*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 August 2014

ဆူပါမွန်းနေ့ ဒီရေတက် မှုကြောင့် ရေကြီး မှု အခြေ အနေ ပိုမို ဆိုးရွားနိုင်

လနဲ့ ကမ္ဘာ အနီးကပ်ဆုံး ရှိမယ့် Supermoon (ဆူပါမွန်း) နေ့ သြဂုတ် ၁၀ ရက် မှာ ဒီရေ တက် မှာကြောင့် လက်ရှိ မြန်မာနိုင်ငံ တွင်း ရေကြီးမှု အခြေအနေ ပိုမို ဆိုးရွားလာနိုင်တယ် လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် က ခန့်မှန်းပြော ပါတယ်။

ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ

ဒီရေ ဟာ လ ရဲ့ ဆွဲအားကြောင့် အတက် အကျဖြစ်ပေါ် တာမို့ အဲ့ဒီနေ့ မှာ ဒီရေ အမြင့် ၇ ပေလောက် ထိ တက်နိုင်တယ် လို့ ခန့်မှန်း ထားကြောင်း ဒေါက်တာ ဦးထွန်းလွင် က ပြောပါတယ်။“ဒီရေတော့ ဖြစ်နိုင် တယ်။ 


အနည်းဆုံး ၇ ပေလောက် တက်နိုင်တယ် လို့ ရန်ကုန် မှာ မှန်းထားတယ်။ သေချာပေါက် ဖြစ်နိုင် တယ်။ သေချာပေါက်ဖြစ်နိုင် တဲ့ အရာပဲ။ ကျန်တာ ကတော့ ဘာမှ သိပ္ပံ အရ ပြောလို့ မရပါဘူး။ ဒီရေ ဆိုတာ ကတော့ ပင်လယ်ရေ နဲ့ ဆက်စပ် တဲ့ နေရာ အားလုံး အကျုံး ၀င်တာပေါ့ဗျာ။ ရန်ကုန်လည်း ပါတယ်။ 

၇ ပေလောက် အထိ တက်နိုင်တယ် လို့ ကျနော်တို့ ခန့်မှန်း ထား ပါတယ်။ ဒီရေ ရဲ့ သဘာဝ က လရဲ့ ဆွဲ အား နဲ့ ဖြစ်တာကိုး။ အဲဒီတော့ လ က အကြီး ဆုံးနဲ့ အနီး ဆုံးရောက်တယ် ဆိုတော့ ဒီရေ ကတော့ ပြေး မလွတ်တော့ ဘူး ဖြစ်မှာပေါ့။”

လတ်တလော မြန်မာနိုင်ငံ က ရန်ကုန် နဲ့ ပဲခူး တို့မှာ ရေကြီးနေပြီး အခု တက်မယ့် ဒီရေကြောင့် ရေကြီး တာ ပိုဆိုး လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ နက္ခတ်သိပံ္ပ အဖွဲ့က ဦးဇေယျာကို ကတော့ ဆူပါမွန်းဖြစ်တိုင်း ငလျင် မလှုပ်ပေမယ့် ဆူနာမီ ပင်လယ်ရေအောက် ငလျင် ဖြစ်ခဲ့တာတွေ က ဆူပါမွန်းဖြစ်ပြီး ရက်ပိုင်း အတွင်း ဖြစ်ခဲ့တာ တွေ့ရလို့ သူတို့ အသင်းက ကြေညာချက် ထုတ်ထားတယ် လို့ ပြောပါတယ်။

“ဆူပါမွန်းဖြစ် တိုင်းတော့ အင်အားပြင်း ငလျင်တို့၊ ဆူနာမီ ပါတဲ့ ငလျင်တွေ ဖြစ် တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အင်အားပြင်း ငလျင်တွေ လှုပ်တဲ့နေရာ မှာ ဆူပါမွန်း နဲ့ တိုက်ဆိုင် ခဲ့တာတွေ လည်း ရှိတယ်။ 

ပြီး ခဲ့တဲ့ ၂၀၁၀ ဂျပန် မှာ ဖြစ်တဲ့ ဆူနာမီ ငလျင် ဆိုရင် ဆူပါမွန်း ဖြစ်ပြီး ၁ ပတ် အတွင်းမှာ လှုပ်သွား တာပေါ့။ အဲဒါလေးတွေ တိုက်ဆိုင် တာတွေ ရှိတော့ ကျနော်တို့ က ကြို ပြီးတော့ သတိ ထားနိုင်အောင် သတင်း ထုတ်ပြန်ပေး တာပါ။ 

ကျန်တဲ့ ကြား ထဲမှာ နှစ်စဉ် ၁ နှစ် ၁ ကြိမ် ကတော့ ဆူပါမွန်း ကတော့ ဖြစ်နေတာပဲ။ ဒါပေမယ့် ဆူပါမွန်းဖြစ် တိုင်း လည်း ငလျင် မလှုပ်နိုင်ဘူး။ သို့သော်ငြားလည်း ဆူနာမီ ပါတဲ့ ငလျင်ကြီးတွေ လှုပ်ခဲ့တဲ့ ဟာမှာ လည်း ဆူပါမွန်း နဲ့ တိုက်ဆိုင် ခဲ့တာတွေတော့ ရှိနေ တတ်တယ်။”

သြဂုတ် ၁၀ ရက် မှာ လ ဟာ ကမ္ဘာနဲ့ အနီးဆုံး အကွာ အဝေးဖြစ်တဲ့ မိုင်ပေါင်း ၂ သိန်းကျော် က လှည့် ပတ် မှာဖြစ်ပြီး ဒီနှစ် ထဲ ဆူပါမွန်းဖြစ်စဉ် ၅ကြိမ်ဖြစ်ပေါ် ဖို့ ရှိပါတယ်။

ဇန်န၀ါရီလ ထဲမှာ နှစ်ကြိမ်ဖြစ်ပေါ် ခဲ့ပြီး ဇူလိုင်၊ သြဂုတ် နဲ့ စက်တင်ဘာ တို့ မှာ တကြိမ်စီ ဖြစ်ပေါ်မှာပါ။
သြဂုတ် ၄ ရက် မှာ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် က ထုတ်ပြန် ခဲ့တဲ့ သတင်း အရတော့ သြဂုတ် ၉ ရက် ကနေ ၁၆ ရက် အတွင်း ရန်ကုန်မြစ် ထဲ ထူးကဲ ဒီရေတက်မယ်၊ အမြင့်ပေ ၂၀ ဒသမ ၁ ပေခန့် ကနေ ၂၁ ဒသမ ၉ ပေလောက်ထိ တက်နိုင်တယ်၊ စိုးရိမ် စရာ မရှိဘူးလို့ ဆိုပါတယ်။

DVB
From...Search Myanmar

 

No comments:

Post a Comment