*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 20 July 2014

မလေးရှားရောက်မြန်မာ များ မဖြစ်မနေ သိရမည့်မြန်မာ သံရုံး နှင့် ပတ်သက်သမျှ



မလေးရှား
သတင်း (၂၀.၇.၂၀၁၄)

မလေးရှားရောက်မြန်မာများ အားလုံးမဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများ သည် မြန်မာသံရုံး

တွင် ဖြစ်ကြောင်း အားလုံး သိပြီုးုဖြစ်သည် ။ ပတ်စပို့ သက်တမ်းတိုးခြင်း ၊ အသစ်လျှောက်ခြင်း ၊ မြန်မာပြည်ပြန် ရန် CI လျှောက်ခြင်း ၊ ကျောင်းသားနေထိုင်ခွင့် ၊ ထောက်ခံစာ ၊ နိုထရီ ဘာသာပြန် ၊ ကြော်ငြာချက် တို့အတွက် မြန်မာသံရုံး (ကွာလာလမ်ပူ) ၏ အင်တာနက် စာမျက်နှာ အား မလေးရှားရောက် မြန်မာတော်တော် များများ မသိကြပါ ။

ဥပမာ 6P စာအုပ်သက်တမ်း တိုးခြင်း ၊ ပျောက်ဆုံး စာအုပ်ပြန်လည်လျှောက်ထား ခြင်းများ အတွက် သိလိုပါ FACEBOOK စာမျက်နှာ များ တွင် အသည်း သန်ရှာဖွေကြသည် ကိုတွေ့ရသည် ။ ထို့အတူ ယနေ့တိုင် CI လျှောက်ရန် ဘာတွေ လိုသနည်း ၊ ပတ်စပို့လျှောက်ရန် ဘာတွေ လိုပါသလဲ ဆိုသော မေးခွန်းသည် ကျွန်တော်တို့ စာမျက်နှာတွင် ရာပေါင်းများ စွာမေးခဲ့ကြသည် ကိုတွေ့ရမည်ဖြစ်သည် ။
 



အမှန်မှာ.......http://myanmarembassy-kl.org/
မလေးရှားမြန်မာ သံရုံး အင်တာနက် စာမျက်နှာ တွင် အထက်ပါ ကိစ္စများ ချက်ချင်း သိနိုင်ပါသည် ။ မဖြစ်မနေ လည်း သိထား သင့်ပါသည် ။ ထိုမျှ မက ထို စာမျက်နှာတွင်
 

၁. 6P အစီ အစဉ်ဖြင့် ထုတ်ပေးခဲ့ သည့်မြန်မာနိုင်ငံကူး လက်မှတ် များအား သက်တမ်း တိုးရန် အတွက် ထပ်မံ စိစစ်မှု များ လိုအပ်သူ အမည်စာရင်း (မရသူများ)
 

၂. 6P စာအုပ် သက်တမ်း တိုးခွင့် ရသူများ စာရင်း (ရသူများ)
 

၃. မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များသို့ အသိပေးနှိုးဆော်ချက်
 

၎. မလေးရှားနိုင်ငံ တွင်မွေးဖွားသော ကလေးများ အားနိုင်ငံကူး လက်မှတ် ထုတ်ယူခွင့် ရရှိသည့်စာရင်း
 

၅. 6P နိုင်ငံကူး လက်မှတ် သက်တမ်း တိုးခွင့် တင်ထားသူများ အနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ် မှန်ကန်မှု မရှိသူ အမည်စာရင်း
 

၆. အစိုးရကြော်ငြာချက် များ
 

၇. သက်ဆိုင်ရာ ဗီဇာလျှောက်ထား ရန် ပုံစံများ
 

၈. စာအုပ်လျှောက်ထား ရန် ပုံစံများ
 

၉. CI အတွက် သိသင့်သည်များ
 

၁၀. ဘာသာပြန် နိုထရီ
 

၁၁. သေမှုသေခင်း စာရွက် စာတမ်းများ
 

၁၂. သံရုံး ပိတ်ရက် များ ..........စသည်ဖြင့်
အားလုံး အားလုံး သင် ရှာဖွေဖတ်ရှု ၊ ဒေါင်းလုပ်လုပ် ကာ ချက်ချင်း သိရန်ဆောင်ရွက်နိုင်သည် ။ ဖုန်းဆက်ရန် မလို ။ သွားမေးရန် မလို ။
 

ယခု FACEBOOK တွင် စာအုပ်လျှောက်ထားမှု ၊ OSC ပါမစ် အစီအစဉ် ၊ CI လျှောက်ထားခြင်း စသည်ဖြင့် ကျွန်တော်တို့ တင်ဆက်ပေး သမျှသည် မြန်မာနိုင်ငံသား အားလုံးအတွက် အဆင်ပြေ သိရှိစေရန် ဖြစ်
သည် ။
 

ထို့အတူ မြန်မာသံရုံး ၏ အင်တာနက် စာမျက်နှာ သည်လည်း မလေးရှား တွင်နေထိုင်သူ မြန်မာအားလုံး ပတ်စပို့ ၊ CI တို့အတွက် ချက်ချင်း သိရှိနိုင်လိမ့် မည့် အင်တာနက် စာမျက်နှာဖြစ်သည် ။
 

သို့ကြောင့် ယခု ပို့စ်အား မလေးရှားရောက်မြန်မာ အားလုံး ထံ ကျေးဇူးပြု၍ ဆက်လက် မျှဝေပေးပါရန် တိုက်တွန်း သည် ။

 မြန်မာအားလုံး သိသင့်ပါသည် ။


မလေးရှားရောက်မြန်မာများ www.facebook.com/mmrinmy

From...Facebook

 

No comments:

Post a Comment