*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 23 August 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့ ရေအောက် တွင် ခေါင်းလောင်း နှစ်လုံး ရှာဖွေ တွေ့ရှိ ထား

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား
==========================================
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၃၂) 

သူသူထက်လွင် | ရန်ကုန်၊ 

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။ 
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။
==========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com

ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ရေး အဖွဲ့ဝင် များသည် ရေအောက် တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ ရှိ ထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေး လုပ် ငန်းများ အောင်မြင်စေ ရန် မွန်ဘုရင်မ ကြီး ရှင်စောပု အား ပွဲပေး ဆုတောင်း မည် ဖြစ်ကြောင်း သိရသည်။

နတ်စင် တစ်ရာ ဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်း ရှာရာ မှ ခေါင်းလောင်းနှစ် လုံး တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြု ရန် စောနေသေးကြောင်း ခေါင်းလောင်း ဆယ် ယူရေး အထောက် အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေး အဖွဲ့တွေ က နတ်စင် တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက် နဲ့ အစက သင်္ဘော အောက် မှာ ခေါင်းလောင်း ရှာနေရာ က သင်္ဘောဘေး မှာ ရှာကြည့် ပါတယ်။ သြ ဂုတ် ၁၅ ရက် မှာ တွေ့တယ်။ တွေ့တယ် ဆိုတာ က ရေငုပ်သမားတွေ ပြောတာပါ။ 




တို့အဖွဲ့(ခေါင်းလောင်း ဆယ်ယူရေး အ ထောက် အကူပြုကော်မတီ)တွေ က ဓမ္မ စေတီခေါင်းလောင်း လို့ အတည်ပြုပေး လို့ မရသေးဘူး။ ခေါင်းလောင်း က ရေ ငုပ် သမားတွေပြော တဲ့ စကား အရ နှစ် လုံး တွေ့ တယ်။ အကြီး တစ်လုံး၊ အသေး တစ် လုံး။ သူတို့ပြောတာ ကတွေ့ပြီ။ 

တွေ့တော့ ကြိုးတွေ ချည်ပြီး ဗောတွေ တင်ထားပြီ။ အခု လောလောဆယ် သောင်တူး စက်နဲ့ တူးနေတယ်။ သဲတွေ စုပ်နေတုန်း ပဲ။ အ တည်ပြုပေး ဖို့ အချိန် ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေး အ ထောက် အကူပြု ဆပ်ကော်မတီ မှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင် (ခ)နိုင်ဝဲ့ က ပြောသည်။

နတ်စင်တစ်ရာ ဆရာတော်ကြီး က ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီ မှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာ မှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့ သွားစရာလေး ရှိတယ်။ လုပ် စရာလေးတွေ ရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်း များ အောင်မြင် စွာ ဆယ်ယူနိုင်  ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက် အကူပြု ဆပ်ကော်မတီ မှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မ ရှင်စောပု အား ပွဲပေး ၍ ဆုတောင်း သွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာ ဆရာတော်ကြီး က ၁၉ ရက် ၂ နာရီ မှာ ခရီး ထွက်မယ်။ လပွတ္တာ မှာရှိ တဲ့ ဘုရင်မကြီးရှင်စောပု ရဲ့ ဘုရား ရှင်စောမြတ် စေတီ မှာ ပွဲပေး ဖို့ ဆရာတော်ကြီး နဲ့ အတူ ကျွန် တော်တို့ သွား မယ်။ 

ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီး ရှင်စောပုနဲ့ လဲ ပတ်သက် ပါ တယ်။ ဓမ္မစေတီမင်း က ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပု က သမက် ကို နန်းလွှဲပြီး ဘုရား၊ တရားပဲ လုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ ထဲမှာ ဘုရင်မကြီး ရှင်စောပု ရုပ်တုနှစ်ခု ပါတယ် လို့ ပြောတယ်။

 တွေ့ရှိတာ တွေ အားလုံး ရွှေတိဂုံ ဘုရားကို လှူဒါန်းဖို့ ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့ က ဆက် ပြော သည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး ကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်) တို့မှ ဆယ် ယူခွင့် ရရှိပြီး သင်္ဘော ပျက်အောက် တွင် ရှာဖွေ နေရာ မှ နတ်စင်တစ်ရာ ဆရာတော်၏ မိန့် ကြား ချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာ တွင် ရှာဖွေရာ ဆယ်ယူရေး အဖွဲ့ဝင် များ သည် ခေါင်းလောင်းနှစ်လုံး စတင် ရှာဖွေ တွေ့ ရှိခြင်းဖြစ်ပြီး တွေ့ရှိ ထားသော ခေါင်း လောင်း များသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ် ယူလေ့လာ ရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့် လိုကြောင်း ဆယ်ယူရေး အထောက် အကူပြု ဆပ်ကော်မတီ ထံမှ သိရ သည်။


သူသူထက်လွင် ...  ရန်ကုန်

‪‎Yangon MediaGroup‬

No comments:

Post a Comment