*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 13 August 2014

အသိဥာဏ်ပညာ လိုအပ်နေမှု ကိုဖော်ပြတဲ့ ပွဲ


တောင်ပြုံးပွဲလည်းနွှဲကြ အနော်ရထာမင်းကြီးလည်းအားနာကြ

- ကျော်ကြီး(MDY)

မနေ့က နေ့လည်ပိုင်းလောက်မှာ ဆိုင်မှာအမြဲတမ်း အထည်လုပ်နေကြ အသိတစ်ယောက် သူ့ရွှေထည်လေးပြန်လာရောင်းတယ်။ လူချင်းလည်းရင်းနှီးနေတော့ ကျွန်တော်က မ၀င်းမေ ဘာအတွက်များ ငွေလိုနေလို့တုန်းမေးတော့ “တောင်းပြုံးပွဲသွားဖို့ ငွေလို လို့ပါငါ့မောင်ရယ် ဒီနှစ်လုပ်ငန်းကိုင်ငန်းကလည်း သိပ်မကောင်းတော့ အဆင်မပြေပါဘူး လို့ပြန်ဖြေပါတယ်။ ဒါနဲ့ကျွန်တော်ကလည်း မ၀င်းမေရယ် တောင်းပြုံးပွဲသွားဖို့အတွက်နဲ့များ ရွှေရောင်းနေရသေးတယ်။ အဆင်မပြေလည်း မသွားနဲ့ပေါ့ဗျာလို့ ပြောလိုက်တော့ “အောင်းမလေး နှစ်စဉ်သွားပြီး ဆက်သနေတာတောင် ဒီလိုအဆင်မပြေဖြစ်နေတာ မသွားရင်ဒီထက် ပိုဆိုးသွားမှာပေါ့။ မိဘတွေလက်ထက်ကတည်းက နှစ်စဉ်သွားနေကြဆိုတော့ မသွားလို့မဖြစ်ဘူးတဲ့” . . .။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် .. . တောင်ပြုန်းပွဲနဲ့ ပတ်သက်ပြီးတော့လည်း ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ပါတယ်ဆိုတဲ့ ကိုယ့်နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုးစဉ်းစားစရာအတွေးတွေ တသီချည်းပေါ်လာခဲ့ရတယ်။

တောင်ပြုန်းပွဲကို မ၀င်းမေလို တစ်နိုင်ငံလုံးမှလာရောက်ဆင်နွှဲသူဟာ တနှစ်တနှစ် ငါသိန်းအထက်မှာရှိတယ်လို့ သိရပါတယ်။ လူတစ်ယောက်ကို ပျမ်းမျှကုန်ကျစရိတ် စရိတ် ကျပ် ၂ သောင်းကုန်ကျတယ်ဆိုရင် လူဦးရေငါးသိန်းဆိုရင် ကျပ်သန်းပေါင်း တစ်သောင်း လောက်က အနည်းဆုံး စရိတ်အဖြစ်သုံးလိုက်သလိုပါပဲလားလို့တွက်မိတော့ တောင်ပြုန်းပွဲ တစ်ပွဲအတွက် သုံးလိုက်ကြတဲ့ငွေပမာဏအပေါ် တော်တော်လေး ကြက်သီးထသွားတယ်။ အေးလေ ကိုယ်ယုံကြည်ရာ ကိုယ့်ယုံကြည်မှုအတွက်လုပ်ကြတာပဲလို့ စိတ်ထဲတွေးဖြစ်လိုက်တယ်။

