*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

ဖက်ဒရယ်ပြည်ထောင်စု စနစ် ထူထောင်ရန် အစိုးရ သဘောတူ



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ သို့ တပ်မတော် ကိုယ်စားပြု တက်ရောက် လာသော ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ သြဂုတ် ၁၅ ရက်တွင် ဆွေးနွေးပွဲ မတိုင်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် (မူကြမ်း) တွင် အဓိက အ ရေးကြီးဆုံး ညှိနှိုင်းနေရ သည့် အ ချက်ဖြစ်သော ဖက်ဒရယ်ပြည် ထောင်စု စနစ် ထူထောင်ရေး ကို အစိုးရ ဘက်မှ သဘောတူ လက်ခံ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။





သြဂုတ်လ ၁၅ ရက် က ရန် ကုန်မြို့ ၌ ပြုလုပ် ခဲ့သော ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ကြား သဘော တူညီမှု ရရှိ ခဲ့ခြင်းဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ် များက ပြောသည်။


‘‘အဓိက အားဖြင့် အရေးကြီး ဆုံး အချက်လို့ ကျွန်တော် တို့ တိုင်း ရင်းသားတွေ ဘက်က ခံယူ ထားတဲ့ ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ကို အခြေခံတဲ့ ဖက်ဒရယ်ပြည် ထောင်စု ကို တည်ဆောက် ဖို့ အစိုး ရ ဘက်က လက်ခံ လိုက်ပြီဖြစ်ပါ တယ်’’ ဟု NCCT အဖွဲ့ခေါင်း ဆောင် နိုင် ဟံသာ က ဆွေးနွေး ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

စာချုပ် မူကြမ်း ပါ အခန်း ၁ အခြေခံမူ မှ နှစ်ဖက် တစ်ဆို့နေ သည့် အရေးကြီး ဆုံး အချက်တစ် ချက်ပြေ လည် မှု ရရန် အချိန် ငါး နာရီ နီးပါးခန့် ဆွေးနွေး ခဲ့ကြပြီးမှ သဘောတူညီ မှု ရရှိခဲ့ခြင်းဖြစ် ကြောင်း မြန်မာ ငြိမ်း ချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) အကြီးတန်း အကြံပေး ဦး လှမောင်ရွှေ က ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက် ဆုံးပတ် က လိုင်ဇာမြို့ တွင် ပြုလုပ် ခဲ့သော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင် များ ထိပ် သီးအစည်းအဝေးတွင် ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခြေခံမူကို ဆက်လက်စွဲကိုင် တိုက်ပွဲဝင်သွား ရန် အဓိက ဆုံးဖြတ်ချက် ချမှတ်ခဲ့ သည်။

တိုင်းရင်းသားများဘက်က အစဉ်တစိုက် တောင်းဆိုလာသော ဖက်ဒရယ်ပြည်ထောင်စု စနစ်နှင့် ပတ်သက် ၍ အစိုးရ(အထူးသဖြင့်) တပ်မတော်ဘက်မှ လက်ခံနိုင် သည့် သဘောထား မရှိသေး ကြောင်း တိုင်းရင်း သား ခေါင်း ဆောင် များက ယင်းထိပ်သီး အ စည်း အဝေးပြီးနောက် ပြောကြား ထားသည်။

‘‘တိုင်းရင်းသား လူမျိုး ပေါင်း စုံ နဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံ မှာ စစ် မှန်သော ပြည်ထောင်စု မဖွဲ့စည်း ခဲ့ လို့ နှစ်ပေါင်း ၆၀ ကျော် ကြာနေ ပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန် ရေး တိုက်ပွဲများ လည်း မပြီးဆုံးနိုင် ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ အ ချက်ဟာ အရေးကြီးပြီး အဓိက အ ကျဆုံး ဦးစားပေးဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်’’ ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က သြဂုတ်လ ၁၅ ရက် ဆွေးနွေးပွဲ အဖွင့် အမှာ စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခု အခါ ယင်း အဓိက တောင်းဆိုချက် ကို အစိုးရ ဘက်မှ လက်ခံ ခဲ့ခြင်းကြောင့် တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ဆက် လက်ညှိနှိုင်း ရာတွင် အဆင်ပြေ သွားတော့ မည်ဖြစ်ကြောင်း တိုင်း ရင်းသား ကိုယ်စားလှယ် များက ဆိုသည်။

‘‘ဒီနေ့ ဆွေးနွေးတဲ့ အထဲ မှာ အရေး တကာ့ အရေးကြီး ဆုံးဖြစ် တဲ့ အခြေခံ မူ အဲဒါက ဖက်ဒရယ် ပြည်ထောင် စု တည်ထောင်ရေး၊ တိုင်းရင်းသားတွေ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်။ 


ဒီ အချက်ကို အစိုးရ ဘက် က လက် ခံပေးတဲ့ အပေါ်မှာ ကျွန်တော် တို့ အနေ နဲ့ နှစ် ၆၀ ကျော် ပြည် တွင်း စစ်ကို ဖန်တီး လိုက်တဲ့ ပြဿ       နာ ကို ကျွန်တော်တို့စပြီး ဖြေရှင်းနိုင် ဖို့ လမ်းစပွင့်ပြီ။ ငြိမ်းချမ်းရေးအ တွက် လမ်းစပွင့်ပြီလို့ ကျွန်တော် အဲဒီလိုပဲ ခံယူပါတယ်’’ ဟု NCCT အကြံပေး ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။

အစိုးရ ဘက်မှ ယင်း အဓိက အချက်ကို လိုက်လျောပေးခဲ့ သည့် အတွက် တိုင်းရင်းသား အဖွဲ့များ က ယခင် ညှိနှိုင်းရန် ကျန်ရှိနေ သည့် အချက် တစ်ချက်ဖြစ်သော တော်လှန်ရေး ဟူသည့် အသုံးအ နှုန်း ကို ခေါင်း စဉ် တွင် မထည့် သွင်း ရန် သဘော တူညီပေးခဲ့ ပြီး အ တွင်း စာသား၌ သာ ထည့်သွင်း ရန် နှစ် ဖက်ပြေ လည်မှု ရရှိ ခဲ့သည်။

ထို့အပြင် ဆွေးနွေးပွဲ ၌ နိုင်ငံ ရေးနှင့် ဘာသာရေးရောယှက်ခြင်း မရှိသည့် နိုင်ငံတော် ထူထောင်ရန် လည်း နှစ်ဖက် သဘော တူညီခဲ့ကြ သည်။ ဆွေးနွေးပွဲ ပထမနေ့ တွင် စာချုပ် မူကြမ်း မှ အခန်း(၁)နှင့် အ ခန်း(၂) ကို ဆွေးနွေးပြီးစီး ခဲ့ပြီး ဒုတိ ယနေ့ တွင် တပ်နေရာ ချထားရေး နှင့် ကြား ကာလ အစီအစဉ် များ ကို အဓိက ဆွေးနွေး သွားကြမည်ဖြစ် သည်။ 


တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သို့ အစိုးရ ဘက်မှ UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်း၊ ဦးသိန်းဇော်၊ တပ်မတော် ဘက်မှ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင် တို့ ဦးဆောင် တက်ရောက်ခဲ့ပြီး တိုင်းရင်းသားများ ဘက်မှ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဖဒိုစောကွယ် ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်မော် တို့ ဦးဆောင် တက်ရောက် ခဲ့ကြသည်။

7Day Daily
 From...Myanmar Online News
 
 

No comments:

Post a Comment