23 July 2014

တန်ဇန်နီးယား တွင် လူ့ခန္ဓာ အစိတ်အပိုင်း များ စွန့်ပစ် ထားသည့် အမှိုက်ပုံ တစ်ခု တွေ့ရှိ

tanzania

တန်ဇန်နီးယား နိုင်ငံ ၏ အကြီးဆုံး မြို့ကြီးဖြစ်သည့် ဒါအဲ့စ်ဆာလမ် တွင် လူသား များ၏ ခန္ဓာကိုယ် အစိတ် အပိုင်း များကို ထုပ်ပိုး စွန့်ပစ် ထားသည့် အမှိုက်ပုံ တစ်ခုကို ရဲများ က ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် နိုင်ငံ ၏ ဆေး ပညာအသင်းမှ လူရှစ်ဦး ကို ထိန်းသိမ်း လိုက်ကြောင်း သိရသည်။

လူ တို့၏ ခြေလက် အရိုးများ၊ နံရိုးများ၊ လက်ချောင်းများ၊ ဦးခေါင်းခွံ များ ပါဝင်သည့် အိတ်ပေါင်း ၈၅ အိတ်ကို တန်ဇန်နီးယား နိုင်ငံ ၏ အချမ်းသာ ဆုံး မြို့ဖြစ်သည့် ဒါအဲ့စ်ဆာလမ် ၏ ဆင်ခြေဖုံး ရှိ ဘွန်ဂျူ  အရပ်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ များက ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


 
အချို့သော အိတ် များ အတွင်းတွင် ခွဲစိတ် ကိရိယာ များနှင့် အသုံးပြုပြီး လက်အိတ် အဟောင်း များလည်း ပါဝင်ကြောင်း သိရသည်။ ခန္ဓာကိုယ် အစိတ် အပိုင်းနှင့် ခွဲစိတ်ခန်း သုံး ပစ္စည်း များ ပါဝင်သည့် အဆိုပါ အိတ် အနက်များ မှာ တစ်အိတ်လျှင် ၅၅ပေါင်ခန့် လေးသည်။

ဒါအဲ့စ်ဆာလမ် တွင် ရောက်ရှိနေ သည့် ဘီဘီစီ မှ အဘူဘေကာ က ယင်း ကဲ့သို့ လူ့ ခန္ဓာကိုယ် အစိတ် အပိုင်း များ ကို စုပြုံ စွန့်ပစ် ထားသည့် အမှိုက်ပုံ ကို ရှာဖွေတွေ့ရှိ ခဲ့ခြင်း သည် များသော အားဖြင့် တည်ငြိမ် သည့် မြို့ ကို ထိတ်လန့် တကြား ဖြစ်သွားစေ ခဲ့ကြောင်း ဆိုသည်။ 

ဒါအဲ့စ်ဆာလမ် ရဲ အဖွဲ့ ခေါင်းဆောင် ဆူလေမန် ကိုဗာ ကမူ ဖမ်းဆီး ထားသည့် လူရှစ်ဦး မှာ ယင်းမြို့ ရှိ ဆေးဝါး လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ဆက်စပ် မှု ရှိသူများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit : Mizzima
From...Search Myanmar
 

No comments:

Post a Comment