အဲဒီအတွေးနဲ့အတူ တစ်ဆက်တည်း ခေါင်းထဲဝင်လာတဲ့ သတင်းတစ်ခုက စောင့်ရှောက်သူမရှိတဲ့ အသက် ၇၈ နှစ်အရွယ်အငြိမ်းစား ကျောင်းဆရာမကြီးနဲ့ အသက် ၈၀ အရွယ် အငြိမ်းစားဗိုလ်ကြီး မောင်နှမနှစ်ယောက်သတင်းလေးပါ။ အသက် ၇၈ နှစ်အဘွားအိုက လေဖြတ်ထားသလို မျက်စေ့လည်းမမြင်ရှာဘူး။ အစ်ကိုဖြစ်သူသေဆုံးသွားတော့ အဘွားအိုဟာ အစ်ကိုဖြစ်သူအလောင်းဘေးမှာပဲ ခွေခွေလေးအဟာရပြတ်လဲကျနေခဲ့တယ်။ အနံ့ထွက်လာလို့ ဘေးပတ်ဝန်းကျင်က ကြည့်တော့မှ အဲ့ဒီအဖြစ်ကိုသိကြရတာ။ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကလာပြီး အဘွားအိုကို ပြုစုစောင့်ရှောက်လိုက်တဲ့အ တွက် အဘွားအိုဟာ အဟာရပြတ်သေအံ့ဆဲဆဲအခြေအနေကနေလွတ်မြောက်ခဲ့ရ တယ်တဲ့။ ဒီလိုပဲ မြောင်းမြမှာ ဆေးကုသစရိတ်မရှိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အဖြစ် ကလည်းရှိခဲ့သေးတယ်လေ။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံအနှံ့ဘယ်လောက်ဖြစ်နေကြသလဲ။ အဲ့ဒီလို အကူအညီမဲ့နေတဲ့လူပေါင်းဘယ်လောက်များနေသလဲ။

ကျွန်တော်တို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည့်တဲ့နိုင်ငံဖြစ်ပေမယ့် ဘာသာတရား၊ နောက် ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ပြီး လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပြုထားသောနိုင်ငံဖြစ်လို့ ကျွန်တော်အနေနဲ့လည်း ဘာမှပြောစရာ ဝေဖန်စရာမရှိပါ။ ဒါပေမယ့် မ၀င်းမေပြောသလို မရှိတဲ့ကြားက သွားကို သွားမှရမယ်ဆိုတဲ့အသိယုံကြည်မှုလွန်ကဲတဲ့ အခြေအနေကိုတော့ သတိချပ်စဉ်းစားတာပို ကောင်းမယ်လို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့အားလုံးကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က သေရည်အရက်သောက်တာမကောင်းဘူးဆိုပြီး ဟောကြားတားမြစ် ထားတယ်။ အခုက သေရည်သောက်နေတဲ့ နတ်တွေကို ကိုကသွားကိုးကွယ် ပူဇော်ပသနေတယ်။ ဒီတစ်ချက်နဲ့တင် တော်တော်လေး လုံလောက်နေပါပြီ။ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ယုံကြည်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ စဉ်းစားကြည့်ဖို့လိုမယ်ထင်ပါတယ်။ ထိုကဲ့ အခြားနတ်များ၊ ဘိုးတော်ဝိဇ္ဇာတွေကို ကိုးကွယ်ခြင်းဟာ သရဏဂုံ ပျက်တယ်လို့လည်း ဆရာတော်ဘုရားများက ဟောကြားတားမြစ်ထားပါတယ်။

တောင်းပြုံးပွဲ သွားလို့ ကုန်ကျမယ့်ငွေတွေကို ဘာသာ သာသနာအတွက်၊လူမူရေး ပရဟိတလုပ်ငန်းတွေ အကူညီလိုအပ်နေတဲ့သူတွေ၊ ဘုရားကျောင်းကန်တွေ ကိုလှူတန်းရင် ဘုရားဟောနဲ့လည်းညီ ကိုယ့်အတွက်လည်း ဒါနဆိုတာပါသွားမှာပဲ။ မဖြစ်မနေတောင်ပြုံးသွားသလို မဖြစ်မနေ သီလဆောက်တည်ရင် သီလလည်းထပ်ရသွားမှာပဲ။ ဆိုလိုတာက အသုံးတည့်စေချင်တာပါ။ အဟာရပြတ်လပ်တဲ့သူ၊ ဆေးမကုနိုင်တဲ့သူတွေကို လှူလိုက်ရတဲ့ ကုသိုလ်ဟာ ဘယ်လောက်များလိုက်မလဲဆိုပြီး တွေးကြည့်စေချင်ရုံလေးပါ။

မြန်မာနိုင်ငံမှာ ငတ်သေတဲ့မသာမရှိပါဘူးလို့ပြောနေကြပေမယ့် ဆေးကုသစရိတ်မတက်နိုင်လို့၊ အိမ်လခစရိတ် အစားအသောက်စရိတ်တွေမတက်နိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ မသာတွေကတော့ရှိနေပါပြီ။ ဆင်းရဲမွဲတေလို့ ကျောင်းမတက်နိုင်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရတဲ့ကလေးလုပ်သားတွေ၊ စစ်ဘေး ကြောင့် အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား မောင်နှတွေ၊ မိဘမဲ့ ပရဟိတကျောင်းတွေ၊ နေဖို့ကျောတခင်းစာ အသက်ရှင်ဖို့ အတွက်ထမင်းတလုပ်စားရဖို့ ပင်ပန်းဆင်းရဲကြီးစွာ လှုပ်ရှား ရုန်းကန်နေရတဲ့ ပြည်သူတွေအများကြီးပါ။

