*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 July 2014

Browser တွေ ဘာကြောင့် လေးရ သလဲ၊ နှေးရ သလဲ - Browser များ မြန်အောင် လုပ်နည်း


ဒီနေ့ ပိုစ့်လေး ကတော့ ကွန်ပျူတာ နဲ့ အင်တာနက် သုံးတဲ့ လူတိုင်းအတွက် သိထား သင့်တဲ့ Browser တွေ မြန်အောင် လုပ်တဲ့ နည်းပါပဲ..။ ဒီပိုစ့် ကို တင်ပေးဖို့ ကျနော် အချိန် ယူနေတာ တလလောက် ရှိပါပြီ..။ 

ဘာလို့လဲ ဆိုတော့ ဆော့ဝဲလ်တွေ ထည့်တဲ့ အခါ ပါလာ တတ်တဲ့ Toolbar တွေကို လိုချင် လို့ပါပဲ..။ အဲ့ဒီ Toolbar တွေ များ လာမှ ဒီပိုစ့် ကို တင်ပေးဖို့ အဆင်ပြေမှာ မို့ပါ..။ နေ့စဉ်နဲ့ အမျှ ကျနော်တို့ လို ဆော့ဝဲလ်တွေ ကို ထည့်လိုက်၊ ထုတ်လိုက် လုပ်နေတဲ့ သူများ အတွက် ဒီ Toolbar တွေကို မရှင်း လင်းဘူး ဆိုရင် ကြာလာတဲ့ အခါမှာ မိမိတို့ အသုံးပြုနေ တဲ့ Browser တွေ ဟာလည်း လေး လံပြီး နှေးကွေး လာပါတယ်..။ 

ဒီ့ထက် ထပ်ကြာတဲ့ နောက်ပိုင်း မှာတော့ Browser တွေဟာ ဖွင့် ဖို့တောင် ခက်ခဲတဲ့ အဆင့်ထိ ဖြစ်လာ တတ်ပါတယ်..။ အဓိက ကတော့ ဆော့ဝဲလ်တွေ Install ထည့်တဲ့ အခါ ပါလာ တတ်တဲ့ Toolbar တွေကြောင့် ပါပဲ..။


 ဆော့ဝဲလ်တွေမှာ အများဆုံးတွေ့ ရတတ်တဲ့ Ask Toolbar ၊ Babylon Toolbar တွေကို ဆော့ဝဲလ် တခု Install ထည့်တဲ့ အခါ ၎င်းနေရာတွေမှာ အမှန်ခြစ်ဖြုတ်ပြီး မှ Install ထည့်ရမှာပါ..။ ဒါမှသာ ဒီ Toolbar တွေ ဝင်းဒိုး ထဲကို မဝင်တဲ့ အတွက် Browser တွေလည်း လေးလံ နှေးကွေးခြင်း မဖြစ်တော့ မှာပါ..။ 

ဒီ Toolbar တွေသာ ဝင်းဒိုး ထဲ Install ထည့်မိ ရင်တော့.. Browser တွေ သွားလေရာ မှာ ဒီ Toolbar တွေက ခိုကပ် လိုက်နေတဲ့ အတွက် Browser ဟာ သွားလိုရာ ကို လွတ်လွတ်လပ်လပ် မသွားနိုင် ပဲ Toolbar တွေကိုပါ တွဲခေါ်နေရ လို့ Browser တွေ လေးရခြင်း ၊ နှေးရခြင်းပါပဲ..။ 

Toolbar တွေ အရမ်းများတဲ့ စက်တွေမှာတော့ Browser တွေဟာ အသုံးပြုနေရင်း ကနေ လုံးဝ ရပ်သွားပါတယ်..။ အဲ့လိုတွေ ဖြစ်လာ ရင်တော့ ၊ အဲ့လိုမျိုးဖြစ်နေ တဲ့ စက်တွေမှာ ဆိုရင်တော့ ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့ Browser တွေမှာ ကပ်နေတဲ့ Toolbar တွေကို ထုတ်ပစ်ပေး လိုက်ရင် မိမိတို့ ကွန်ပျူတာ ရဲ့ Browser တွေ ပြန်လည်မြန် ဆန် လာပါလိမ့်မယ်..။

