*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 12 August 2014

အခွန် တိမ်းရှောင် ပါက ပြင်းထန်စွာ အရေးယူ သွားမည်

 

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း အခွန်ကောက်ခံ ရရှိမှု ၀င်ငွေ ယမန်နှစ် ထက် ၂၀ ရာခိုင်နှုန်း ပိုလာ ရန်မျှော်လင့် ထားရာ အခွန်ဆောင်ရန် ပျက်ကွက်နေမှု များ အတွက် ပြင်းထန် စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အခွန် အရာရှိ များက ပြောသည်။

 ပြည်တွင်း အခွန်များ ဦးစီးဌာန ၏ ကုမ္ပဏီ များဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူး ဦးတင် ထွန်းနိုင်က ဩဂုတ်လ အတွင်းအခွန် ဆောင် ရန်ပျက်ကွက် ပါက အရေးယူဆောင်ရွက်သွား မည့် အစီအစဉ် များကို သတင်းစာများတွင် ကြေညာသွားမည် ဟုပြောသည်။

“ကြေညာ ပြီးတဲ့နောက်ပိုင်း မှာ အရေးယူ မယ့် အစီအစဉ်တွေဆောင်ရွက် သွားပါမယ်”ဟု ၎င်းကပြော သည်။


ယမန်နှစ်က အခွန်ကောက်ခံ ရရှိမှု မှာ ကျပ် ၃ ဒသမ ၅ ထရီလျံ ၀င်ငွေ ရရှိကြောင်း ဘဏ္ဍာ ရေး ၀န်ကြီး ဌာနက ထုတ်ပြန်ကြေညာ ခဲ့ပြီး ယခုနှစ် အတွင်း ၁၅ မှ ၂၀ ရာခိုင်နှုန်း အထိ မြင့်တက် လာရန် လျာထား လျက်ရှိသည်။ 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အခွန် ဦးစီးဌာန က အခွန်ဆောင် ရန်ကျန် ရှိနေသေးသော စက်မှု လုပ် ငန်းပေါင်း ၄၀၀ ကျော် ကို အခွန် စစ်ဆေးသွားမ ည်ဖြစ်ကြောင်း သတင်းမီဒီ ယာ များတွင် ဇူလိုင် လနှောင်း ပိုင်းက ရေးသား ဖော်ပြခဲ့ကြသည်။

အဆိုပါ အစီအစဉ် ကို ပြည်ထဲရေး ၀န်ကြီး ဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဌာန တို့နှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ် ကြောင်းနှင့် ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ် အထိ ချမှတ်ဆောင် ရွက်နိုင်ပြီး လုပ် ငန်း များ ကိုပါ ပိတ်သိမ်း သွားနိုင်ကြောင်း ကြေညာ ထားပြီးဖြစ်သည်။

ဝင်ငွေ ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ များ ပြင်ဆင်ခြင်း ကို ယခုနှစ် မတ်လ အတွင်းက ပြည်ထောင် စု လွှတ်တော် မှ တစ်ဆင့် အတည်ပြု ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ် များတွင်လည်း လက်တွေ့နှင့် ကိုက်ညီ မှု မရှိသော အချက်များ ကို ထပ်မံပြင်ဆင် သွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စား လှယ် များ က ပြော သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံး ခဲ့သော အခွန် ဥပဒေများ မှာ အဓိက အားဖြင့် လူကို ဖမ်းဆီး အရေးယူခြင်း
ထက် အခွန် ရှိရေးကိုသာ အဓိက ထားခဲ့သည်။


“နိုင်ငံတကာ ပုံစံတွေ အတိုင်းပဲ တဖြည်းဖြည်း လုပ်သွား မှာပါ”ဟု ဦးတင်ထွန်းနိုင် က ပြောသည်။
မှတ်ပုံတင် ထားသော ကုမ္ပဏီပေါင်း ၂၀,၀၀၀ ကျော်ရှိသည့် အနက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်း
ကလည်း ကုမ္ပဏီပေါင်း ၈,၂၀၀ မှာ အခွန်ဆောင်ခြင်း မရှိခဲ့ပေ။ 


ကုမ္ပဏီ အများစု မှာ ပုံမှန် အားဖြင့် နှစ်ပြည့် သက်တမ်းတိုး ရခြင်းကြောင့် မဖြစ် မနေအခွန် ဆောင်ကြ ရသော် လည်း အချို့လုပ်ငန်း ရှင် များမှာမူ မိမိတို့ လုပ်ငန်း လုပ်ကိုင်သော မြို့နယ်တွင်း ရှိ အခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ကာ ရသည့် ၀င်ငွေအောက်လျှော့ပြကာ အခွန် ဆောင်နေကြခြင်း မျိုးရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပြည်ပသို့ ဆန် တင်ပို့သည့် လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ပြီး  ကား အရောင်းစင် တာ၏ အုပ်ချုပ်မှု ဒါရိုက်တာ လည်းဖြစ်သူ ဒေါက်တာစိုးထွန်း က လုပ်ငန်းရှင်ကြီး များနျင့် ကုန်သည် များမှာ ကုမ္ပဏီ သတင်း အချက် အလက် ရယူရန် လွယ်ကူ သဖြင့် အခွန်ရှောင်ရန် မဖြစ်နိုင်သော် လည်း မြို့နယ်လမ်းများပေါ်တွင် ဖွင့်လှစ် ထား သော ဆိုင်များနှင့် တစ်ဦးချင်း လုပ်ငန်းရှင် များ ထံမှမူ အခွန်ကောက်ခံရရှိ ရန် ခက်ခဲ မည်ဖြစ် ကြောင်း ပြောသည်။

“အခွန် ပျက်ကွက်မှုတွေ အတွက် အရေး ယူမည်"

mmtimes
From...Search Myanmar
 

No comments:

Post a Comment