*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

သေခြင်း တရား

 သေခြင်းတရား

သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။
သတိသံဝေဂ အားနည်းရင် လူသားတိုင်းမလုပ်မဖြစ်လုပ်ရမယ့် "အပ္ပမာဒ" လုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။ 

"အပ္ပမာဒ" လုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့လုပ်ငန်းလို့ အဓိပ္ပာယ်ရတယ်။
တစ်ခါတစ်ရံ သတိရမှလုပ်ရမယ့်လုပ်ငန်း မဟုတ်ပါဘူး။
အမြဲသတိတရ လုပ်နေရမယ့်လုပ်ငန်းပါ။

အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။
ဒါနအပ္ပမာဒ
သီလအပ္ပမာဒ
သမထအပ္ပမာဒ နဲ့ 
ဝိပဿနာအပ္ပမာဒ တို့ဖြစ်ပါတယ်။

ဒါနအပ္ပမာဒဆိုတာ 
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမှု၊ စွန့်ကြဲမှုနဲ့ လှူဒါန်းမှုလုပ်ငန်း ဖြစ်ပါတယ်။

သီလအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှုနဲ့ ကိုယ်ကျင့်တရားကောင်းမွန်စေမှုလုပ်ငန်းဖြစ်ပါတယ်။

သမထအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်းပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှုနဲ့ စိတ်စူးစိုက်မှုလုပ်ငန်းဖြစ်ပါတယ်။

ဝိပဿနာအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ခန္ဓာဖြစ်စဉ် ဉာဏ်သက်ဝင်မှုနဲ့ သဘာဝအမှန်တရားကို ပိုင်းခြားသိမြင်မှုလုပ်ငန်း ဖြစ်ပါတယ်။

မှတ်သားရလွယ်ကူအောင် တနည်းပြောရရင်တော့...

ဒါနအပ္ပမာဒ....စွန့်လွတ်မှုလုပ်ငန်း
သီလအပ္ပမာဒ....စောင့်ထိန်းမှုလုပ်ငန်း
သမထအပ္ပမာဒ....စူးစိုက်မှုလုပ်ငန်း
ဝိပဿနာအပ္ပမာဒ....စစ်ဆေးမှုလုပ်ငန်း

အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ "စလေးလုံး" လုပ်ငန်းပါပဲ။
                                         
             အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
ၶ

ႈ

သေခြင်းတရား ကို ကိုယ်နဲ့ အဝေးကြီး လို့ သဘောထား ရင် သတိ သံဝေဂ အားနည်း သွားတတ်ပါတယ်။
သတိ သံဝေဂ အားနည်း ရင် လူသားတိုင်း မလုပ် မဖြစ်လုပ် ရမယ့် "အပ္ပမာဒ" လုပ်ငန်းတွေ မှာ ခြေလှမ်း ကျဲနေတတ်ပါတယ်။


"အပ္ပမာဒ" လုပ်ငန်း ဆိုတာ အမြဲ မမေ့သင့်တဲ့ လုပ်ငန်း လို့ အဓိပ္ပာယ် ရတယ်။
တစ်ခါ တစ်ရံ သတိရ မှ လုပ်ရမယ့် လုပ်ငန်း မဟုတ်ပါဘူး။
အမြဲ သတိတရ လုပ်နေရမယ့် လုပ်ငန်းပါ။


အပ္ပမာဒ လုပ်ငန်း က လေးမျိုးရှိပါတယ်။

 
ဒါန အပ္ပမာဒ
သီလ အပ္ပမာဒ
သမထ အပ္ပမာဒ နဲ့
ဝိပဿ     နာ  အပ္ပမာဒ တို့ဖြစ်ပါတယ်။


ဒါန အပ္ပမာဒ ဆိုတာ
အမြဲ သတိတရ မမေ့တမ်း ပြုလုပ် ရမယ့် ပေးကမ်းမှု ၊ စွန့်ကြဲမှု နဲ့ လှူ  ဒါန်းမှု လုပ်ငန်း ဖြစ်ပါတယ်။


သီလ အပ္ပမာဒ ဆိုတာ
အမြဲ သတိတရ မမေ့တမ်း ပြုလုပ် မယ့် ကိုယ်နှုတ်စောင့်ထိန်းမှု နဲ့ ကိုယ်ကျင့် တရားကောင်းမွန်စေ မှု လုပ်ငန်းဖြစ်ပါတယ်။


သမထ အပ္ပမာဒ ဆိုတာ
အမြဲ သတိတရ မမေ့တမ်းပြုလုပ် ရမယ့် စိတ် တည်ငြိမ်မှု နဲ့ စိတ် စူးစိုက်မှု လုပ်ငန်းဖြစ်ပါတယ်။


ဝိပဿ      နာ အပ္ပမာဒ ဆိုတာ
အမြဲ သတိတရ မမေ့တမ်း ပြုလုပ် ရမယ့် ခန္ဓာဖြစ်စဉ် ဉာဏ် သက်ဝင် မှုနဲ့ သဘာဝ အမှန်တရား ကို ပိုင်းခြား သိမြင်မှု လုပ်ငန်း ဖြစ်ပါတယ်။


မှတ်သားရ လွယ်ကူအောင် တနည်းပြောရရင်တော့...

ဒါန အပ္ပမာဒ....စွန့်လွတ်မှု လုပ်ငန်း
သီလ အပ္ပမာဒ....စောင့်ထိန်းမှု လုပ်ငန်း
သမထ အပ္ပမာဒ....စူးစိုက်မှု လုပ်ငန်း
ဝိပဿ      နာ အပ္ပမာဒ....စစ်ဆေးမှု လုပ်ငန်း


အပ္ပမာဒ လုပ်ငန်း ဆိုတာ ဒီ "စလေးလုံး" လုပ်ငန်း ပါပဲ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)



No comments:

Post a Comment