ဒီပိုစ့်ကို
Blogger လူသစ်များ အတွက် မသိ မဖြစ် Blog
အသုံးပြုနည်းများ လို့ ခေါင်းစဉ် တပ်လိုက်တာ အရမ်းများ လွန်သွား မလား
မသိဘူး..။
တကယ်တော့ ကျနော် ဆိုလိုချင်တာ၊ ကျနော်ရေးသားထား တဲ့ ဘလော့ နည်းလမ်းလေးတွေ က လက်ရှိ ကျနော် အသုံးပြုနေ တဲ့ ကျနော့် ဘလော့ ထဲက နေ့စဉ် အသုံးဝင်နေ တဲ့ နည်းလမ်းလေးတွေ ကို တစိတ် တပိုင်း စုစည်း တင်ပြထားခြင်း သာ ဖြစ်ပါတယ်..
စာဖတ် ၇ုံနဲ့ နားမလည်နိုင် ကြတဲ့ တချို့ Blogger လူသစ်များ အတွက်ကို အဓိက ရည်ရွယ်ရေးသား ထား ခြင်း သာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေ နဲ့ ကြည့်ရ အဆင်ပြေအောင်၊ နားလည် လွယ်အောင် ရှင်းပြပေးထား တာပါ..။
10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာ မိမိညွန်းချင် တဲ့ URL လင့်ကို ထည့်ပါ က ဘာကိုပြောတာလဲ ရှင်းပြပေး ပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော့် ဘလော့မှာ တင်ပြီး သမျှ ပိုစ်.လိုပေါ်ခြင် တယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို
ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာ ရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ..
ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts
မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထား တဲ့ ကဗျာ များ ပေါ်မလာတော့ဘူး .. ရှင်းပြပေး ပါရန် မေတ္တာ ရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ..
Design >> Blog Posts >> Edit ကနေ သွားပြီး
ပေါ်လာတဲ့ဘောက်စ် ထဲမှာ အမှန်ခြစ်လေးတွေ ကို တခုချင်း စီဖြုတ်၊
တပ် လုပ်ပြီးစမ်းကြည့် ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ..
မစမ်းခင် အရင်ဆုံး မူရင်း အတိုင်း ကို ဓါတ်ပုံ ရိုက်ယူ ထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင် ဓါတ်ပုံထဲ က အတိုင်းပြန်ပြင်လို့ ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ.. ဘယ်လို မှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ပါဝင် တဲ့ လုပ်နည်းလေးတွေ ကတော့......
၁။ မိမိ တို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိ တို့ရဲ့ Blog မှ ပိုစ့် အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိ တို့ရဲ့ Blog မှာ တင်ပြီး သမျှ ပိုစ့် များ လို့ပေါ်ချင်တဲ့ သူများအတွက်..
၎။ Blog Post များ ရဲ့ အောက်ခြေ မှာ လိုအပ် တာလေးတွေ ပြင်ဆင်ဖြည့်စွက် ချင်တယ်ဆိုရင်..
၅။ Post တပုဒ် မတင်ခင် ပြင်ဆင် ရမည့် အချက်များ.. Labels (Categories) များ အသုံးပြု တတ်အောင်..
၆။ Blog စာမျက်နှာ မှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ် တင်တဲ့ အခါ မိမိညွှန်းချင် တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ် တဲ့ Post တပုဒ် ဖန်တီးခြင်း (Webpage လိပ်စာ နဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း

အရင် တုန်း က တချို့ ဘလော့ဂါ လူသစ်တွေ မေးထား တဲ့
မေးခွန်းလေးတွေ ကိုတော့ ပြန်ရှာ မရတော့ လို့ ထည့် မပြတော့ပါဘူး..
သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
အပေါ်ဆုံး က အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်း ပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြား လိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ် ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Blogger တွေဟာ မိမိတို့ ဘလော့ရဲ့
Template ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့
စိတ်ကြိုက်ဖြစ်နေတဲ့ အချိန်မျိုးမှာ မိမိတို့ ဘလော့ရဲ့ Template
ကို ဒေါင်းလော့ ချပြီး သေချာ တဲ့ နေရာတွေမှာ ဖိုင်တွေခွဲပြီး
သိမ်းထားသင့်ပါတယ်..။ Blog ရဲ့ HTML တွေကို ပြုပြင်တဲ့ အခါမျိုးတွေမှာ
ဒီလိုလုပ်ထားဖို့ ပိုအရေးကြီးပါတယ်..။
HTML တွေမှားထည့် မိလို့ပဲဖြစ်ဖြစ်၊ Read more button လိုမျိုး တစုံတခု ပြုပြင်လိုရင်ပဲ ဖြစ်ဖြစ် မလုပ်ခင် အရင်ဆုံး Blog ရဲ့ Template ကို အရင် ဒေါင်းယူပြီး သိမ်းထားရမှာပါ..။ ပြီးမှ စိတ်ကြိုက်လုပ်ပါ..။ HTML ကုဒ်တွေ မှားချင်သလောက်မှား၊ မလုပ်ခင် အရင်သိမ်းထားခဲ့တဲ့ ဒီ Template လေးကို Upload တင်ပြီး Restore ပြန်လုပ်ပေးရင် အရင်အတိုင်း Blog ကို အကောင်းပြန်ရမှာပါ..။
လုပ်နည်းကလည်း လွယ်ပါတယ်..။ အောက်က ပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..

Design >> Edit HTML ကနေသွားလိုက်ပါ..။ အောက်က ပုံလေးတွေ အတိုင်း ကြည့်ပြီး လုပ်ပေးလိုက်ပါ..
အပေါ်ပုံအတိုင်း Blog Template
ကို ဒေါင်းယူသိမ်းထားပြီးရင် အဲဒီဖိုင်လေးကို သေချာမှတ်ထားဖို့ လိုပါတယ်..။
ဒီအခန်းမှာ Google Chrome Browser နဲ့ ဒေါင်းယူပြထားတာပါ..။
နောက်တခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Template
ကို Restore ပြန်လုပ်တဲ့ အခါမှာတော့ အောက်ကပုံအတိုင်း Design >>
Edit HTML ကနေ သွားပြီး အောက်ပုံလေးအတိုင်း လုပ်ပေးလိုက်ရင် Template ကို
Restore လုပ်ပြီးသား ဖြစ်ပါပြီ..
------------------------------------------------------------------------------------------------------
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
ဒီတခုကတော့ ပိုအရေးကြီးတဲ့
အပိုင်းပါ..။ မိမိတို့ရဲ့ Blog အဟတ်ခံရတဲ့ အခါ၊ ဒါမှမဟုတ် တစုံတခု
ပြုပြင်လိုက်လို့ ပျက်သွားတဲ့ အခါမျိုးတွေမှာ.. မိမိတို့ရဲ့ Blog မှာ
လက်ရှိတင်ထားတဲ့ ပိုစ့်တွေအားလုံးကို ဒေါင်းလော့ချပြီး သိမ်းထားဖို့ပါ..။
ပိုစ့်တွေဆိုပေမယ့် တကယ်တမ်း ဒေါင်းလော့ချတဲ့ အခါမှာတော့
ဘလော့စာမျက်နှာမှာ မြင်ရသလို စာတွေ၊ပုံတွေ ပါလာတာမဟုတ်ပါဘူး..။
XML Document ဖိုင်လေးနဲ့ ရလာတာပါ..။ အဲဒီဖိုင်လေးကို ဖွင့်ကြည့်ရင်လည်း ဘာမှ နားလည်မှာမဟုတ်ပါဘူး..။ ကျနော့် Blog မှာ တင်ထားတဲ့ ပိုစ့်အားလုံး ၂၀၀ ကျော်ကို XML Document နဲ့ သိမ်းလိုက်တာ ဖိုင်ဆိုဒ်က 2 MB ကျော်လေးပဲ ရှိပါတယ်..။
ဘလော့မှာ ပြန်တင်လိုက်တဲ့ အခါမှာတော့ ပိုစ့် ၂၀၀ ကျော်ထွက်လာပါတယ်..။ ပုံတွေရော၊ စာတွေရော ၊ ဒေါင်းလော့လင့်တွေရော အားလုံးပါပါတယ်..။ Read More နဲ့ Sidebar က ဟာတွေပဲ မပါတာပါ..။ ပိုစ့်အပြည့် ရပါတယ်..။
ဒါကြောင့် မိမိတို့ရဲ့ ဘလော့မှာ ပိုစ့်တွေများလာတဲ့ အခါ တလ တခါလောက် ဒီနည်းနဲ့ XML Document ဖိုင်ကို ဒေါင်းလော့ချပြီး သိမ်းထားသင့်ပါတယ်..။ လုပ်နည်းကတော့ အောက်ပုံလေးတွေ အတိုင်းပါပဲ..

