*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

ဗိုလ်ချုပ် အောင်ဆန်း ၏ သံဃာတော် များ သို့ ပန်ကြားလွှာ



``ဝိသေသ အားဖြင့် ကျွန်တော် တို့ ပြည်သူ အများစုကြီး က ကိုးကွယ် တဲ့ ဗုဒ္ဓဘာသာ အကြောင်း ပြော ရရင် တခြား ဘာသာတွေ ကို မလို မုန်းထား စိတ် နဲ့ ပုတ်ခတ်ခြင်းကင်းစွာ နဲ့ ပြောလိုတာ ကတော့ ဗုဒ္ဓဘာသာ ဟာ ပင်ကိုယ် အားဖြင့် ကိုးကွယ်မှု ဘာသာ အဖြစ်သာ မဟုတ်ဘဲ ရှေးယခင် ကပင် ဒီကြီးမြတ် တဲ့ ဘာသာ အပေါ်မှာ ဖန်တီး ထည့်သွင်း ထားတဲ့ မှားယွင်း တဲ့ ဖြည့်စွက် မှု နဲ့ အပိုဆထား တာတွေကို ကျွန်တော် တို့ တူညီ ဖယ်ရှား လိုက်နိုင်ရင် ကမ္ဘာပေါ် မှာ အကြီး အကျယ်ဆုံး အတွေး အခေါ် ပညာရပ် ဖြစ် လာနိုင် တဲ့ အမှတ် လက္ခဏာ များ ရှိနေပါတယ်။ 
 
ဒါကြောင့် တပည့်တော် အနေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များကို အထူး အသနားခံ ပန်ကြားလျှောက် ထား လိုပါတယ်။

သံဃာတော် အရှင်သူမြတ်တို့ ဘုရား၊ သံဃာတော် များ ဟာ ကမ္ဘာပေါ် ရှိ ကြီးမြတ်တဲ့ ဘာသာ တစ်ခုကို အမွေ ဆက်ခံ သူများ ဖြစ်ပါတယ်။ ဒီ သာသနာတော် ကို သန့်ရှင်အောင် သန့်စင်ပြီး မေတ္တာတရား နဲ့ ညီနောင် သားချင်းတော်စပ်မှု ဆိုတဲ့ အချိန် မရွေး တည်တံ့မှန်ကန်နေ တဲ့ ဓမ္မ သတင်းကို လူသား တစ်ရပ် လုံး ထာဝရကြား သိအောင် ဟောပြောဖြန့်ချိပေးတော်မူပါ ဘုရား။


သံဃာတော် အရှင်သူမြတ်တို့  ဘုရား၊ တပည့်တော် တို့သည် မေတ္တာ တရား နဲ့ လူသားချင်း ညီနောင်သား ချင်း တော်စပ်မှု တရားတို့ နဲ့ ပတ်သက် ၍ သံဃာတော် တို့ အလေး ထားဟောကြားသော ဓမ္မဒေသ နာတော် တို့ ကို တပည့်တော်တို့ ပြည်သူတွေ ကြားမှာသာမက ဒီ ကျယ်ပြန့်တဲ့ ကမ္ဘာ တစ်ခုလုံး ရှိ ပြည်သူ များကြားမှာပါ နားကြားသွားရန် အသင့်ရှိပါတယ်ဘုရား။ 
 
ဆက်လက်ပြီးတော့လည်း ဒီကိစ္စမှာ တပည့်တော် တို့ဟာ သံဃာတော်များ အား အစွမ်းကုန် ထောက်ခံ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီ တရား ဟာ ကမ္ဘာကြီး ကရော တပည့်တော် တို့နိုင်ငံ ကပါ ဒီ ကာလမှာ အလွန်တမင်း လို အပ်နေတဲ့ တရားဖြစ်ပါတယ် ဘုရား။