ယခုတောင်ပြုံးပွဲသွားကြတဲ့သူတွေ အိမ်ကဘုရားကို မနက်တိုင်း ရှိခိုးဖြစ် ဆွမ်းတော်တင်ဖြစ်သလား . . . အိမ်ရှေ့နေ့စဉ်ကြွတဲ့ သံဃာတော်တွေကို နေ့တိုင်းဆွမ်းလောင်းဖြစ်လား တွေးကြည့်မိပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ တနင်္ဂနွေနေ့တိုင်း ချက်စ်ကျောင်းတက်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ သောကြာနေတိုင်း ဗလီတက်ကြပါတယ်။ ကျွန်တော်ဗုဒ္ဓဘာသ၀င်တွေက အခုဝါတွင်းသုံးလတောင် ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်ကြသလားဆိုတာ နှိုင်းယှဉ်စဉ်းစားစေချင်ပါတယ်။ အမျိုးဘာသာထိန်းသိမ်းစောင့်ရှောက်ရေးဆိုပြီး ကြွေးကြော်ကာ မရောင်ရာဆီလူး တလွဲဆံပင်ကောင်းနေရင် အနာဂတ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွက် ရင်လေးစရာပဲဖြစ်ပါတယ်။

တောင်ပြုံးပွဲသွားတဲ့ ကားတွေမှာ သာသနာအလံတပ်ထားတာတွေ၊ ဆရာတော်သံဃာတော်များက ကားခေါင်းခန်းမှာ မိန့်မိန့်ကြီးထိုင် ဒကာ၊ ဒကာမတွေကို တင်ပြီးတောင်ပြုံးနတ်ပွဲ သွားနေကြတာတွေဟာ ထေရ၀ါဒအမြင်နဲ့ကြည့်ရင် အင်မတန် အကြည့်ရဆိုးတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

နတ်ကိုယုံကြည်ကိုးကွယ်တဲ့ လူတွေကိုကြည့်ရင် အလိုကြီးသူ၊ အကြောက်ကြီးသူ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းပါးသူတွေများပါတယ်။ အထက်ပါ လူတန်းစားများကို အခြေခံထား၍ နတ်များ၊ နတ်ကတော်များကြီးထွား ရှင်သန်နေကြတာပါ။ တောင်ပြုံးနတ်ပွဲမှာ ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ညီနောင် ရဲ့ အုတ်၂ ချပ်လပ်ဘုရားရဲ့ ဂေါပက အဖွဲ့မှာပါတဲ့ လူတယောက်က . . . သူ့မှာ သားသမီး ၆ ယောက်ရှိပါတယ် တဲ့၊ တနှစ် တနှစ် တောင်ပြုံး နတ်ပွဲကနေ ရတဲ့ ၀င်ငွေက မိသားစု အားလုံး ၈ ယောက် အလုပ်လုပ်စရာ မလိုပဲ ထိုင်စားလို့ရတယ် လောက်ငှတယ် လို့မိတ်ဆွေတစ်ယောက် ပြောပြဖူးပါတယ်။ တောင်ပြုံးနတ်ပွဲကို အကြောင်းပြပြီး ဘယ်သူတွေ အကျိုးအမြတ်ရှိသလဲဆိုတာ စဉ်းစားတွေးခေါ်ကြည့်စေချင်ပါတယ်။ တောင်ပြုံးပွဲမှာ အတို့ခံ အထိခံ အပြောခံကြ၊ ခါးပိုက်နှိက်ခံကြ၊ ၊မူးကြရူးကြ၊ ယာဉ်မတော်တဆမှုတွေဖြစ်လို့၊ ခိုက်ရန်ဖြစ်ပွားလို့ အသက်သေဆုံးရတာတွေလည်း နှစ်စဉ်ဖြစ်ပွားပါတယ်။ NGO အဖွဲ့အစည်း တွေက ကွန်းဒုံးတွေကို ထောင်ချီသောင်းချီဝေရတဲ့ ပွဲတော်ကြီး လည်းဖြစ်သဗျာ။

