*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

ဘိန်း




 

- ဘိန်းရဲ့ အရင်း အမြစ် ဟာ ဥရောပ မြေထဲ ပင်လယ် မှ ဖြစ်ပါတယ်။
 

- ဘိန်း ကို ၁၅၈ဝ ပြည့်နှစ် တွင် ပေါ်တူဂီ ကုန်သည် များနှင့် အီတလီ လူမျိုး ''ဆီဖက်ဒရစ်'' ဆိုသူက စတင် ရောင်းချ ခဲ့ပါတယ်။
 

- ဘိန်းကို ၁၆၃ဝ ပြည့်နှစ် ဒတ်ခ်ျ ကုမ္ပဏီ ၏ မှတ်တမ်း အရ မလက္ကာ မြို့မှ နှစ်စဉ်  ဘိန်းပေါင် ချိန် ၂ဝဝ ကို ကုန်သည် များမှ တစ်ဆင့် မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ယူဆောင် ရောင်းချ ခဲ့တယ်လို့ သိရပါတယ်။

- ဘိန်းမှ တစ်ဆင့် မော်ဖင်း၊ ဟီးရိုးအင်း ထုတ်လုပ်နိုင်ပြီး ဂျာမနီ နိုင်ငံနှင့် အီတလီ နိုင်ငံ တို့က စတင် တီထွင် ထုတ်လုပ် ခဲ့ပါတယ်။
 


- ဘိန်း ကို စည်းရုံးရေး ဖြိုခွဲရေး လက်နက် အဖြစ်ရှေးခေတ်နယ်ချဲ့ တို့က တရုပ်ပြည် မှာ အသုံး ချခဲ့ဖူးပါ တယ်။
 

- ဘိန်းကြောင့် ကမ္ဘာ့သမိုင်း ခေတ် အဆက်ဆက် မှာ တိုင်းပြည်နှင့် လူမျိုး ၏ ဆိုးကျိုးနှင့် အနိဋ္ဌာ ရုံ များ ကိုသာ ပေးခဲ့တာ ကို ထင်ရှား စွာ တွေ့ရှိနိုင် ပါတယ်။
 

- ဘိန်း စစ်ပွဲ များဖြင့် စာရိတ္တ ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု အားမာန် ကို ယိုယွင်းနိုင်စေ ပါတယ်။
 

- ဘိန်းကြောင့်မြန်မာ့ သမိုင်း မှာ တပင်ရွှေထီး မင်းဟာ ဘဝဆိုးကျိုး အပြင် အသက် အန္တရာယ် ဆုံးရှုံး ခဲ့ရပါတယ်။
 

- ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက် အစ ရှိတဲ့ယစ်မျိုး ငါးပါး ကိုမြန်မာမင်း များ လက်ထက် ဘိုးတော် ဘုရား ခေါ် ဗဒုံမင်း (၁၇၈၂-၁၈၁၉) လက်ထက် မှာ မသုံးစွဲ ဖို့ဥပဒေပြဋ္ဌာန်း အမိန့် ထုတ်ပြန်ခဲ့ ပါတယ်။
 

- ဘိန်း အစ ရှိတဲ့ ယစ်မျိုး ငါးပါး မသုံးစွဲရေး ကို ကုန်းဘောင်ခေတ်နှောင်း မန္တလေး (ရတနာပုံ)ခေတ် မင်းတုန်းမင်း လက်ထက် တွင် ခရစ်နှစ် ၁၈၆၉ ခုနှစ်၊ သီပေါမင်း ၁၈၇၅-၁၈၈၅ ခုနှစ် လက်ထက် မှာလဲ တားမြစ် ဥပဒေပြဋ္ဌာန်း ခဲ့ပါတယ်။
 

- ဘိန်း နဲ့ ပတ်သက် လို့တော်လှန်ရေး ကောင်စီ လက်ထက် ၁၉၆၂ ခုနှစ်မှာ မူးယစ်ဆေးဝါး ဆိုင် ရာ စာချုပ် ကို ကမ္ဘာ့ ကုလသမဂ္ဂ တွင် လက်မှတ် ရေးထိုး ခဲ့ပါတယ်။
 

- ဘိန်း နဲ့ ပတ်သက်ပြီး ၁၉၇၄ ခုနှစ် ဗီယက်နမ် ၌ မူးယစ် ဆေးဝါး တားဆီး ကာကွယ်ရေး အတွက် နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ကို လက်မှတ် ရေးထိုး ခဲ့ပါတယ်။
 

- ဘိန်း နဲ့ပတ်သက်ပြီး၁၉၇၄ခုနှစ် ဖေဖော်ဝါရီ၂ဝရက်တွင်''မူးယစ်ထုံထိုင်း ဘေးဖြစ် စေတတ်သော ဆေးဝါး များ အန္တရာယ် တားဆီး ကာကွယ်ရေး ဥပဒေ'' ကို ပြဋ္ဌာန်း ခဲ့ပါတယ်။
 

- ဘိန်းနဲ့ ပတ်သက်ပြီး ၁၉၇၅ ခုနှစ် အောက်တိုဘာ ၂၈ ရက် ၌ မူးယစ်ဆေးဝါး အန္တရာယ် ကို အမျိုးသားရေး အမြင်ဖြင့် ကာကွယ် တိုက်ဖျက် ရန် မူးယစ် ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲ စေ တတ်သော ဆေးဝါး များ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါတယ်။
 

- ဘိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရား မဝင် ရောင်းဝယ်ရေး တိုက် ဖျက်ရေးနေ့ အဖြစ် ဇွန် ၂၆ ရက်နေ့ မှာ ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါး များ ကို နှစ်စဉ် မီးရှို့ ဖျက်ဆီး လေ့ရှိပါတယ်။
 

- ဘိန်း သယ်ယူ ပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း များကို လည်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့၊ အကောက်ခွန် ဌာန အာဏာပိုင် အဖွဲ့ အစည်း များက နှစ်စဉ် ဖမ်းဆီး ဖော်ထုတ်နေ ဆဲဖြစ်ပါတယ်။
 

- ဘိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ၏ တစ်ခု တည်းသော အစိုးရ မဟုတ်သည့် လူမှုရေး အဖွဲ့အစည်း အဖြစ် ''မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း''ကို ၁၉၉၄ ခုနှစ် မှ စတင် ဖွဲ့စည်းခဲ့ပါတယ်။
 


OMO
Ref: MANA,NEWS


The Express Times


No comments:

Post a Comment