*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 July 2014

အသက် ၂၀ ရောက် မှ နားလည် ခဲ့ရသော အတွေး အမြင် စကား ၈ ခွန်း

girl_reading_book 



လူ့ဘ၀ သက်တမ်း အနှစ် ၂၀ ကို ဖြတ်ကျော်ပြီးသည့်နောက် မှာ … အနှစ်၂၀ ဆိုတဲ့ အချိန် အတွင်း မိုးဒဏ်လေဒဏ် တွေ နဲ့ ဘ၀နွံ တွေ ကို ကျွန်တော်တို့ ဖြတ်ကျော် ခံစားခဲ့ကြရ ပါတယ်။ အောင်မြင် ခဲ့တာ ရှိ သလို ဆုံးရှုံးမှု ကို ရင်ဝယ် ပိုက်ခဲ့ရတဲ့ အချိန်တွေလဲ ရှိခဲ့ကြပါတယ်။ 


ထို့အတူ ဘ၀ ခံစားချက်တွေ ၊လောကဓံ သင်ခန်းစာ အတွေ့ အကြုံတွေကို လဲ အဲဒီ နှစ် ၂၀ က လူသားတွေ ကို ပေးအပ်ခဲ့ ပါတယ်။ တကယ်လို့ သင်ဟာ အခု အသက် ၂၀ ရှိပြီ ဆိုရင်… ကျွန်တော့် လိုပဲ အောက်ပါ အတွေ့ အကြုံ ခံစားချက် ၈ မျိုး ကို ရခဲ့ ပြီးပြီ လို့ ဆိုနိုင်ပါတယ်။

အဲဒါတွေ က တော့…

 
၁) ချစ်ပြီ ဆိုရင် နက်နက် နဲနဲ ချစ်ပါ… စွန့်လွှတ်ပြီ ဆိုရင် အစွန်းဆုံး ထိ စွန့်လွှတ်ပါ၊ လှည့် မကြည့်ပါနဲ့။ မဖြစ်နိုင်တာ ကို စောင့်စားခြင်း ဆိုတဲ့ အရာ ဟာ မှားယွင်း တဲ့ လုပ်ဆောင်ချက် တစ်ခုပါ။

၂) လောက အမြင် ရှင်းမှ နာကျင် ခံစား ရတာ သက်သာမယ်။ လေ့လာပြီး မှ လုပ်ခြင်းက အမှားနည်း ပါတယ်။

၃) ကိစ္စ အများစု က အတွေ့ အကြုံရှိ မှ နားလည်နိုင်တယ်။ အမှား လုပ်မိလို့ ဆုံးရှုံးဖူး မှ လူ့ ဘ၀ရဲ့ လိုအပ် ချက်၊ မလို အပ်ချက် ကို နားလည် လာတယ်။ မှားမှာ မကြောက် ပါနဲ့ ၊ ရှေ့တိုးဆောင်ရွက်ပါ။

၎)ဆောင်းရာသီ ရောက် တာနဲ့ သီးနှံတွေ မှည့်သည်ဖြစ်စေ မမှည့် သည်ဖြစ်စေ အားလုံး ရိတ်သိမ်းကြ ရတယ်။ ထို့ အတူ ဘ၀ ရဲ့ကောင်းခြင်း ဆိုးခြင်းတွေ ကို အချိန်တန်ရ င် မိမိ ဘာသာ ရိတ်သိမ်း ကြရတယ်။ အဲဒီ ကောင်းခြင်း ဆိုးခြင်း တွေက ပေးတဲ့ အမှတ် သညာတွေ ကို နှလုံးသား ထဲမှာ ထည့်ပြီး ရှေ့ဆက်ကြ ရတယ်။

