*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

၂၀၀၈ ပြင်ဆင်ရေး မှ အလုံးစုံ ပျက်သုဉ်းရေး သို့


ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ တွင် မြန်မာနိုင်ငံ ၌ ကွန်မြူနစ် ၀ါဒ အသက်ဝင်ခဲ့သည် မှာ ၇၅ နှစ် တင်း တင်း ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် ရန်ကုန်မြို့ အရှေ့ပိုင်း ရပ်၊ ၄၈ လမ်း နေအိမ် တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည် သူ မြန်မာလူငယ် တစ်စု က ကွန်မြူနစ် ပါတီကို စတင် ဖွဲ့စည်း ခဲ့ပါသည်။

 ပါတီ စတင်ထူထောင် သူများ မှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသား စည်းရုံးရေး)၊  သခင်လှဖေ (ဘဏ္ဍာရေးမှူး) ၊ ရဲဘော်နတ်  (စာကြည့်တိုက်မှူး)နှင့် သခင်အောင်ဆန်း (အထွေထွေ အတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။
 

ယခုသော် အခြေအနေ များ ပြောင်းပြန် ကွာခြား ခဲ့ပြီး မက်စ် ၀ါဒသည် မြန်မာနိုင်ငံ တွင် ရေပန်း မစားတော့ ပါ။ သို့သော် တစ်ချိန် က မက်စ် ၀ါဒီ အဖြစ် ပြင်းထန်စွာ ယုံကြည် ခဲ့ကြသော ကွန်မြူနစ် အိုကြီးများ ၏ နေ၀င် ချိန်တွင်တော့ နောင်တ တရားတို့နှင့် ရောပြွမ်းနေသော အတွေး အမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန် ဆန်းစစ်နိုင်ရန် မေးမြန်း တင်ပြလိုက်ရပါသည်။


မေး-ဦး အနေနဲ့ ကွန်မြူနစ်ဟောင်း တစ်ယောက်လည်း ဖြစ်တဲ့ အပြင် လက်ရှိ လွှတ်တော်နိုင်ငံရေး အထိ သိမှီ ခဲ့သူ တစ်ဦး အနေနဲ့ အလေးစားဆုံး နိုင်ငံရေး သမားတစ်ဦးကို ပြောပြပါ။

ဖြေ- တစ်ယောက်တည်း ပြောရမယ် ဆိုရင်တော့ သခင်စိုး ပဲ။ နိုင်ငံရေး သီအိုရီ နဲ့ သဘောတရား အရ ပြော တာနော်။ ကိုယ်တို့ က သခင်စိုး ကို ဘုရား တစ်ဆူလို ကိုးကွယ်ခဲ့တာ။ သူ့ အမူအကျင့် ကို ပြော တာ မဟုတ်ဘူးနော်။ သခင်စိုး အပြင် နောက်တစ်ယောက် ဆိုရင်တော့ သခင်အောင်ဆန်း ပဲ။ သူကတော့ ရှင်းပြ စရာ လိုမယ် မထင်ပါဘူး။

မေး-ကွန်မြူ  နစ် ၀ါဒ ဘာကြောင့် ကျဆုံးခဲ့ရ တာလဲ။

ဖြေ- ကွန်မြူနစ် ၀ါဒ ကို ပြန်ကြည့်။ ပြင်သစ် က စတာ။ စာရွက်ပေါ် က အတွေး အခေါ်ပေါ့။ ဒါပေမယ့် လက်တွေ့ ကျင့်သုံး တာက ဆိုဗီယက်၊ တရုတ်၊ အနောက်ဥရောပ ။ ကဲ.  စဉ်းစားကြည့်မယ် ဆိုရင် မက်စ် က လူတွေ ကို ကလပ်စ် ခွဲပြီးကြည့် လိုက်တယ်။ အလျားလိုက် ကြည့်တာပေါ့။ 