ဒီ၂-ရက်၊ ၃-ရက်မှာ ကျနော် အသုံးပြုနေတဲ့ Browser တွေ ဟာလည်းပဲ အဲ့လိုမျိုး ဖြစ်လာပါတယ်..။ အသုံးပြုနေရင်း နဲ့ ကြာလာရင် လေးလာ၊ နှေးလာ၊ ဟမ်းလာပြီး ရပ်သွား ပါတယ်..။ ဘာမှနှိပ်လို့ မရတော့ပါဘူး..။ ဒါနဲ့ပဲ ဒီပိုစ့် ကို တင်ပေးဖို့ ပုံတွေယူ ဖို့ Browser မှာ တွယ်ကပ်နေတဲ့ Toolbar တွေကို ရှင်းလင်းရေး လုပ်ရ ပါတော့တယ်..။ 

ကွန်ပျူတာကို လနဲ့ နှစ်နဲ့ ချီပြီး အသုံးပြုနေပြီး.. Toolbar တွေ တစ်ခါမှ မရှင်းသေး တဲ့ သူများကတော့ ကျနော်အပေါ်မှာ ပြောခဲ့သလို Browser တွေ လေးလံ နှေးကွေးပြီး ရပ်ရပ် သွားတာကို ခဏခဏကြုံရ ပါလိမ့်မယ်..။ ပြီးခဲ့တဲ့ လတွေက Cbox နဲ့ Comments တွေမှာ ဘယ်လိုမြန်အောင် လုပ်ရမလဲ လို့ မေးခဲ့တဲ့ သူများ ရှိခဲ့ပါတယ်..။ လုပ်နည်းကတော့ မခက်ပါဘူး..။

 ဒါပေမယ့် ဆော့ဝဲလ် သုံးပြီး Toolbar တွေ ထုတ်ရမှာ မို့.. Browser မှာ နေ့စဉ် လနဲ့ ချီပြီး အသုံးပြု ခဲ့တဲ့ အမှိုက် လို့ပြောရမယ့် Browsing Data (History) တွေကို ရှင်းလင်းပေးရမှာ ဖြစ်တဲ့အတွက် အချိန်တော့ အများကြီး ပေးရပါလိမ့်မယ်..။ 

Toolbar တွေ များရင် များသလို ကြာမှာမို့ မိမိတို့ အလုပ် အားတဲ့ အချိန်မှာ မှ  ဒီနည်းကို အသုံးပြုသင့် ပါတယ်..။ အားလုံး ရှင်းလင်းပြီးသွား ရင်တော့ စက်ကို Restart ချပေးပြီး မှ အသုံးပြုရင် အရင်ကထက် Browser တွေ ပိုမိုမြန်ဆန်နေတာ လက်တွေ့မြင်ရ ပါလိမ့်မယ်..။ 

ကျနော်တို့တွေ အသုံး အများဆုံးဖြစ်တဲ့ Mozilla Firefox နဲ့ Google Chrome Browser တွေနဲ့ လုပ်ပြပေးထား ပါတယ်..။ တဆင့်စီ အသုံးပြုတတ်အောင် ရှင်းပြပေးထားတာမို့ ပုံတွေတော့ များပါတယ်..။ Browser တွေ မြန်အောင် လုပ်နည်း ကို မသိသေး၊ မလုပ်တတ်သေး တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့် လိုက်ပါဗျာ..။

ကျနော် ဒီပိုစ့်မှာ ပြပေးထား တဲ့ ပုံတွေထဲ က ဆော့ဝဲလ်တွေ ကို လိုအပ်တဲ့ သူများ ကတော့ အောက်က လင့်တွေ ကနေ ဒေါင်းယူနိုင်ပါတယ်..။



CCleaner 4.0.0  - 4.1 MB


အောက်ကတစ်ခုကတော့ ပါတ်စ်ဝါဒ့် http://lwinminbo.blogspot.com/ ကို ထည့်ပေးပြီး ဒေါင်းယူနိုင် ပါတယ်..။ Your Uninstaller ကို ကျနော် အရင်ပိုစ့်တွေ အတိုင်း ဖိုင်နာမည်ပြောင်း တင်ပေးထား ပါတယ်..။




CCleaner နဲ့ အမှိုက်တွေ ရှင်းတဲ့အခါ အောက်ကပုံအတိုင်း မျှားပြထားတဲ့ နေရာက Windows နဲ့ Applications နေရာတွေမှာ အမှန်ခြစ် အားလုံးပေးပြီးမှ Run Cleaner ကို နှိပ်ပါ..။







အပေါ်ပုံအတိုင်း CCleaner နဲ့ ပြီးသွားရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Mozilla ကို ဖွင့်ပါ..။ ပုံမှာပြထားတဲ့ အတိုင်း Add-ons Manager ကို ထပ်ဖွင့်ပါတယ်..။