၅) မိမိဘေးနား က ကံကောင်းခြင်းတွေ ကို တန်ဖိုးထားပါ ။ ကံကောင်းခြင်းတွေ ဆုံးရှုံးတော့ မှ နောင်တ ရတာမျိုး မဖြစ် ပါစေနဲ့။ ဖြစ်နိုင်တာ တစ်ခုက သင့်ရဲ့ ဘေးမှာ တကယ် စိတ်ရင်းစေတနာပြည့်ဝ တဲ့ သူ တစ်ဦးဦး ရှိနေနိုင်ပါတယ်။ သူ့ကို တန်ဖိုးထား ဆက်ဆံ ပါ။

၆) လူ့ဘ၀ ဆိုတာ ကားတစ်စီး နဲ့ ခရီးသွား သလိုပါပဲ။ ကားပေါ်မှာ အရောင် အဆင်း အသွင် အပြင် အမျိုးမျိုး ရှိတဲ့ ခရီးသည်တွေ ပါကြတယ်။ အကျင့် စရိုက် အမူအရာ မျိုးစုံ နဲ့ ခရီးသည်တွေ ကို သင်တွေ့နိုင် ပါတယ်။ 

ဒါပေမဲ့ ကားရပ်တဲ့ အချိန် မှာတော့ အားလုံး ကို လက်ပြ ကျန်ရစ်ပြီး ကိုယ့် အိမ်ပြန်လမ်းလေး ကိုပဲ လျှောက် လှမ်းကြရမှာဖြစ်ပါတယ်။

၇) တချို့ လူတွေက ဘ၀ တစ်လျှောက်လုံး နာကျည်းဖွယ်ကောင်း တဲ့ လူတွေ ဖြစ်နိုင်ပါတယ်။ တချို့တွေ က သင့်ရဲ့ ဘ၀ အတွက် အကျိုးတစ်စုံ တစ်ရာ ထောက်ပံ့ပေးသူတွေပေါ့။ တချို့တွေ က နွေးထွေးကြင်နာ မှုတွေ သင့်နှလုံးသား ထဲမှာ ချန်ထား ရစ်ခဲ့ကြတယ်။ တချို့တွေ ကတော့ သင့်ရဲ့ အမြင် အာရုံ စူးရှ တောက် ပစေဖို့ အားပေး ကူညီ ဖေးမကြတယ်။

၈) သူငယ်ချင်း မိတ်ဆွေ အချင်းချင်း အလွန် အကျွံ ပေးကမ်း မှုကို သတိထားပါ။ တစ်ချိန် ကျရင် သူတို့ ပေးတဲ့ အရာ တွေ အတွက် ကိုယ်ပြန် မပေးဆပ်နိုင်ဖြစ်တတ် ပါတယ်။ ရယူ သူထက် ပေးဆပ် တတ်သူဖြစ်ပါစေ။

လူ့ ဘ၀ ဆိုတာ ဟင်းအိုးကြီး တစ်အိုး နဲ့ တူပါတယ်။ ချို၊ချဉ်၊ စပ်၊ ခါး အရသာ အစုံ ပါတယ်။ မွေးဖွား ချိန်နဲ့ သေဆုံးချိန်ကြား မှာ ခံစားမှုတွေ၊ ၀မ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေ မျိုးစုံနဲ့ တွေ့ကြုံကြရတယ်။ တုန်လှုပ်ခြင်းတွေကြား မှာ ရင့်ကျက်မှုကို ရှာကြရတယ်။ 

ဘ၀ သင်ခန်းစာ အိပ်မက်တွေ နဲ့ အတူ နိုးထကြ ရတယ်။ တစ်ခါ တစ်လေ မိမိကိုယ် ကို ရင့်ကျက်ပြီ လို့  ထင်မှတ်ကြတယ်။ တကယ်တော့ အချိန်တိုင်း မိမိ စိတ်နှလုံး ရဲ့ အတွင်းအောက်ခြေ မှာ ရှိတဲ့ စစ်မှန်သော ရင့်ကျက်မှု ကို သေချာ ရှာကြဖို့ လိုပါတယ်။


Credit : True Man
From...Search Myanmar

 

No comments:

Post a Comment