ဓနရှင် စနစ်က လူတွေ ကို ဒေါင်လိုက် ခွဲပြီး ကြည့်တယ်။ မက်စ်ရော အိန်ဂျယ်ရော တစ်ကယ်တမ်း မှာ စိတ်ကူး ထဲမှာ နိုင်ငံ တည်ဆောက်ကြည့်ခဲ့ တာ။ လူတန်းစား ခွဲခြားပြီး ကြည့်မြင်တဲ့ အခါ မှာ ငါ မဟုတ်ရင် မင်း ဆိုတဲ့ အမြင် ထွက်လာတယ်။ လူတန်းစား ညှိတယ် ဆိုတာက သဘာဝ ကို လွန်ဆန်နိုင်ဖို့ ကြိုးစား တာပဲ။ 

ချမ်းသာတဲ့ သူက ချမ်းသာမယ်။ ဆင်းရဲ သူက ဆင်းရဲ မယ်။ ဒါကို လူတွေ က အတင်း အဓမ္မ လူတန်းစား ညီမျှရေး လုပ်ဖို့ ကြိုးစား တယ်။ စိတ်ကူး ထဲမှာတော့ ဘုံလူ့ အဖွဲ့အစည်း ကြီး တည်ဆောက်တာပေါ့။ တစ်ကယ်တမ်း လက်တွေ့ မှာတော့ သဘာဝ နဲ့ ကင်းကွာ လို့ သရုပ် မမှန်ခဲ့ တာလို့ ပြောနိုင်တယ်။ 

ဒါပေမယ့် ရည်ရွယ်ချက် ကတော့ ကောင်းတယ်။ ကိုယ်တို့ လည်း ဒါကို ယုံကြည်တယ်။ ဒါကို သခင်စိုး က အရင်းကျမ်း နဲ့ ခွဲခြမ်း စိတ်ဖြာပြတယ်။ အမှန်က ဘယ် ရယ်ဒီမိတ် အင်္ကျီ မဆို အားလုံး နဲ့ တော်မယ် ဆိုတာ မဖြစ်နိုင် ဘူး။ 

မက်စ်ဝါဒီတွေ က တစ်ပုံစံတည်း ချုပ်ပြီးသား ယူပြီး ၀တ်ကြတာ။ ဒီတော့ မတော် တာတွေ၊ ကျပ်နေ တာတွေ၊ ချောင်နေတာတွေ ဖြစ်ကုန် တာပဲ။ အမှန်အကန် ကိုယ့်ခန္ဓာကိုယ် နဲ့ တော်မယ့် ပုံစံ ပြန်ပြင်ရမယ်။ အဓိက အချက်က အဲဒါ။ အဲဒီ မူလဗီဇ သမူဟ နဲ့ လွဲလို့ ကျဆုံး ခဲ့တာပဲ။

မေး-ဒါဆို ဒီနေ့ တရုတ်ပြည် အောင်မြင်နေတာ ကွန်မြူနစ် ပါဒကြောင့်လား။

ဖြေ-တရုတ်ပြည် အောင်မြင်နေတာက တရုတ် ကိုယ်တိုင်းနဲ့ တော်အောင် ပြင်ပြီး ချုပ်ပစ်လိုက်လို့ ပါပဲ။ ဒီကနေ့ တရုတ်ပြည် ဒီလမ်းကြောင်းပေါ် ရောက်လာတာ က တိန့်ရှောင်ပင်းကြောင့်ပဲ။ တိန့်က ဥာဏ်ကြီး ရှင်။ ဒါတွေ ပဲ စဉ်းစားနေတာ။ ယဉ်ကျေးမှု တော်လှန်ရေး ကတည်းက တိန့်က ဘေးကကြည့်ပြီ ဘာမှားနေ သလဲ စဉ်းစားနေတဲ့လူ။ 