အရင်ဆုံး
Setting >> Export blog ကနေသွားပြီး အောက်ကပုံလေးတွေ အတိုင်း
လုပ်ပေးလိုက်ရင် ရပါပြီ..။ ဒီအခန်းမှာတော့ Mozilla Firefox Browser နဲ့
လုပ်ပြထားပါတယ်..။ Browser ၂မျိုးကို အသုံးပြုတတ်အောင်လို့ပါ..။
Save File နဲ့ သိမ်းပြီး
အဆင့်ဆင့် အောက်ကပုံလိုမျိုး ဖိုဒါတခုဖွင့်ပြီး မှတ်မိလွယ်တဲ့
နာမည်ပေးထားလိုက်ပါ..။ အဲဒီဖိုဒါထဲမှာ ဒီဖိုင်လေးကို သိမ်းထားလိုက်ပါတယ်..
ပိုစ့်တွေကို စုသိမ်းထားတဲ့ ဒီ XML
Document ဖိုင်ကို Restore ပြန်လုပ်ရင်တော့ အောက်ကပုံအတိုင်း Setting
>> Import blog ကနေသွားပြီး လုပ်ပေးလိုက်ရင်
အဆင်ပြေသွားပါလိမ့်မယ်..။
အောက်ကပုံမှာ နံပါတ်တွေနဲ့ အက္ခရာတွေကို
ကြည့်ရ ရှင်းလိမ့်မယ်လို့ ထင်ပါတယ်..။ နံပါတ်က နံပါတ်အတိုင်း၊ အက္ခရာက
အက္ခရာအတိုင်း ခွဲကြည့်ပါ..
------------------------------------------------------------------------------------------------------
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များလို့ ပေါ်ချင်တဲ့သူများအတွက်..
ဒီအခန်းကို မေးထားတဲ့လူရှိလို့
ထည့်ပေးလိုက်တာပါ..။ ဘယ်လိုလုပ်ရလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါဗျာ.. Add a
Gadget ကနေသွားလိုက်ပါ.. Blog Archive ကိုရှာပြီးကလစ်ပါ..
ကျနော့် ဘလော့မှာ
အပေါ်ကပုံအတိုင်း ပြင်ထားပါတယ်..။ အပေါ်ပုံမှာ အစက်ကလေးတွေနဲ့
အမှန်ခြစ်နေရာတွေမှာ မိမိတို့ စိတ်ကြိုက် ပြုပြင်လို့ ရပါတယ်..။ ဒီပုံကတော့
ကျနော့်ဘလော့မှာ ယူထားတဲ့ အတိုင်းပြပေးလိုက်တာပါ..။ အောက်ကပုံအတိုင်း
မိမိတို့ ထားချင်တဲ့ နေရာမျာ ရွှေ့ထားလိုက်ပြီး Save ပေးလိုက်ရင်တော့
ဘလော့စာမျက်နှာမှာ ညာဘက်အခြမ်းကလို ပေါ်နေပါပြီ..
