*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 23 August 2014

လှည်းကူးမြို့ မှ အသက် ၆ဝကျော် အမယ်အို တစ်ဦးအား ဓမ္မစေတီခေါင်းလောင်း ကို စောင့်ရှောက်နေ သည်ဟု ဆိုသော နဂါး ဝင်ပူး သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို

 Pay Hmya WaiYu's photo.


ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော် ဆယ်ယူရန် ကြိုးစားနေသည် မှာ ၁၃ ရက်တိုင် ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ် အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ ဆုံသည့်နေရာ ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူ အမြောက် အမြား ရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော် ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူး သည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
ယင်းဖြစ်ရပ် မှာ ခေါင်းလောင်း ကြီး ကို စောင့်ရှောက်နေသည် ဟု ဆို သော နဂါးမောင်နှမ သုံးဖော် ထဲမှ တစ်ဦး က လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက် သီတာအေး (၅)လမ်း တွင် နေထိုင် သည့် အမယ် အို တစ်ဦး ဘုရား ဝတ်ပြု ဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက် ပူးကပ် သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 
ထို အမယ်အို ၏ အမည် မှာ ဒေါ် စိန်ကြည်ဖြစ်ပြီး အသက် ၆၇နှစ် ရှိပြီ ဖြစ်သည်။

 ဖြစ်ပွားပုံ မှာ အမေအို ဒေါ်စိန်ကြည် သြဂုတ် ၂၁ရက်၊ နံနက် ၆နာရီ ဘုရား ရှိခိုးချိန် တွင် ဓမ္မ စေတီခေါင်းလောင်းတော်ကြီး ကို စောင့်ရှောက်နေကြသော နဂါးမောင် နှမသုံးဖော်မှ တစ်ဦးဖြစ် သည့် စော သိုက်ရွှေ အမည်ရှိ နဂါးမ က ဝင် ရောက် ပူးကပ်ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ အမယ်အို ဒေါ်စိန်ကြည် အား နဂါးမ စောသိုက်ရွှေ ဝင်ရောက် ပူးကပ်နေချိန် တွင် ပြောကြား ချက်များ အရ ခေါင်းလောင်းကြီး ကို စောင့် ရှောက်နေသော ယင်းတို့ နဂါးမောင် နှမသုံးယောက် ၏ အပေါ်တွင် သြ ဂုတ် ၁၈ ရက် မှ စတင်၍ သောင်တူး ဖော်နေသော သောင်တူးစက် ဖိထား သဖြင့် အမြန်ဆုံး ဖယ်ရှားပေး ရန် ငို ယိုတောင်းဆိုနေသည် ကို တွေ့ရ သည်။

ထိုအချိန် တွင် အမယ်အို သည် ရှိုက်ကြီး တငင်ငိုကြွေး နေပြီး ပါးစပ် မှ လည်း ''ငါတို့ အပေါ်မှာ ပိနေ တဲ့ သောင်တူးစက်ကြီး ကို အမြန် ဆုံးရွှေ့ ပေးပါ။ ရွှေ့ပေးရင် ခေါင်းလောင်းကြီး ကို တွေ့မယ်'' ဟု ပြောကြားရင်း အမယ် အို သည် နာကျင်သည် ဟု ပြောကြား ကာ သူ့ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွင် လူးလှိမ့်အော်ဟစ်နေတော့သည်။

ထိုသို့ လူးလှိမ့်အော်ဟစ်နေရင်း က ''အရပ် ရှည်ရှည်နဲ့ ဘုန်းကြီးက ငါတို့ သုံးယောက်ကို ချုပ်ထားတယ်။ ငါတို့တင် မကဘူး။ အဲဒီမှာ ရှိတဲ့သူ တွေ အားလုံး ကို ချုပ်ထားတာ''ဟု ပြောရင်းမှ ''ဘုန်းဘုန်း ဘာဖြစ်လို့ တပည့်တော် တို့ကို ချုပ်ထား ရတာ လဲ''ဟု ငိုကြီး ချက်မဖြင့် ပြောဆိုသည် ကို တွေ့ရသည်။