အဲဒီ အချိန်မှာ ကိုယ် တို့က တိုက်ရဲ၊ သတ်ရဲ၊ သေရဲ တဲ့ အလံနီ လုပ်နေကြ တာ။ တိန့်ရဲ့ သဘောတရား က နိုင်ငံရေး မှာ လူတန်းစား ညှိမယ်။ စီးပွားရေး မှာ တံခါးဖွင့်ပေးမယ် ဆိုတဲ့ မူပဲ။ အဲဒါ ကလည်း ဒို့ဆီမှာ ၈၈ သူတို့ ဆီမှာ တိန်အင်မင် ဖြစ်ပြီးတော့ ပြောင်း ပစ်တာ။ မပြောင်းလို့ မရတော့ဘူး။ လူတွေက ငတ်နေပြီ။ လမ်းပေါ်ထွက်နေပြီ။ 

အစိုးရ ကို ဖြုတ်ချနေပြီ။ စီးပွားရေး ကို ပြောင်းမှ ကို ရတော့မယ်။ အဲဒီ အချိန်မှာ ဗမာပြည် က ကျဆုံး သွားပြီ ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် နဲ့ ကျဆုံး သွားတာ။ ဒီတော့ တရုတ်နည်း တရုတ်ဟန် ကွန်မြူနစ် ဆိုပြီး ပြောင်းလုပ်တယ်။ 

အဓိက အချက်ကတော့ ၀တ်မယ့် ကိုယ်ခန္ဓာ နဲ့ လိုက်ဘက်အောင် အင်္ကျီ ကို ပြင်လိုက်တာပဲ။ ဒါကြောင့် အောင်မြင် တာ။ ဒါပေမယ့် တရုတ်ပုံစံ အတိုင်း တရုတ် အင်္ကျီ ကောင်း တယ် ဆိုပြီး ယူပြီး ဗမာပြည် မှာ ၀တ်ကြည့်။ ဘယ်ရမလဲ။ အဖြေက အဲဒါပဲ။

မေး-ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင် သလဲ။

ဖြေ-  စိတ်ဓါတ် မာတယ်။ တော်တယ်။ ဘာသာစကား ရတယ်။ နိုင်ငံ တကာက လက်ခံတယ်။ ခေါင်းမာ တယ်။ နိုင်ငံရေး သမား ပီသ တယ်ပေါ့။ 


ဒါပေမယ့် နိုင်ငံရေး သမား မဆန်ဘူး။ နိုင်ငံရေး သမား မဟုတ်ဘူး။ သူက ဘယ်လိုမျိုး နဲ့ ကိုက်မလဲ ဆိုရင် အိန္ဒိယ က ဂန္ဓီကြီး လို Moral Leader ပေါ့။ စံပြု ထိုက်တဲ့ ခေါင်းဆောင်ပေါ့။ သူ့လို လူမျိုးက ကုလသမဂ္ဂ လိုနေရာ မျိုးမှာ လူ့အခွင့် အရေးတွေ ကာကွယ်ပေး၊ ကလေးတွေ၊ အမျိုးသမီးတွေ အတွက် တောင်းဆိုပေး ဆိုတာ မျိုးနဲ့ ကိုက်တယ်။ 

 ဒို့မြန်မာနိုင်ငံ မှာ သမ္မတ လုပ်ဖို့၊ ခေါင်းဆောင် လုပ်ဖို့တော့ မတော် လှဘူး။ ဗမာပြည် မှာ ခေါင်းဆောင် လုပ်ရင် အနု အကြမ်း စွယ်စုံ ရဖို့ လိုတယ်။ ဗမာတွေ က မင်းလောင်းမျှော် သလို ကိုးကွယ် တတ်ကြတယ်။ ဒါပေမယ့် ရေရှည် မှာ ဘယ်သူ က ဘာ ဆိုတာ သိတတ် ကြတယ်။

 နောက်ပြီးတော့ ဒီလောက် ရှုပ်ထွေး ပွေလီ တဲ့ ဗမာပြည်နိုင်ငံရေး ကို ဦးဆောင်ပြီး ရှင်းမယ် ဆိုရင်တော့ သူသာ ရူးသွား ရင် ရူးသွားမယ်။ ထူးပြီး ကောင်းလာ ဖို့ မမြင်ဘူး။ ဒို့လူတွေ က ဒေါ်စုကို ပိုတွက် ထားကြ တယ်။ ဒေါ်စုမှာ ၁၀ လောက် ပဲ ရှိနေတာ ကို ၁၀၀ လောက် ဆိုပြီး တွက်ပစ် လိုက်တယ်။ 