----------------------------------------------------------------------------------------------------
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
ဒီတခုကလည်း အပေါ်မှာ ဖေါ်ပြထားသလို
ကိုမောင်ဇော်မေးထားတဲ့ မေးခွန်းလေးနဲ့ တိုက်ဆိုင်မယ်ထင်ပါတယ်..။
ကိုမောင်ဇော်မေးတာ သိပ်မရှင်းလို့ ဒီအတိုင်းပဲ ဖေါ်ပြပေးလိုက်တာပါ..
ဒီပုံကတော့ ကျနော့်ဘလော့ပိုစ့်ရဲ့ Edit နေရာမှာ ပြင်ထားတဲ့ အတိုင်းလေးပါ..။
ဒီလို အပြောင်းအလဲ လေးတွေ မလုပ်ခင် အရင်ဆုံး Blog Post ရဲ့ အနေအထားကို
ဓါတ်ပုံရိုက်ယူထားလိုက်ပါ..။ ပြီးမှ ပြင်ပါ..။ အမှားဖြစ်ခဲ့ရင် ပုံလေးကို
ကြည့်ပြီး ပြန်ပြင်လို့ အဆင်ပြေပါတယ်..။
ဘလော့စာမျက်နှာမှာတော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။
-------------------------------------------------------------------------------------------------------
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
ဒီနေရာမှာတော့
ပိုစ့်တခုတင်တော့မယ်ဆိုရင် သိထားဖို့ လိုအပ်တာလေးတွေပါ..။ ပုံမှာပြထားတဲ့
အတိုင်းပါပဲ..။ Labels နေရာမှာ ရွေးပြီး နာမည်ပေးခြင်းဖြင့်
ပိုစ့်တွေ ကို လေဘယ် ခွဲပြီးသား ဖြစ် သွားပါလိမ့်မယ်..။ လေဘယ်ကနေ သူ့နေရာနဲ့သူ
ပို့ပေးလိုက်တာပါ.. တချို့ကလည်း ဘလော့ စာမျက်နှာ မှာ Label လို့ မပေါ်စေပဲ..
Categories လို့ နာမည်ပြောင်းပေးထားကြပါတယ်..။
------------------------------------------------------------------------------------------------------
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
တချို့က ပိုစ့်တွေများလာမှ
Labels တွေကို ပြန်ခွဲချင်တော့ အလုပ်ရှုပ်ရပြန်ပါတယ်..။ အဲလိုလုပ်ချင်တဲ့
သူများအတွက် အောက်ကပုံလေးအတိုင်း အရင် လေဘယ်တွေကို ပြန်ခွဲလိုက်ပါ..
ဘယ်နေရာကနေ သွားသွားရပါတယ်..။ Edit Posts ကိုရှာပြီး ဝင်လိုက်ပါ..။
ပိုစ့်တွေတခုချင်းစီကို
အနီရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Edit နေရာကနေ လေဘယ်ပြန်ခွဲထုတ်လို့ ရပါတယ်..။
(အပေါ်ပုံ..) အောက်ကပုံကတော့ လေဘယ်တွေကို
ဘလော့ စာမျက်နှာ မှာ ပေါ်အောင် လုပ်ဖို့ပါ..။ Add a Gadget ကနေသွားပြီး
Labels နေရာကို ကလစ်ပါ..။
အောက်ကပုံမှာ ကျနော်ပြုပြင်ထားတဲ့
အတိုင်းလေးပါ..။ Title နေရာမှာ Categories လို့ ရေးလိုက်ပါတယ်..
ကျနော့်ဘလော့စာမျက်နှာမှာ အဲဒီစာသားလေးနဲ့ ပေါ်နေပါပြီ..။ အောက်မှာ
ဆက်ကြည့်ပါဗျာ..
