*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 9 July 2014

နာမည်ကျော် Windows ထုတ်ကုန်များ အတွက် ထောက်ပံ့မှု ရပ်ဆိုင်းမည့် အချိန်ကို Microsoft ကြေညာ


Windows 7 အပါအဝင် ကုမ္ပဏီ ၏ နာမည်ကျော် ထုတ်ကုန်များ အတွက် ထောက်ပံ့ မှု ရပ်ဆိုင်း မည့် အချိန် ကို Microsoft က ကြေညာ သည်။

Microsoft သည် Windows 7 ဗားရှင်း အားလုံး (Enterprise, Home Basic, Home Premium, Ultimate, Starter) အပါ အဝင် နာမည်ကျော် Microsoft ထုတ်ကုန်များ အတွက် mainstream support ကို လာမည့်နှစ် ဇန်နဝါရီလ ၁၃ ရက် တွင် အဆုံး သတ်မည် ဖြစ်သည်။

 Windows 7 အတွက် extended support ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ လ ၁၄ ရက်တွင် အဆုံး သတ် မည် ဖြစ် သည်။ ထို့ကြောင့် Windows 7 သုံးစွဲ သူများသည် နောက် ငါးနှစ် အထိ လုံခြုံရေး update များကို အခ မဲ့ ဆက်လက် ရရှိမည် ဖြစ်သော်လည်း feature update များကို လက်ခံ ရရှိတော့မည် မဟုတ်ပေ။ 


Windows 7 Service Pack 1 သုံးစွဲသူ များ၏ mainstream နှင့် extended support ရပ်ဆိုင်း မည့်နေ့စွဲ မှာလည်း အထက်ပါအတိုင်း ဖြစ်သည်။

ထို့ အပြင် Microsoft သည် Windows Server 2008 နှင့် 2008 R2 အပြင် Windows Storage Server 2008 ဗားရှင်း အားလုံး အတွက် mainstream support ကို လာမည့်နှစ် ဇန်နဝါရီ လ ၁၃ ရက်တွင် ရပ်ဆိုင်း မည် ဖြစ်သည်။ 

Dynamics C5 2010, NAV 2009 နှင့် NAV 2009 R2 တို့အတွက် mainstream support ကိုလည်း အဆိုပါနေ့တွင် ရပ်ဆိုင်းမည် ဟု သိရသည်။

Office 2010 Service Pack 1 အတွက် အထောက် အပံ့ကို ယခုနှစ် အောက်တိုဘာ လ ၁၄ ရက်တွင် ရပ်ဆိုင်း မည် ဖြစ်သည်။ 

ထို့အပြင် Forefront Unified Access Gateway 2010 SP3 နှင့် Visual Studio 2012 Remote Tools, Test Professional အပြင် Web, Windows 8 နှင့် Windows Desktop အတွက် Express တို့ကို လည်း ထောက်ပံ့မှု များ ရပ်ဆိုင်း သွားမည် ဖြစ်သည်။

Windows Phone 7.8 mainstream support ကိုမူ ယခုနှစ် စက်တင်ဘာ လ ၁၄ ရက် တွင် ရပ်ဆိုင်းမည် ဟု သိရသည်။

Mainstream support ဆိုသည် မှာ ငါးနှစ် အတွင်း အခ မဲ့ patch များနှင့် ပြင်ဆင်မှု များကို Microsoft က ထောက်ပံ့ပေးခြင်းဖြစ်သည်။ Extended support က မူ သုံးစွဲ သူများအား အခမဲ့ လုံခြုံရေး ပြင်ဆင် မှုများနှင့် အခပေး update များ ကို ထောက်ပံ့ပေးခြင်း ဖြစ်သည်။

Ref: CNET
From...Internet Journal
 

No comments:

Post a Comment