စိတ်ချမ်း သာအောင် စိတ်နဲ့ ပဲ ဖန်တီး လှည့်စား ပစ်ကြတာ။ ပြီးတော့ ဘာပဲ ပြောပြော သူ့သားတွေ က အင်္ဂလိပ်တွေ ဖြစ်နေတယ်။ ဒါတွေ က သူ တစ်ကယ် လို့ သမ္မတ ဖြစ်ရင် ပိုဆိုး လိမ့်မယ်။ သူ့သားတွေ က သမ္မတ အိမ်တော် လိုနေရာမျိုး မှာ အခမ်းအနားတွေ လုပ်ကြ လို့ တက်တယ် ဆိုပါစို့။ ပြည်သူတွေ စိတ်ထဲ ဘယ်လို နေမလဲ။ နောက် နိုင်ငံခြား ဆက်ဆံရေး မှာလည်း တစ်ခုခု ဆိုရင် အင်္ဂလိပ်တွေ နောက်က ဘာတွေ ညွှန်ကြားနေ သလဲ ဆိုတာမျိုး စိတ်ထဲ မှာ ၀င်လာမှာ သေချာတယ်။

 ဒေါ်စု သမ္မတဖြစ်ရင် ပိုဆိုး လိမ့်မယ်။ ဘင်္ဂလီ ကိစ္စ ဆိုရင် ဒေါ်စု ဘယ်လို ကိုင်မလဲ။ သူ ဘယ်လောက်ပဲ မှန်တဲ့ ဘက်က လုပ်ပါတယ် ပြောပြော။ သူ့ကို လူတွေက မယုံတော့ဘူး။ အဲဒီ အခါ လူထုက မုန်းတီး သွားရင် ပိုဆိုး မယ်။ ဒီတော့ ဒေါ်စု အနေနဲ့ လက်တွေ့ ကျတဲ့ နိုင်ငံရေး ကို ကျင့်ကြံ တတ်ဖို့ပဲ လိုမယ်။ ဒါဆိုရင် သူ့ အတွက်ရော..နိုင်ငံ အတွက်ပါ အရမ်းကောင်း သွားမယ်။

မေး-ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ဆောင်မှုတွေ ကို ဘယ်လို အမှတ်ပေးချင် သလဲ။

ဖြေ- ပွင့်ပွင့် လင်းလင်း ပြော ရမယ် ဆိုရင် မဟာဗျူ  ဟာ ကျကျ နိုင်ငံရေး ကစားတတ် ဖို့ အများကြီး လိုတယ်။ သူ့မှာ နိုင်ငံတကာ နိုင်ငံရေး အကြံပေးတွေ၊ ပြည်တွင်း အကြံပေးတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ အထိတော့ လောက်လောက် လားလား ကစားကွက် မမြင်ရသေးဘူး။ 


ဒီချုပ် ရဲ့ နိုင်ငံရေး သဘောတရားက ဘာလဲ။ ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး သဘောတရား မဟုတ်ဘူးလေ။ ဒါနဲ့ ရောကြိတ် လို့ မရဘူး။ ဒီသဘောတရား မှာ အခြေခံပြီး နိုင်ငံ ကို ဘယ်လမ်းကြောင်း အတိုင်း သွားမလဲ ဆုံးဖြတ် ရတာမျိုး။ အထင်ကြီးလောက်တဲ့၊ သမိုင်း မှာ ကျန်ရစ်လောက် မယ့် နိုင်ငံရေး လှုပ်ရှားမှု ဘာတစ်ခု မှ မရှိသေးဘူး။ ဒီလိုပြော လို့ စိတ်ဆိုးရင်လည်း ဆိုးစေတော့။ { ဆက်လက်တင်ပြပါမည် }
PP™
ပြည်သူ့အာဏာ 

From...Myanmar Online News


No comments:

Post a Comment