*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Thursday 7 August 2014
လက် မရှိသော်လည်း စန္ဒရား ဆရာဖြစ်ခဲ့သူ
chinese
လက် နှစ်ဖက် မရှိသော်လည်း ဘဝ ကို အရှုံး မပေးဘဲ ရင်ဆိုင်နိုင် တဲ့ လက် မရှိ စန္ဒရား ဆရာ Liu Wei အကြောင်းလေး ကို ရေးသား လိုက်ရပါတယ်။
ဒါ့ကြောင့် မိဘဖြစ်သူတွေ ဟာ Liu Wei အားပေး စကားတွေ ပြောခဲ့ကြတယ်။ Liu Wei ဟာဆေးရုံ တက်နေ စဉ် အချိန် မှာပဲ သူ လို လက်မရှိသူတွေ ကို တွေ့ခဲ့ ပါတယ်။
Liu Wei ဟာ လက်နှစ်ဖက် မရှိသော် လည်း ထမင်း ကို မိမိ ဘာသာ စားတယ် မျက်နှာ သစ် သွားတိုက် စတာတွေ ကို မိမိ ကိုယ်တိုင်ပဲ လုပ်ခဲ့ပါတယ်။ ဒါကြောင် Liu Wei ဟာ အသက် ၁၂ နှစ်မှာ ရေကူး သင်ခဲ့ ပါတယ်။ 
သူ၏ ကြိုးစား မူကြောင့် တစ်နိုင်ငံလုံး မသန်စွမ်းသူ ရေကူးပြိုင်ပွဲ မှာ ရွှေ တံဆိပ် ရရှိ ခဲ့တဲ့ အပြင် အသက် ၁၆ နှစ် မှာ ကွန်ပျူ  တာဖြင့် စာရိုက်နိုင်ခဲ့ ပါတယ်။ သူ၏ ကလေး ဘဝ ကတည်းက ဖြစ်ချင် ခဲ့တာ ကတော့ အတီး ပညာရှင် တစ်ယောက်ပါပဲ။
ဒါကြောင့် သူဟာ အသက် ၁၉ နှစ် မှာ စန္ဒရား ကို စတင်ပြီး သင်ကြား ခဲ့ပါတယ်။ အသက် ၃၂ နှစ် အရောက် မှာတော့ သူဟာ China’s Got Talent Show ပြိုင်ပွဲ မှာ ပထမဆု ကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ 
China’s Got Talent Show ပြိုင်ပွဲမှာ You Are Beautiful ဆိုတဲ့ သီချင်း ကို ကိုယ်တိုင် တီး ကိုယ်တိုင် သီဆို ခဲ့ပုံ များကို https://www.youtube.com/watch?v=B1Qut0Nrsiw တွင် ဝင်ရောက်ကာ ကြည့်နိုင် ပါတယ်။ 
ဒါ့အပြင် ခြေထာက်ဖြင့် စာ အမြန်ဆုံး ရိုက်နိုင် သူ တစ်ယောက် လည်း ဖြစ်ခဲ့ ပါတယ်။
သူဟာ Guinness World Records အရ တစ်မိနစ် အတွင်း မှာ စာလုံးရေ ၂၃၃ လုံး သူရိုက်နိုင် ခဲ့တယ်။ သူ့ အကြောင်း အသေး စိတ် သိရှိ လိုပါက http://en.wikipedia.org/wiki/Liu_Wei_%28pianist%29 တွင် ဝင်ရောက် ကာ ကြည့်ရှု နိုင်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
From...Search Myanmar
No comments:
Post a Comment