*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 27 July 2014

Hack ခံရခြင်း မှ ကင်းဝေးအောင် Password ဘယ်လိုပေးမလဲ


ကျနော် တို့ အိုင်တီခေတ်ကြီး ထဲမှာ လူ တစ်ယောက်မှာ Facebook Account, Gmail Account, Apple ID Account စတာတွေ အများကြီး ပိုင်ဆိုင် လာကြပါပြီ။ အခုလို ပိုင်ဆိုင် လာမူတွေ အပေါ်မှာ ကာကွယ် မူတွေ လည်း ပါလာ ပါပြီ။

ကို့ယ့် အကောင့်တွေ ကို သူများ လက်ထဲ မရောက်အောင် Password များဖြင့် ကာကွယ်ကြရ မှာပါ။ ဒီလို Password  တွေ ထားတဲ့နေရာ မှာ လွယ်လွယ် ကူကူလေးတွေ သာ ထားမယ် ဆိုလျှင် အကောင့် ကိုဖောက် ထွင်းဖို့ အတွက် တခြားလူ အတွက် လွယ်ကူစေမှာပါ။ 


ဥပမာ.... မွေးနေ့ရက် ကို ထားတာမျိုး ဆိုလျှင် ကိုနဲ့ ရင်းနှီးနေတဲ့ သူတစ်ယောက် အဖို့ တစ်ခေါက် နှစ်ခေါက်လောက် စမ်းကြည့် တာနဲ့ ပွင့် သွားမှာပါ။ 




ဒါဆိုရင်တော့ Password ဆိုတာ အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ အတွက် သူ များတွေ လွယ်လွယ်နဲ့ မသိ နိုင်အောင် ထားရ မှာပါ။ ဟုတ်ပါပြီ။
ဒါဆို Password ထားတဲ့ အခါ ဘယ်လို ထားကြမလဲ? ယခု ပို့စ်လေးက ဒီမေးခွန်းလေး အားဖြေပေးမှာပါ။

နံပါတ် (၁) Password ထားတဲ့ အခါမှာ Dictionary ထဲက စာလုံးတွေကို မထားပါနဲ့ ( Dictionary-based attacks) ရှိနိုင် တာကြောင့်ပါ ။

နံပါတ် (၂) Username and Password ဘယ်တော့ မှ တူအောင် မထားပါနဲ့ ။

နံပါတ် (၃) Password ထဲမှာ အက္ခရာတွေ ဂဏန်းတွေ Special Characters ( # @) စတာတွေ အပြင် အက္ခရာတွေ ကို အကြီး အသေးတွေဖြင့် ဖွဲ့စည်းပါ ။

နံပါတ် (၄) ဒီ ပုံစံကတော့ ကျနော် တို့ မြန်မာတွေတော်တော် များများ ထားတတ် ပါတယ်။ နာမည် အနောက် မှာ ဂဏန်းတွေဖြင့် Password ကို တည်ဆောက်ခြင်း ပါ။ (ဥပမာ. myominaung1234) အဲဒီလို ထားခြင်းမျိုး ကို ရှောင်ကြဉ်သင့် ပါတယ်။

နံပါတ် (၅) Password တစ်ခုထဲ မှာပဲ သုံးပြီးသား စကားလုံးတွေ ပြန် မထပ် ပါစေနဲ့ ။

နံပါတ် (၆) Password ကို အဆင်ပြေတဲ့ အချိန်တစ်ခုတိုင်း မှာ ပြောင်းပြောင်းပေးပါ။ တစ်ချိန် လုံး ဒီ Password ကြီးပဲ အသုံး မပြုပါနဲ့။

နံပါတ် (၇) ကို့ Password ကို စာရွက်ပေါ် မှာဖြစ်စေ ကိုယ်ပိုင် ကွန်ပျူ  တာ Background မှာဖြစ်စေ ချမရေးထား မိပါစေနဲ့။

နံပါတ် (၈)
ကျနော် တို့မှာ အကောင့် တစ်ခုထက် ပိုရှိတယ် ဆိုလျှင် အကောင့် တစ်ခုနဲ့ တစ်ခု တူညီတဲ့ Password မထားထား ပါနဲ့ ။

နံပါတ် (၉) ကို့ယ့် ရဲ့ Password ကို ကိုယ် မမှတ်မိနိုင်တဲ့ Random ပေးနည်း
မျိုးနဲ့ ဘယ်တော့မှ မပေး မိ ပါစေနဲ့။
ဒီလောက် ဆို Password ပေးနည်းလေး မှာ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ ။

 
 
ကျနော်တို့ပေ့ခ်ျ မှ တစ်စုံ တစ်ခု ရသွားတယ် ဆိုလျှင်ကျေနပ်နေတဲ့.... IT4M

No comments:

Post a Comment