ထို့ပြင် ''သောင် တူးစက် ကိုလဲ ရွှေ့ပေး၊ ငါတို့မောင်နှ မ ကိုလည်း လွှတ်ပေး၊ မလုပ်ပေးဘူး ဆိုရင် ဘုန်းဘုန်းဆီ ကို ငါကိုယ်တိုင် နဂို အလုံး အထည်ဖော်ပြပြီး လာမယ်။ ငါဒေါသ ထွက်ရင် မလွယ် ဘူးနော်။ တခြားလူတွေ ပါ ဒုက္ခရောက်ကုန် မယ်။ ငါတို့ကို ဖြေပေးပြီးရင် ခေါင်း လောင်းကြီး ဘယ်နေ့တွေ့မယ် ဆိုတာ ဘုန်းဘုန်းကို အိပ်မက်ပေးလိုက်မယ်။

 ငါတို့ကို ချုပ်ထားတာ ကို ဖြေချင်ဖြေ မဖြေချင်နေ။ သူတို့ လဲ ကြာမှာပဲ။ ငါတို့ ဒီအတိုင်းသေ သွားရင် ခေါင်း လောင်း ကြီး ကို နောက်ဘဝမှာ လဲ ဆက်စောင့်ရှောက် မှာ'' ဟု ဒေါသ တ ကြီး ရေ ရွတ်ပြော ဆိုနေသည် ကိုတွေ့ ရသည်။

ယင်းအပြင် အမယ်အို က ဆက် လက်၍ ''ခေါင်းလောင်း ရှိတဲ့နေရာ ကို ဘုန်းဘုန်း ပဲ မြင်ရတယ်။ ပြီး တော့ အခု လုပ်နေတဲ့ သိုက်ပွဲတွေ၊ ကန် တော့ပွဲတွေ က မှားနေတယ်။ အကုန် လုံး အသစ်ပြန်လဲ ရမယ်။ ဒီလို လဲပြီး မှ သင် တို့ လွတ်ရာ ကျွတ်ရာ ကို သွား နိုင်ပြီ လို့ ပြောရမယ်။ အဲဒီလိုကျ မှ အစစ အရာရာ အဆင်ပြေမယ်။ ငါ တို့ ကိုသာ ဖြေပေးပါ၊ သူတို့ လိုချင် တာ အကုန်ရမှာပဲ။ 

ငါတို့က ခေါင်း လောင်းကြီး ကို စောင့်ရှောက် ဖို့ တာ ဝန်ပေး ခံထားရတာ။ ခေါင်းလောင်း ကြီး ဆယ်ပြီး သွားရင် ကျိုက်ခေါက် ဘုရား ကိုသွားပြီး ငါတို့ အမျိုးတွေ နဲ့ အတူ နောက် ဘုရားပွင့်ချိန် ကို သာ သနာပြု ရင်းစောင့် ရမှာ''ဟု ပြော ကြားသည် ကို တွေ့ရသည်။

ယင်းနောက် ခေါင်းလောင်းကြီး အောင်မြင်စွာ ဆယ်ယူနိုင်ရေး အ တွက် '' ရေနဲ့ ပဲ ထိပြီး၊ စနေ အရင် ဆုံး ဆင်း၊ ပြီးတော့ ဗုဒ္ဓဟူးသား ဆင်း၊ ပြီးတော့ ကြာသပတေး ဆင်း ၊ အောင်ပြီ ဟေ့'' ဟု အော်ဟစ် လူးလွန့် ရင်းက ''ဖိထား တာ ငါက နာတယ် '' ဟု နာကျင်စွာ အော်ညည်းနေသည် ကို တွေ့ရသည်။

ထိုဖြစ်စဉ်များဖြစ်နေစဉ် အ တွင်း အမယ်အို ၏ ပုံပန်းသဏ္ဌာန် မှာ လွန်စွာမောဟိုက် ပင်ပန်းနာကျင် ခံစားနေရသည် ကို တွေ့မြင်ရပြီး အမောပြေ ရေတိုက် ရာတွင် သာမန် လူ တစ်ယောက် ရေသောက် သလို မ သောက်ဘဲ မြွေ တစ်ကောင် (သို့မ ဟုတ်) နဂါး တစ်ကောင် ရေသောက်သ လိုမျိုး လျှာဖြင့် လျက် ၍ သောက်နေ သည် ကို ထူးဆန်း စွာတွေ့မြင်ရသည်။

