*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 2 July 2014

Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း







ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေ ကို ရှင်းတဲ့ နည်းလမ်းတွေ အများကြီး ထဲက ဒီ တစ်နည်းကို အရင်ဖော်ပြလိုက် ပါတယ်..။ နေ့ စဉ် မိမိတို့ ကွန်ပျူတာ ကို ဖွင့်သုံးနေ သမျှ ကွန်ပျူတာ ထဲမှာ အမှိုက်တွေ ကလည်း များလာ ပါတယ်..။ 

ကြာလာတာနဲ့ အမျှ အမှိုက်တွေ များလာတော့ စက်က လေးလာ ပါတယ်..။ ဗိုင်းရပ်စ်ကြောင့် မဟုတ်ပဲ အမှိုက်ကြောင့် လည်း စက်လေး တတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ် ရှင်းပေးသင့် ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပတ် တစ်ခါ၊ နှစ်ခါတော့ ပုံမှန် ရှင်းပေးသင့် ပါတယ်..။  

အခု ဒီနည်းလေး ကလည်း ကျနော် အမြဲသုံးတဲ့ နည်းလေး မို့လို့ အရင် တင်ပေးလိုက် ပါတယ်..။ လုပ်နည်း ကတော့ ကီးဘုတ်ရှော့ကတ် ကီး Windows logo + R နဲ့ Run Box ကို အရင် ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက် က စာသုံးကြောင်း ကို တကြိမ်စီ ရိုက်ထည့် ရပါမယ်..။ 

တကြောင်းပြီး မှ တကြောင်း ရိုက်ထည့် ရမှာ ဖြစ်ပါတယ်..။ 
ပထမ တကြောင်း %temp% ၊ 
ဒုတိယတကြောင်း prefetch ၊ 
တတိယ တကြောင်း recent .....  ဆိုပြီး တကြောင်း စီ ရိုက် ထည့်ပြီး တိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာ ပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက် ပါဗျာ... အဆင်ပြေပါစေ...


ပထမ စာကြောင်း
**************
 ... windows+R နဲ့ Run ဘောက်စ် ဖွင့်ပြီး ပထမ စာကြောင်း %temp% ရိုက် ထည့်ပါ.. ပုံမှာ ဆက်ကြည့် လိုက်ပါ..။





ဒုတိယ စာကြောင်း 
*****************
.... prefetch ကို Run Box တွင် ထပ်ရိုက် ထည့်ပါ..။ ပုံမှာ ဆက်ကြည့်လိုက် ပါဗျာ..






တတိယ စာကြောင်း 
****************
....... recent ကို Run Box တွင် ထပ်ရိုက် ထည့်ပါ




အပေါ် က စာသုံးကြောင်း နဲ့ အမှိုက်တွေ ရှင်းပြီး ရင်တော့ အမှိုက်တွေ အားလုံး Recycle Bin လို့ခေါ် တဲ့ အမှိုက်ပုံး ထဲကို ရောက်သွား ပါပြီ..။ မပြီးသေး ပါဘူး.. အမှိုက်တွေ သွန်လိုက် ပါဦး .. 

 အောက်ကပုံမှာ ပြထား တဲ့ အတိုင်း ဆက်လုပ် လိုက်ပါ..
*******************************************



ဒီ အဆင့်တွေ အားလုံး ပြီးသွား ရင်တော့ မိမိတို့ စက်ထဲမှာ အမှိုက်တော်တော် များများ ရှင်းသွား ပါပြီ.. နောက်ထပ် အမှိုက် ရှင်းတဲ့ နည်းလမ်း များ နောက်ပိုစ့်တွေ မှာ ထပ်တင် သွားပါဦးမည်..။ အားလုံးပဲ အဆင်ပြေကြ ပါစေဗျာ....


သိချင်တာတွေ ၇ှိသေး၇င် ဒီနေ၇ာမှာ ၀င်ေ၇ာက်၇ှာဖွေ မေးမြန်းနိုင်ပါတယ်...

 From...လွင်မင်းဗိုလ် (နည်းပညာ)

No comments:

Post a Comment