-------------------------------------------------------------------------------------------------------
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
ပိုစ့်တပုဒ်မတင်ခင် အရင် ပြင်ဆင်
ပြောင်းလဲပေးရတာလေးတွေပါ.. အောက်ကပုံလေး အတိုင်း ပြထားပြီး
ကျနော်ပိုစ့်တခု ဖြစ်အောင် လုပ်ပြထားပါတယ်..။ နောက်ပြီး
ဒေါင်းလော့လင့်တွေ၊ Webpage လင့်တွေကို မမြုပ်တတ်သေးတဲ့ ဘလော့ကာ
လူသစ်တန်းတွေ အတွက်၊ စာဖတ်ယုံနဲ့ အဲဒီအဆင့်တွေကို နားမ လည်နိုင်ကြတဲ့
သူများအတွက် တဆင့်ချင်းစီကို ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။
ဆက်ကြည့်ပါဗျာ..
အပေါ်ပုံမှာ ပြထားတဲ့ အတိုင်း ပုံထည့်ရန် လို့ပြထားတဲ့ နေရာကိုကလစ်ပြီး မိမိတို့စက်ထဲမှာ ရှိတဲ့ မိမိတို့ တင်ချင်တဲ့ ပုံကို အောက်ကပုံအတိုင်း တင်ပေးလိုက်ယုံပါပဲ..
ပုံကို အကြီးအသေး
ကြိုက်သလို ပြုပြင်ဖို့ အပေါ်ပုံအတိုင်း လုပ်ပေးလိုက်ရင်
ရပါပြီ...။ အောက်ပုံမှာ စာရေးပြီးတဲ့ အခါ စာကြောင်းတွေကို
ညီညီညာညာလေး ဖြစ်နေဖို့ စာကြောင်းအားလုံးကို Select ပေးပြီး စာများစီရန်
ဆိုတဲ့နေရာကို ကလစ်ပါတယ်..။ အဲထဲက အောက်ဆုံးမှာပေါ်တဲ့ မျဉ်းကြောင်းလေးတွေ
ညီညာနေတဲ့ နေရာလေးကို တချက်ကလစ်ပါတယ်..။
ဒါဆို စာကြောင်းတွေ ညီညာသွားပါပြီ..။ (မိမိတို့ ပြုပြင်ချင်တဲ့ စာကြောင်းလေးတွေ ကို လို သလောက် မောက်စ် မျှားနဲ့ ဖိဆွဲပြီး၊ စာကြောင်းတွေ အားလုံး အပြာရောင် အောက်ကို ရောက်သွား ရင် စလက်ပေးတယ် လို့ ခေါ်ပါတယ်.. အဲ့လိုဖြစ်သွားရင် စာကြောင်းတွေကို မိမိတို့ စိတ်ကြိုက် လုပ်လို့ ရပါပြီ..။)

အောက်ကပုံကတော့
လင့်မြုပ်တတ်အောင် ပြထားတဲ့ပုံလေးပါ..။ IDM 6.12 beta built 3 ပိုစ့်မှာ
IDM ကို ဖူးဖြစ်အောင် ရှင်းပြထားတာ ဖြစ်တဲ့အတွက် အဲဒီပိုစ့်ကို
ဒီပိုစ့်ကနေ ပြန်သွားလို့ ရအောင်၊ အဲဒီပိုစ့်ရဲ့
လင့်လေးကို ပြန်ညွှန်းပေးလိုက်တာပါ..။
မိမိညွှန်းချင်တဲ့ လင့်ကိုထည့်ပါ ဆိုတာ ဘယ်လိုလုပ်ရမလဲလို့ မေးတဲ့သူများ ဒီနေရာမှာ သေချာကြည့်ပေး ပါ..။ မိမိညွှန်းချင်တဲ့ နောက်ထပ် Webpage တခုကို ရောက်အောင် အောက်ကပုံအတိုင်း စာသားနေရာမှာ စလက်ပေးပြီး Link နေရာကို တချက်ကလစ်ပါတယ်..။

ဒီအောက်ကပုံအတိုင်း ပေါ်လာပါပြီ..