Plugins နေရာ မှ Shockwave Flash တခုကို ချန်ထား ခဲ့ပါ..။ ကျန်တာတွေ အားလုံး Disable ပေး လိုက်ပါ..။ အပေါ် ပုံနဲ့ အောက်ပုံ ၂ခု ကို ယှဉ်ပြပေးထား ပါတယ်..။



ပြီးရင်တော့ Extensions ကို ကလစ်ပြီး အောက်က ပုံတွေ အတိုင်း ဆက် လုပ်ပေးပါ..။




IDM CC တခု ကိုသာ ချန်ထားခဲ့ပါ..။ ကျန်တာတွေ ကို Remove / Disable ပေးလိုက် ပါ..။ အပေါ်ပုံ နဲ့ အောက်ပုံ ယှဉ်ပြပေးထား ပါတယ်..။




အပေါ်ကတော့ Mozilla အတွက် ပြီးသွားပါပြီ..။ အောက်ကပုံတွေကတော့ Google Chrome အသုံးပြုသူများအတွက် ဒီပုံလေးတွေ အတိုင်း ဆက်ပြီး လုပ်ပေးလိုက်ပါ..။ 




အောက်ကပုံလိုမျိုး မျှားအပြာရောင် ပြထားတဲ့ ပုံလေးနဲ့ IDM ပုံရှိခဲ့ရင် ချန်ထားခဲ့ပါ..။ တခြား Toolbar တွေကိုတော့ မျှားနီပြထားတဲ့ ပုံတွေအတိုင်း Remove နဲ့ရှင်းထုတ်ပစ်လိုက်ပါ..။ 



ကျနော် အောက်ကပုံတွေ အတိုင်း Remove နဲ့ ထုတ်ပစ်လိုက် ပါတယ်..။










Chrome Browser အတွက် တကယ် လိုအပ်တဲ့ Font Tagger နဲ့ IDM ၂မျိုး ပဲ ထားပေး လိုက်ပါ..။ ကျန်တဲ့ Toolbar တွေ ကို Remove နဲ့ ရှင်းထုတ် လိုက်ပါတယ်..။

အောက်က ပုံကတော့ Advanced System Care ထဲမှာ ပါလာတဲ့ IObit Uninstaller လေးပါ..။ ဒီကောင်လေး နဲ့ ကျနော် ကွန်ပျူတာ ထဲမှာ ရှိနေတဲ့ Toolbar တွေကို ရှာကြည့်လိုက် တာပါ..။ သူ့ရဲ့ Uninstaller နဲ့ ထုတ်ပစ် လည်း ရပါတယ်..။ ဒါပေမယ့် Toolbar တွေ ရဲ့ Registry ကီးတွေ ကို အကုန်ထုတ်ပစ် မပေးနိုင်ပါဘူး..။ 

ဒါကြောင့် ကျနော့် Your Uninstaller နဲ့ ပြောင်း သုံးပါတယ်..။ Your Uninstaller ကတော့ ဆော့ဝဲလ် တခုစီရဲ့ Registry ကီးတွေ ကို အားလုံး နီးပါး ပြန်ထုတ် ပစ်ပေးနိုင်ပါတယ်..။ ဒါကြောင့် ကျနော် အခုနောက်ပိုင်းတော့ ဆော့ဝဲလ်တွေ ထုတ်တဲ့ အခါ Your Uninstaller လေးပဲ အမြဲသုံးဖြစ်နေတာ ပါ..။ အောက်မှာ ပုံလေးတွေ နဲ့ ဆက်ကြည့်လိုက် ပါဗျာ..။






အပေါ်ပုံက IObit ဆော့ဝဲလ် Toolbar နေရာ မှာ မြင်နေရတဲ့ Toolbar အများစု ကို Your Uninstaller ဆော့ဝဲလ်ထဲ မှာတော့ အားလုံး ကို မမြင်ရနိုင် ပါဘူး..။ ဒါကြောင့် ကျနော် အောက်က ပုံ အတိုင်း အပေါ်ပုံ မှာ မြင်နေရတဲ့ Toolbar နာမည် တခုကို ရိုက်ထည့်လိုက်တဲ့ အခါ ပေါ်လာပါတယ်..။ အဲ့ဒီ Toolbar ကလစ်ပြီး ဘေးက အမှိုက်ပုံး ကို နှိပ်လိုက်ပါတယ်..။ အောက်က ပုံတွေ အတိုင်းပါပဲ..။





အမှိုက်ပုံး ကို နှိပ်ပြီး တဲ့အခါ အောက်က ပုံအတိုင်း Super Mode နဲ့ သွားလိုက် ပါတယ်..။