ဒီလိုပွဲတော်ကြီးကို အစိုးရမင်းများကလည်း အားပေးချီးမြှောက်တယ်။ မီဒီယာသမားများကလည်း တာဝန်ကျေပွန်စွာ တခမ်းတနားဖော်ပြပေးကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တရားပွဲကျင်းပဖို့အတွက် အဆင့်ဆင့်ခွင့်ပြုချက်တင်ရပါတယ်။ တရားပွဲတွေကျင်းပခွင့်အပိတ်ခံရ၊ တရားဟောဆရာတော်များ တရားဟောကြားခွင့်အပိတ်ခံရပေမယ့် နတ်ပွဲတွေကို နိုင်ငံနဲ့အ၀ှမ်း စည်စည်ကားကား ကျင်းပဖို့ အစိုးရမင်းများက အားတက်သရော အားပေးချီးမြှောက်ဆောင်ရွက်တယ်။ ပြည်သူများကလည်း အားရ၀မ်းသာ ပါဝင်ဆင်နွှဲကြပါတယ်။ အားလုံးလက်တွဲညီတဲ့ ပွဲတော်ကြီးလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို  အုတ်မြစ်ချပေးခဲ့သူ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးခဲ့သူ ကျေးဇူးရှင် အနော်ရထာမင်းကြီးရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီးဟာ အခုအချိန်မှာ အရောင်မျိုးစုံအဆိုးခံနေရတာကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပါတယ် . ..
ဒီတောင်ပြုံးနတ်ပွဲနဲ့ ပတ်သတ်ပြီး ဒီနေ့ထိ သမိုင်းအမှန်ကို ဘယ်သူမှမပြောနိုင်ကြသေးပါဘူး။

ကျွန်တော်ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် ထေရ၀ါဒလမ်းကြောင်းနဲ့ မကိုက်ညီတာလေးတွေကို စဉ်းစားတွေးခေါ်သုံးသပ်နိုင်စေဖို့ အမုန်းခံပြီး  ရေးလိုက်ရပါတယ်။ တိုင်သူပြည်သားအများစုက ဆင်းရဲတွင်းနက်နေချိန်၊ ဒုက္ခရောက်နေလို့ အကူအညီမဲ့သူတွေ များနေတဲ့အချိန် နတ်ပွဲတွေအတွက် ကျပ်သန်းပေါင်း တစ်သောင်းကျော် လောက်နှစ်တိုင်းအကုန်ခံပြီး စည်စည်ကားကား ကျင်းပနေတာတွေမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာပြန့်ပွားအောင် သန့်ရှင်းစင်ကြယ်အောင် လုပ်ခဲ့တဲ့ အနော်ရထာမင်းကြီးကို အားနာနေမိတယ်ဗျာ . . .

- ကျော်ကြီး(MDY)

8.8.14 နေ့ထုတ် News Watch ဂျာနယ်တွင်ပါရှိသော ကျွန်တော့်ဆောင်းပါးလေးကို သူငယ်ချင်းမိတ်ဆွေများ ဖတ်ရူဝေဖန်သုံးသပ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ

photo by. Tun Tun
တောင်ပြုံးပွဲ လည်းနွှဲကြ အနော်ရထာ မင်းကြီး ကိုလည်း အားနာကြ    - ကျော်ကြီး(MDY)

မနေ့က နေ့လည်ပိုင်းလောက် မှာ ဆိုင်မှာ အမြဲတမ်း အထည် လုပ်နေကြ အသိ တစ်ယောက် သူ့ရွှေ ထည်လေးပြန် လာရောင်း တယ်။ လူချင်းလည်း ရင်းနှီးနေတော့ ကျွန်တော် က မ၀င်းမေ ဘာ အတွက် များ ငွေ လိုနေလို့ တုန်းမေးတော့ “တောင်းပြုံးပွဲ သွားဖို့ ငွေလို လို့ပါ ငါ့မောင်ရယ် ........

