*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

အော်ရီဒူး ဆင်းကတ် များ မှတ်ပုံတင် ရာတွင် ခက်ခဲမှု ရှိနေ

Ooredoo Sell YGN 31072014(4

မကြာသေးခင် က စတင်ရောင်းချ ခဲ့တဲ့ အော်ရီဒူး ဆင်းကတ်တွေ ကို ရေရှည် သုံးစွဲနိုင်ဖို့ အတွက် မှတ်ပုံ တင် ဖို့ လို အပ်ပြီး မှတ်ပုံတင် ရာမှာ အဆင် မပြေမှုတွေ ရှိနေပါတယ်။

အော်ရီဒူး ကုမ္ပဏီ က ရောင်းချနေ တဲ့ ဖုန်းဆင်းကတ်တွေ ကို သြဂုတ် ၁၄ ရက်နေ့ အထိ မှတ်ပုံ မတင်ဘူး ဆိုရင် အလို အလျောက် ပိတ်သွား ဖို့ ရှိနေပါတယ်။

ဝယ်ယူသူ ရဲ့ မှတ်ပုံတင် နဲ့ ဆင်းကတ် ရဲ့ ဘားကုတ် ကို တွဲမှတ် တဲ့ စနစ်နဲ့ မှတ်ပုံတင် စာရင်းသွင်း တာဖြစ်ပြီး ရောင်းချ တဲ့ ဆိုင်တွေ က ဒါကို တာဝန်ယူ လုပ်ဆောင်ပေးရ မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆင်းကတ်တွေ ကို မှတ်ပုံတင်ရာ မှာ အခက်အခဲ ရှိနေပြီး ဒီနေ့အချိန်ထိ မှတ်ပုံ မတင်ရသေးတဲ့ ဆင်းကတ် အများအပြား ရှိနေပါသေးတယ်။


ဆင်းကတ်တွေ မှတ်ပုံတင် ဖို့ အတွက် ကုမ္ပဏီ က လိုအပ်တာတွေ ကို ထောက်ပံ့ ထားတယ်လို့ ဖုန်းဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ယုဇန ပလာဇာမှာ ဖွင့်ထားတဲ့ ဖုန်းဆိုင် ပိုင်ရှင် တစ်ဦးက မှတ်ပုံတင် ရာမှာ ကြုံတွေ့ရတာကို အခုလို ပြောပါတယ်။
“ပထမ ကတော့ သူတို့ တိုက်ရိုက်ပေးထားတယ်။ အွန်လိုင်း register (မှတ်ပုံတင်) လုပ်ဖို့ အတွက် ရုံး ကို ပြန် ပို့နေရတယ်။ နောက်ပိုင်းတော့ အွန်လိုင်း register ပဲ ပြန်ချ မယ်နဲ့ တူပါတယ် ။ လောလော ဆယ်တော့ ရုံး ကို ပြန်ပို့နေရတယ်။ 

မနေ့ကမှ စတယ်။ ရုံးကို ပို့လိုက်ပြီ ဆိုတော့ သူတို့ တာဝန်ဖြစ် သွားပြီ။ ၁၀ ကတ်လောက်ပဲ လုပ်လိုက် တယ် ။ နောက်ပိုင်း ၀င်လို့ မရတော့ ဘူး။ ဆာဗာတွေ ဒေါင်း သွားလို့။ ကျနော် တယောက်တည်း ပြဿ နာ ဖြစ်နေတာ မဟုတ်ဘူး။ ဆိုင် တော်တော် များများဖြစ်နေတော့ ရုံးကိုပြန်ပို့တဲ့ အစီအစဉ်ပေါ့။ သူတို့ လာကောက်သွားတယ်။”

ရန်ကုန်မြို့၊ ဆူးလေ အနားက မိုဘိုင်းဖုန်းဆိုင် တာဝန်ရှိသူ တဦးကတော့ ဆိုင် မှာရောင်းသမျှ ဆင်း ကတ်တွေ ကို မှတ်ပုံ တင်ပေးနေပြီး အင်တာနက်လိုင်း မကောင်း တာက အခက်အခဲ ရှိပါတယ် လို့ ပြောပါ တယ်။

ဒါပေမယ့် ဆင်းကတ် ၄၀၀ လောက်ကို မှတ်ပုံတင်ဖို့ အတွက် အချိန် ၅ နာရီလောက် ပေးရတယ် လို့ သူက ဆက်ပြောပါတယ်။
အခုလို မှတ်ပုံတင် ရာမှာ အခက် အခဲကြုံတွေ့နေတာ နဲ့ပတ်သက်ပြီး အော်ရီဒူး ကုမ္ပဏီ ရဲ့ လူမှု ဆက် ဆံရေး အရာ ရှိ မသီရိကြာညို က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“မှတ်ပုံတင် လုပ်ဖို့ ကလည်း အင်မတန် အရေးကြီးပါတယ်။ မှတ်ပုံတင် လုပ်ပြီး မှလည်း ကိုယ့်ဖုန်း နဲ့ ကိုယ့် နာမည်နဲ့ ဖြစ်မှာပါ။ မှတ်ပုံတင် လုပ်တာလည်း အရမ်း လွယ်ပါတယ်။ ကျမ တို့ရဲ့ အောရီဒူး ဆိုင်တွေမှာ သွား လုပ်လို့ လည်း ရပါတယ်။ ပြည်တွင်းဖြစ် ထုတ်လုပ်ထားတဲ့ mobile application သုံးထား ပါတယ်။ အဲဒီ mobile application နဲ့ပဲ သေသေ ချာချာ လုပ်ရပါတယ်။ အစ်မ တို့တွေလည်း မှတ်ပုံတင် တာတွေ ကူ လုပ်ပေးနေပါတယ်။”

ဝယ်ယူ ထားတဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ပြီး မပြီး သိနိုင်ဖို့ အတွက် ဆင်းကတ် ဘူးခွံ မှာပါတဲ့ ၀န်ဆောင် မှု ဌာနကို ဆက်သွယ်မေးမြန်းနိုင် မှာ ဖြစ်ပါတယ်။

အော်ရီဒူး ကုမ္ပဏီ က ဆင်းကတ်တွေ ကို သြဂုတ်လ ၂ ရက်နေ့ မှာ တရားဝင် စရောင်း ခဲ့ပြီး လို သလောက်ရောင်း ချသွားမယ် လို့ ကုမ္ပဏီ တာဝန်ရှိသူတွေ က ပြောပါတယ်။ 

From...Search Myanmar

 

No comments:

Post a Comment