အပေါ်ပုံတွေ အတိုင်း ဆော့ဝဲလ်တိုင်း ပေါ်လာမှာ မဟုတ်ပါဘူး..။ ဒီပိုစ့် မှာ ကျနော်က Toolbar တခုကို ထုတ် တတ်အောင်အစမ်းလုပ်ပြပေးထားခြင်း သာ ဖြစ်ပါတယ်..။ ပြောချင် တာ ကတော့ အောက်က ပုံမှာ ပေါ်လာတဲ့ Registry entries ကီးတွေကိုပါပဲ.. ဆော့ဝဲလ် တိုင်း ဒီလို ကီးတွေ ပေါ်လာ မှာပါ..။ 

ဒါ ကတော့ ဒီဆော့ဝဲလ် ရဲ့ ဒီ Toolbar ရဲ့ ကီးတွေ ပါပဲ..။ အဲ့ဒါတွေ ကို အားလုံး ကို အမှန်ခြစ်တွေပေးပြီး Next ကိုနှိပ် ၍ ဖျက်ထုတ် ပစ်ပေးရမှာပါ..။ ဒီ Your Uninstaller ဆော့ဝဲလ်လေး က ဆော့ဝဲလ် တခုစီရဲ့ Registry entries ကီးတွေ ကို လိုက်ရှာပေးရတဲ့ အတွက် Toolbar တခု ထုတ်တိုင်း ၊ ဆော့ဝဲလ် တခု ထုတ်တိုင်း အချိန်တော့ နည်းနည်းပေး ရပါတယ်..။ 






Complete ဆိုရင်တော့ Finish ပေးလိုက် လို့ ရသွား ပါပြီ..။ အောက်ကပုံတွေ ကတော့ နောက်ထပ် တခြား Toolbar တွေ ကို ထပ်ထုတ်ပြပေး ထားတာပါ..။ လုပ်နည်း ကတော့ အပေါ် ကနဲ့ အတူတူပါပဲ..။ ဆက်ကြည့် လိုက်ပါဗျာ..။








အောက်က ပုံကတော့ နောက် Toolbar တွေကို ပါ ထုတ်ပြပေးထား တာပါ..။ ဒီဆော့ဝဲလ် ထဲမှာ ပေါ်လာ တဲ့ Toolbar တွေ ကိုတော့ တခါ တည်း ကလစ်ပြီး ထုတ်ပစ်လို့ ရပါတယ်..။










အပေါ်မှာ ဖွင့်ပြထားတဲ့ IObit Uninstaller ကို ပိတ်ပစ် လိုက်ပြီး ပြန်ဖွင့် လိုက်တဲ့ အခါ မှာတော့ အောက်က ပုံအတိုင်း မြင်နေရပါပြီ..။ IDM ကတော့ ကျနော်တို့အတွက် တကယ် လိုအပ်တဲ့ အတွက် မထုတ်ပဲ ထားခဲ့ လိုက်ပါပြီ..။




ကျနော် ကွန်ပျူတာ ကို Restart ချပြီး Browser ကို ပြန်ဖွင့်ကြည့်လိုက် တဲ့ အခါမှာတော့ အောက်ကပုံ အတိုင်း မြင်နေ ရပါပြီ..။ ဒီနေ့တော့ ကျနော့် ကွန်ပျူတာ ရဲ့ Browser တွေကို အသုံးပြုရ တာ အရင် ရ က်ေ တွ ကထက် ပိုမြန်လို့ နေပါပြီ..။ ကျနော့် မိတ်ဆွေများ လည်း Browser တွေ မြန်ချင် ရင် ဒီနည်းလေး နဲ့ အသုံးပြု ရှင်းလင်းပေးလိုက်ပါ..။ တကယ်မြန်လာပါလိမ့်မယ်..။






Shockwave Flash နဲ့ IDM CC စာသား ပါတဲ့ ကောင်လေးတွေ ကိုတော့ လုံးဝဖျက်ပ စ်ဖို့ မလိုပါဘူး..။ ကျနော်တို့ အတွက် မရှိမဖြစ် တကယ်အသုံးလိုတဲ့ ကောင်လေးတွေမို့ Browser မှာ ထည့်ပေးထားရမှာပါ..။ ဒီလောက် ဆိုရင်တော့ Browser တွေအတွက် အတော်လေး စုံသွား ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင် တတ် ၍ အဆင်ပြေကြပါစေ..။
From...လွင်မင်းဗိုလ် (နည်းပညာ)

No comments:

Post a Comment