*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 July 2014

Wi-Fi အသုံးပြုသူ များ ကို Windows တွင် ကြည့်ရှုခြင်း

 
တစ်ခါ တစ်ရံ တွင် အိမ်နီးနားချင်း သို့မဟုတ် သူစိမ်း များက မိမိ ၏ အင်တာနက် ချိတ်ဆက်မှု များကို ခိုးယူ သုံးစွဲခြင်း အတွက် Wi-Fi password တစ်ခု တည်းဖြင့် ကာကွယ်ရန် မလုံလောက်ပေ ။ 

အချို့သော အခြေ အနေများ တွင် မိမိ ၏ အင်တာနက် ချိတ်ဆက် မှုကို ထုတ်ကုန် အများ အပြား ထံ ဝေမျှ သုံးစွဲခြင်းကြောင့် လည်း ဝက်ဘ်ဆိုက် များနှင့် ဗီဒီယို များ ကြည့်ရှုခြင်း အပြင် ဖိုင်များ ပေးပို့ ရာတွင် ယခင် သုံးနေကျ ထက် လျင်မြန်မှု နှေးကွေးနိုင်သည်။ 

ထို့ကြောင့် Wi-Fi သုံးစွဲသူများ ကို အခမဲ့ Windows app တစ်ခုဖြင့် အသုံးပြု ကာ ကြည့်ရှုနိုင်မည့် နည်း လမ်း ကို ဖော်ပြလိုက် ပါသည်။


အဆင့် (၁) - Who Is On My WiFi ကို install လုပ်ပါ။



အဆင့် (၂) - Install လုပ်ပြီးသည့်နောက် app ကို ဖွင့်ပါ။ လမ်းညွှန်ချက်များ အတိုင်း ပြုလုပ်ပါ။ ပထမဦးဆုံး အဆင့်တွင် network scan ပြုလုပ် ရမည် ဖြစ်သည်။



Scan လုပ်ပြီး သည့်နောက် IP လိပ်စာ စာရင်း များပေါ်လာမည်။ IP လိပ်စာ တစ်ခုချင်း စီတွင် MAC address နှင့် local IP များဖြင့် ဖော်ပြထားသည်။

အဆင့် (၃) - အကယ်၍ အပေါ် တွင် ပြသ ထားသည့် ဓာတ်ပုံ အတိုင်း ချိတ်ဆက်မှု အများအပြား ရှိပါက ချိတ်ဆက်မှုများ ကို သက်ဆိုင်ရာ နာမည် ထည့်သွင်းကာ အလွယ် တကူ ခွဲခြားထားနိုင်သည်။



အဆင့် (၄) - အကယ်၍ တစ်စုံ တစ်ယောက် က သင်၏ Wi-Fi ကို အခွင့်မရှိ ဘဲ သုံးစွဲနေပါ က wireless password ကို ပြောင်းလဲ သင့်သည်။

Ref: CNET

No comments:

Post a Comment