*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 23 August 2014

လူငယ်များ ဖုန်းနဲ့ ချည်း အချိန် မကုန်ကြဘဲ ဘ၀ ၏ အရေး အကြီးဆုံး အရာများ ကို အာရုံစိုက်ကြဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း

ဝင်းမြတ်
ရောမ ၊ သြဂုတ် ၁၅

မျက်မှောက် နည်းပညာ တွင် အလွန် အကျွံ စိတ်ဝင်စား နေခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ် များ အကြောင်း ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က လူငယ်များ အား သတိပေး ပြောကြားခဲ့သည်။

ရောမ သို့ ဘုရားဖူး ရောက်ရှိ လာသည့် ၀တ်ပြု ဆုတောင်း သူ ဂျာမနီ နိုင်ငံသား ငါးသောင်း အား ဟောကြား သည့် တရားတွင် နည်းပညာ မြင့်မား သည့် ပစ္စည်းများ အား သုံးစွဲမှု က ရှင်းလင်း လွယ်ကူပြီး ဘ၀တန်ဖိုး ကို ပိုမိုမြင့်မား စေသင့်သော်လည်း၊ ပစ္စည်း တို့ကြောင့် ဘ၀ အတွက် တကယ် အရေးကြီး သည့် အရာများ ကို အာရုံ မစူးစိုက်နိုင် ဖြစ်နေကြောင်း ၊

 စမတ်ဖုန်း အသုံးပြုခြင်း အင်တာနက် တွင် ချက်တင် ထိုင်ခြင်း နှင့် တီဗီ တွင် ဇာတ်လမ်းတွဲ များ ကြည့်ခြင်း တို့ဖြင့် လူငယ်များ အချိန်များ စွာ ဖြုန်း တီးနေခြင်း ကို  အကျိုးမဲ့သော အချည်းနှီး အချိန် ကုန်ဆုံးခြင်းဟု ပုပ်ရဟန်းမင်း က ပြောကြားခဲ့သည်။


 
လူသား တို့၏ ဘ၀ ကို အချိန် များဖြင့် ဖွဲ့စည်း ထားပြီး အချိန် မှာ ဘုရား သခင် ပေးသနား သည့် လက်ဆောင် ဖြစ်သည့် အတွက် ကောင်းမွန်ပြီး အကျိုး ရှိသည့် လုပ်ရပ် များတွင် အသုံးပြုဖို့ က အရေး ကြီးကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 

သို့သော်ငြားလည်း ပုပ်ရဟန်းမင်း သည် နည်းပညာ ဆန့်ကျင်သူ တစ်ယောက် မဟုတ်ဘဲ လူမှု ဆက်သွယ်ရေး နှင့် နည်းပညာ ကို တရားလွန် မစွဲလမ်း ဘဲ ဆင်ခြင် သုံးစွဲ ပါက ၀ိုင်ယာကြိုး များဖြင့် မဟုတ်ဘဲ လူသား များဖြင့် ချိတ်ဆက် ထားသော ကွန်ရက် ဖြစ်လာနိုင်ကြောင်း ကိုးကား ပြောခဲ့ဖူးသည်။

ပုပ်ရဟန်းမင်းကြီး ၏ ဆုံးမ စကားက ၀တ်ပြု ဆုတောင်းသူ ငါးသောင်း ကို ကျော်လွန် သက်ရောက်မှု ရှိမည်လား ဆိုသည် ကိုတော့ စောင့်ကြည့် ရဦးမည် ဖြစ်သည်။

Source: AP
Messenger
From...Myanmar Latest News
 

No comments:

Post a Comment