အောက်ကပုံအတိုင်း
ကျနော်ပြန်ညွှန်းချင်တဲ့ IDM 6.12 built 3 ပိုစ့်ကို ဖွင့်လိုက်ပါတယ်..။
Address Bar နေရာက လင့်လေးကို စလက်ပေးပြီး Right Click နဲ့ copy
ယူလိုက်ပါတယ်..။ ကျနော့်ဆိုဒ်မှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းများကတော့
Right Click ကို R/C လို့ ပုံတွေမှာ အတိုခေါက် ရေးလေ့ရေးထ ရှိတယ်ဆိုတာ
သိပြီးသားမို့ ရှင်းပြဖို့ မလိုလောက်ဖူး ထင်ပါတယ်..။
copy ယူလာတဲ့ လင့်လေးကို အောက်ကပုံအတိုင်း Web address နေရာမှာ paste နဲ့ ထည့်လိုက် ပါတယ်..။ ပြီး ရင် ok ပေးလိုက်ပါတယ်..။
IDM
6.12 built 3 နေရာမှာတော့ လင့်အရှင်လေးဖြစ်သွားပါပြီ..။
ကလစ်ကြည့်လိုက်ရင် နောက်စာမျက်နှာ
တခုကို ရောက်သွားပါလိမ့်မယ်..။ ပြီးရင်တော့ စာမျက်နှာခေါက်တာဖြစ်တဲ့ Read
More ကို ထည့်ပါတယ်..။ ဒေါင်းလော့လင့်ကိုလည်း ဒီနည်းအတိုင်းပဲ
ထည့်တာပါပဲ..။
Minus မှာ တင်ထားတဲ့ ဖိုင်ရဲ့ ဒေါင်းလော့လင့်ကို copy ယူပြီး အပေါ်နည်းအတိုင်း ထည့်ပေး လိုက်ပါ တယ်..။
ပိုစ့်တခု
အားလုံးပြင်ဆင်ပြီးသွားရင်တော့ PUBLISH POST စာသားနေရာကို
တချက်ကလစ်လိုက်ရင် ဘလော့ စာမျက်နှာ မှာ အောက်ကပုံ အတိုင်း ပေါ်နေပါပြီ..။
-------------------------------------------------------------------------------------------------------
၈။ Blog Side Bar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
ဒီတနည်းကတော့
အမေးများတဲ့ မေးခွန်းလေးလို့ ထင်ပါတယ်..။ ကျနော့်ဆီမှာ သူငယ်ချင်း
တယောက်တော့မေး ဖူးပါတယ်..။ ဒါပေမယ့် အရင်တုန်းက နာမည်ကြီး ဘလော့တွေမှာ
ခဏခဏ တွေ့ ရတဲ့ မေးခွန်းလးတခုပါ..။ ကျနော်ဒီပိုစ့်မှာ တခါတည်း
ဒီနည်းလေးကိုပါ ထည့်ပေးလိုက်ပါတယ်.. မလုပ်တတ်သေးတဲ့ ဘလော့ဂါများအတွက်ပါ..။
လုပ်ရတာတော့ မခက်ပါဘူး..။
မသိခင်တုန်းကတော့ တော်တော်ကြာပါတယ်..။ Google မှာလိုက်ရှာရတာ
အချိန်အများကြီး ပေးရပါတယ်..။ အခုတော့လည်း လွယ်မှလွယ်ပဲ..။
Animation လေးတွေကို မိမိတို့ ဖာသာဖန်းတီး ရမှာပါ..။ Photoshop
နဲ့ပဲ ဖြစ်ဖြစ်၊ တခြား Animation ဆော့ဖ်ဝဲတွေနဲ့ပဲ ဖြစ်ဖြစ် ဖန်တီးလို့
ရပါတယ်..။ မိမိတို့ ဖန်တီးလိုက်တဲ့ Animation လေးက ဖိုင်ဆိုဒ်သေးရပါမယ်..။