သံဃာတော် အရှင်သူမြတ်တို့ ဘုရား၊ သံဃာတော်များ ဟာ ကမ္ဘာ့ သမိုင်းမှာ ကြီးမား ကျယ်ပြန့်တဲ့ အခန်း ကဏ္ဍ က ပါဝင်ဆောင်ရွက်နေသူ များ ဖြစ်ပါတယ်။ အဲဒီတော့ လာမယ့် ခေတ် အဆက်ဆက် မှာ သံဃာတော် များအား ကြည်ညိုလေးစား စွာ ဆည်းကပ် သွားကြမှာ ဖြစ်ပါတယ်။ 
 
ဒီ လုပ်ငန်း ဟာ သံဃာတော် တို့ရဲ့ သာသနာတော် က တရားဝင်ပေးအပ် တဲ့ မြင့်မြတ်တဲ့ လုပ်ငန်း တာဝန် များ အနက် တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ဒီ လုပ်ငန်းဟာ နိုင်ငံ နဲ့ ပြည်သူတွေ အတွက် သံဃာတော် များ လုပ်ဆောင်နိုင် တဲ့ အမြင့်မြတ်ဆုံး နိုင်ငံရေးလည်း ဖြစ်ပါတယ်။ 
 
တပည့်တော် တို့ ပြည်သူတွင်း သို့ ဆင်းပြီး ညီညွှတ်ခြင်း နဲ့ မေတ္တာ ထားခြင်း ဓမ္မဒေသနာတော် တို့ကို ဟောကြား ပါဘုရား။ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် နိုင်ငံ အနှံ့ ရောက်အောင် မြင့်မြတ်တဲ့ လွတ်လပ်ရေး ဓမ္မသတင်းကို သယ်ဆောင်ဖြန့်ချိတော်မူပါ ဘုရား။ 
 
လွတ်လပ်စွာ ဘာသာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ နေရာ မရွေး အချိန်မရွေး ဓမ္မဒေသနာတော် ကို ဟောပြောဖြန့် ချိခွင့်၊ ကြောက်ရွံ့ခြင်း၊ မသိနားမ လည်ခြင်း၊ အယူသည်းခြင်း စသည်တို့မှ လွတ်လပ်ခွင့် ၊ ပြည်သူတွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုး လာအောင် ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာနဲ့ တခြား နယ်ပယ် တို့မှာပါ မိမိတို့ကိုယ်ကို မိမိတို့ ပြန်လည် တည်ဆောက် လာအောင် လွတ်လပ် စွာ ဟောဖော်ညွှ န်ပြ ဆုံးမခွင့် ဆိုတဲ့ လွတ်လပ်ရေး တရားတို့ ကို ဆိုလိုပါတယ် ဘုရား။
 
 လျှောက်ထားတဲ့ ဒီတာဝန်တွေ သာမက အခြား ပိုမိုများပြား တဲ့ မွန်မြတ် တဲ့ လုပ်ငန်း တာဝန်တွေ ဟာ သံဃာတော်များ ရဲ့ ရှေ့မှောက်မှာ ရှိပါတယ် ဘုရား။ ဒီ လုပ်ငန်းတာဝန်တွေ ကို ပြီးမြောက်အောင် ဆောင် ရွက်နိုင် တဲ့ အဆင့်သို့ မီအောင် မိမိတို့ ကိုယ်ကို မိမိတို့ တိုးမြှင့်ပေးရ မလား၊ မြှင့်တင် မပေးဘူးလား ဆိုတဲ့ မေးခွန်း ရဲ့အဖြေ ကတော့ သံဃာတော် တို့ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ် ဘုရား ´´

မင်းသုတ၏
`ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့်
ပြောကြားခဲ့သော မိန့်ခွန်းများ´ စာအုပ်မှ။

လှိုင် တိုး - မှ ပြန်လည် မျှဝေလိုက်ပါတယ်..။


Via....ဦးနရပတိဆရာတော်
 
 

No comments:

Post a Comment