*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 13 August 2014

ဦးနှောက် ကို ခွဲစိပ် ကုသမှု ပြုလုပ်နေစဉ် အတွင်း တယောထိုး မပျက်ခဲ့

            

အမေရိကန်ပြည်ထောင်စု မှာ နေထိုင်တဲ့ တယောထိုး ဆရာ တစ်ဦးဟာ ဦးနှောက် ကို ခွဲစိပ် ကုသမှုပြု လုပ်နေ စဉ် အတော အတွင်း တယောထိုး မပျက်ခဲ့ဘူး လို့ သိရပါတယ်။ ရော်ဂျာဖရစ် ဟာ သံစုံ တီးဝိုင်းမှာ တယောထိုး ဆရာ အဖြစ် ၀င်ရောက် လုပ်ကိုင်နေသူ လည်း ဖြစ်ပါတယ်။ 

သူဟာ တယောထိုး ရာမှာ အလွန် ကျွမ်းကျင် လှပေမယ့် ၂၀၀၉ ခုနှစ် မှာ ထူးခြား တဲ့ ဝေဒနာ တစ်ခုကို ရရှိခဲ့ ပါတယ်။ အဲဒီ ဝေဒနာ ကတော့ ကတုန် ကယင်ဖြစ်နေခြင်း ပဲ ဖြစ်ပါတယ်။ ဒီဝေဒနာကြောင့် သူဟာ တယော ကို ဆက်လက် ထိုးဖို့ အခက်အခဲတွေ အများ ကြီး ရှိလာခဲ့ပါတယ်။


 နောက်ဆုံး အခြေအနေကတော့ သူအရမ်းမြတ်နိုးတဲ့ တယောထိုးဆရာ ဘ၀ကို စွန့်လွှတ်ဖို့ အထိ ဖြစ်လာ ခဲ့ပါတယ်။ ဒါကြောင့် မို့ သူဟာ ဆရာဝန်တွေ နဲ့ တိုင်ပင်ပြီး သူ့ရဲ့ရောဂါဝေဒနာ ကို အဖြေရှာခဲ့ပါတယ်။

 သူ့ရဲ့ရောဂါဝေဒနာ ဟာ အာရုံကြော နဲ့ ပတ်သက်နေပြီး တယောထိုးစဉ် မှာ ဘာကြောင့် ကတုန် ကယင်ဖြစ်နေ သလဲဆိုတာကို ဦးနှောက် ခွဲစိပ်ကု ဆရာဝန်တွေက အဖြေရှာ ခဲ့ကြပါတယ်။ 

ဒါကြောင့် သူ့ကို ခွဲစိပ်ကုသမှုပြုလုပ် နေစဉ်မှာ တယော ကို ထိုးခိုင်းပြီး ကုသမှုပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် ဖြစ်နေတဲ့ ရောဂါဝေဒနာ ကို အနီးကပ်ဆုံး အဖြေရှာ မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ကို ဦးနှောက် အတွင်း အီလက်ထရို ပစ္စည်းထည့်သွင်း ပြီး ကုသပေးခဲ့တာဖြစ်ပါတယ်။ 

ဒီ ကုသမှု ဟာလည်း အောင်မြင်ခဲ့ ပါတယ်။ ဒီ ခွဲစိပ် ကုသမှုကို ပြီးခဲ့တဲ့ နွေဦး ကာလမှာပြု လုပ်ခဲ့ခြင်းဖြစ်ပြီး အခု ဆိုရင် ရောဂါဝေဒနာဟာ လုံးဝ သက်သာသွားခဲ့ပြီ ဖြစ်ပါတယ်။ တယောထိုး တာကို အရမ်း ၀ါသနာ ပါတဲ့ ရော်ဂျာဖရစ် ဟာ သံစုံ တီးဝိုင်းနဲ့ အတူ တယောကို ကောင်းစွာ ထိုးနိုင်ပြီဖြစ်ပါတယ်။

The messenger
From...Search Myanmar

 

No comments:

Post a Comment