အရမ်းကြီးနေရင် Web ပေါ်တင်လို့ အဆင်မပြေနိုင်ပါဘူး.. ဒါပေမယ့် GIF Resizer လေးနဲ့ ပြန်ချုံ့လိုက်လို့ အဆင်ပြေနိုင်ပါတယ်..။ အဲဒီကောင်လေးကို လိုအပ်တဲ့သူများအတွက် ကျနော်တင်ပေး လိုက်ပါ တယ်..။ အောက် မှာ ယူလိုက်ပါဗျာ.. ကျနော် Animation လုပ်တာကို ရေးမှာမဟုတ်ပါဘူး..။
Animation ဖိုင်ကို ဘယ်လိုတင်ရမလဲဆိုတာကိုပဲ ရေးပေးသွားမှာပါ..။ မိမိတို့ ဖန်တီလိုက်တဲ့ Animation လေးကို Blog မှာဒီတိုင်းတင်လို့ ရပါတယ်..။ ဖိုင်ဆိုဒ်သေးရင်တော့ လှုပ်ရှားနေပါလိမ့်မယ်..။ ဒါပိုစ့်နေရာမှာ တင်တာကို ပြောတာနော်..။
ဆိုဒ်ကြီးရင်တော့ အလုပ်မလုပ်ပါဘူး.. ဒါလည်းတခု သတိပြုရမှာပါ..။ Blog Sidebar မှာဆိုရင်တော့ လုံးဝ မလှုပ်ဘူးဗျာ..။ အကြိမ်ကြိမ်စမ်းတယ်..။ အကြိမ်ကြိမ် ခေါင်းကိုက် ရပါတယ်..။ နောက်တော့ အောက် ကပုံလေး အတိုင်း နေရာပြောင်းပြီး စမ်းသပ်ကြည့် မိပါတယ်..။ အဲလိုနဲ့ Google မှာ ရှာရင်းနဲ့ English ဆိုဒ်အများစုမှာ ဖေါ်ပြထားတဲ့ http://photobucket.com/ မှာ အဆင်ပြေသွားပါတယ်..။ အခုတော့ မသိသေးတဲ့ Blogger များအတွက် လုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်...။

GIF Resizer
http://photobucket.com/ မှာ အကေင့်တခု ဖွင့်ပါ..။ ဖရီးအကောင့် ပါ..။ ပြီးရင်တော့ အောက် ကပုံလေးတွေ အတိုင်း Animation GIF ဖိုင်ကို Upload တင်ပါ..
အောက်ကပုံအတိုင်း မိမိတို့တင်တဲ့ GIF ဖိုင်ဟာ ဆိုဒ်သေးဖို့ လိုပါတယ်..။
ကျနော်တင်လိုက်တဲ့ Animation လေး ရောက်သွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်း Direct Link ကို copy ယူလိုက်ပါ..
အောက်ကပုံအတိုင်း Save ပြီး Direct Link ကို album ထဲမှာ သွားယူရင်လည်း ရပါတယ်..။ အဆင်ပြေသလိုလုပ်ပါ..။
ပြီးရင်တော့ မိမိတို့ ဘလော့ရဲ့ Gadget >> Picture ကနေ သွားထည့်ပေးလိုက်ပါ..။
ဟိုဘက်ဆိုဒ်က Animation လေး
လှုပ်ရှားနေတဲ့ Direct Link ကို copy ယူပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ
paste နဲ့ ထည့်ပြီး ခဏစောင့်ပေးလိုက်ပါ..။ အောက်ပုံ..
အောက်ကပုံကတော့ မိမိတို့ ထားချင်တဲ့ နေရာကို ရွေ့ပြောင်းပေးလိုက်ပါ...။
ကျနော့်ဘလော့ Sidebar မှာ အရုပ်လေးတွေ
လှုပ်ရှားနေပါပြီ..။ ဒီမှာတော့ ပုံကိုပဲ ရိုက်ပြလို့ ရပါတယ်..။
ပုံလည်နေတာကတော့ ကျနော့် ဘလော့ထဲမှာပါ..။
ဒီလောက် ဆိုရင် Blogger လူသစ်များ အတွက် အတော်လေး အဆင်ပြေလောက်ပြီ လို့ ထင်ပါတယ်ဗျာ..။
From...http://lwinminbo.blogspot.com/
No comments:
Post a Comment