ထိုသို့ ရေသောက်နေစဉ် တွင် အမေအို ၏ သားမက်ဖြစ်သူ က ကာ ယကံရှင် မှာ ကျန်းမာရေး မကောင်း သဖြင့် ပြောချင်သည်များ ကို ပြော ၍ပြီး ပါက ထွက်သွားပေးပါရန် တောင်းပန် သဖြင့် ရေသောက်ပြီး သည် နှင့် ချက်ချင်းပြန် ထွက်သွား သည်ကို တွေ့ရသည်။

ထို အဖြစ်အပျက်နှင့် ပတ်သက် ၍ အမယ်အို ဒေါ်စိန်ကြည် က ပြန် လည်ပြောပြ ရာတွင် '' ဘုရားသောက် တော်ရေ ကပ်၊ ဘုရားရှိခိုးနေရင်း နဲ့ ကို မသိတော့ တာ''ဟု နဂါးဝင် အပူး ခံရသည့် အခြေအနေ ကို ပြောပြသည်။

ထိုသို့ဖြစ်ပြီးနောက်ပိုင်း ''သိပ်နေမ ကောင်းတော့ ဘူး။ ရင်ထဲ နေလို့  မ ကောင်းတော့ဘူး''ဟု ပြောကာ ထို သို့ နောက်ထပ် ခဏခဏ နဂါး လာ ဝင်ပူးမည် ကို ကြောက်ရွံ့နေကြောင်း ပြောပြသည်။

ယင်းဖြစ်စဉ် များ မဖြစ်ပေါ်မီ သြဂုတ်လ ၂ဝ ရက် ညနေပိုင်း အ ချိန်က နေအိမ်ရှေ့ တွင် မြွေသုံးကောင် ကို အမယ်အို က တွေ့မြင် ခဲ့ရကြောင်း ပြောပြသည်။

အမယ်အို မှာ ပုံမှန် အား ဖြင့် ကိုယ်တိုင် လမ်းကောင်းကောင်း မလျှောက်နိုင် သဖြင့် လူတွဲ ၍လျှောက် ရသည့် အနေ အထားဖြစ်သည်။ သို့ရာ တွင် နဂါးဝင် အပူး ခံရချိန်တွင် သန်သန် မာမာနှင့် လူးလှိမ့် လှုပ် ရှားနိုင်ပြီး စ ကားပြောပုံ မှာလည်း လူသန်သန် မာမာ တစ်ဦး ကဲ့သို့ ပြောဆိုနိုင်သည် ကို တွေ့ရသည်။

ထိုကဲ့သို့ပင် အမယ်အို ၏ သမီး ဖြစ်သူ ၏ အိမ်တွင် လည်း မြွေတစ် ကောင် က အိမ် အတွင်း လာရောက် ခွေနေ သဖြင့် တုတ်ဖြင့်ခြောက်လှန့် မောင်းထုတ်သည့် တိုင် ထွက် မသွား သဖြင့် တုတ်ဖြင့်ကော်,မ ၍ ဖယ်ထုတ် ပစ်ခဲ့ ရသည့်ဖြစ်ရပ် တစ်ခု သြဂုတ် ၂ဝ ရက် မှာပင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

နဂါး အပူးခံရသည် ဆိုသော အမယ်အို ဒေါ်စိန်ကြည် သည် ဓမ္မ စေတီခေါင်းလောင်း တူးဖော်သည့် နေရာ သို့ ရောက်ဖူးခြင်းလဲ မရှိ၊ ခေါင်းလောင်း တူးဖော်မှုနှင့် လဲ ပတ် သက်ခြင်း မရှိ၊ ခေါင်းလောင်းနှင့် ပတ်သက် သည့် အကြောင်းအရာ အ ချို့ကို နေ့စဉ်ထုတ် သတင်းစာ များ တွင်ဖော်ပြထားသည် ကိုသာ ဖတ်ရှု ခြင်း သာရှိသည်။ 

ယင်းအခြေ အနေ တွင် ခေါင်းလောင်း ကိုစောင့်ရှောက် သည့် နဂါး ဝင်ပူးသည် ဆိုသည်မှာ ထူးဆန်း သည့်ဖြစ်ရပ် တစ်ခုဖြစ် သည်။ လက်ရှိ အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်း တူးဖော် ရာနေရာသို့ အိပ်မက် အရ လာရောက် လှူဒါန်း နေသူများလည်း ရှိနေကြောင်း သိ ရသည်။




ငယ်ထွေး(ကလေး)
ရန်ကုန်၊
From...Democracy today‬
LikeL

No comments:

Post a Comment