ဒီနှစ် လုပ်ငန်း ကိုင်ငန်း ကလည်း သိပ် မကောင်းတော့ အဆင် မပြေပါဘူး လို့ပြန်ဖြေပါတယ်။ ဒါနဲ့ ကျွန်တော် ကလည်း မ၀င်းမေ ရယ် တောင်းပြုံးပွဲ သွားဖို့ အတွက်နဲ့ များ ရွှေရောင်းနေရသေးတယ်။ 

အဆင်မပြေလည်း မသွားနဲ့ပေါ့ဗျာ လို့ ပြောလိုက်တော့ “အောင်းမလေး နှစ်စဉ် သွားပြီး ဆက် သနေ တာတောင် ဒီလို အဆင်မပြေဖြစ်နေတာ မသွားရင် ဒီထက် ပိုဆိုး သွားမှာပေါ့။ 


မိဘတွေ လက်ထက် ကတည်းက နှစ်စဉ် သွားနေကြ ဆိုတော့ မသွားလို့ မဖြစ်ဘူးတဲ့” . . .။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်သွား ပါတယ် .. . တောင်ပြုန်း ပွဲနဲ့ ပတ်သက် ပြီးတော့ လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် ကို ကိုးကွယ် ပါတယ် ဆိုတဲ့ ကိုယ့်နိုင်ငံ ရဲ့ လက်ရှိ အခြေ အနေ နဲ့ ချိန်ထိုး စဉ်းစားစရာ အတွေးတွေ တသီချည်းပေါ်လာ ခဲ့ရတယ်။

 တောင်ပြုန်း ပွဲကို မ၀င်းမေ လို တစ်နိုင်ငံလုံးမှ လာရောက် ဆင်နွှဲ သူဟာ တနှစ်တနှစ် ငါသိန်း အထက် မှာ ရှိတယ် လို့ သိရပါတယ်။ 

လူတစ်ယောက် ကို ပျမ်းမျှ ကုန်ကျ စရိတ် စရိတ် ကျပ် ၂ သောင်းကုန် ကျတယ် ဆိုရင် လူဦးရေ ငါးသိန်း ဆိုရင် ကျပ်သန်းပေါင်း တစ်သောင်း လောက် က အနည်းဆုံး စရိတ် အဖြစ် သုံး လိုက် သလိုပါပဲလား လို့တွက် မိတော့ တောင်ပြုန်း ပွဲ တစ်ပွဲ အတွက် သုံးလိုက်ကြတဲ့ငွေပမာဏ အပေါ် တော်တော်လေး ကြက်သီး ထသွားတယ်။

 အေးလေ ကိုယ်ယုံကြည်ရာ ကိုယ့်ယုံကြည်မှု အတွက် လုပ်ကြတာပဲ လို့ စိတ်ထဲတွေးဖြစ်လိုက်တယ်။
အဲဒီအတွေးနဲ့ အတူ တစ်ဆက်တည်း ခေါင်းထဲ ၀င်လာတဲ့ သတင်း တစ်ခုက စောင့်ရှောက်သူ မရှိတဲ့ အသက် ၇၈ နှစ် အရွယ်အငြိမ်းစား ကျောင်းဆရာမကြီး နဲ့ အသက် ၈၀ အရွယ် အငြိမ်းစားဗိုလ် ကြီး မောင်နှမနှစ်ယောက် သတင်းလေးပါ။ 

အသက် ၇၈ နှစ် အဘွားအို က လေဖြတ် ထားသလို မျက်စေ့လည်း မမြင်ရှာဘူး။ အစ်ကိုဖြစ်သူသေဆုံး သွားတော့ အဘွားအို ဟာ အစ်ကိုဖြစ်သူ အလောင်းဘေး မှာပဲ ခွေခွေလေး အဟာရပြတ် လဲကျနေ ခဲ့တယ်။ 

အနံ့ထွက်လာ လို့ ဘေးပတ်ဝန်းကျင် က ကြည့်တော့ မှ အဲ့ဒီ အဖြစ်ကို သိကြရတာ။ ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာက လာပြီး အဘွားအို ကို ပြုစုစောင့်ရှောက်လိုက်တဲ့ အ တွက် အဘွားအိုဟာ အဟာရပြတ်သေအံ့ ဆဲဆဲ အခြေအနေ ကနေလွတ်မြောက်ခဲ့ ရ တယ်တဲ့။ 

ဒီလိုပဲ မြောင်းမြ မှာ ဆေးကုသစရိတ် မရှိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတဲ့အဖြစ် ကလည်း ရှိခဲ့သေး တယ်လေ။ ဒီဖြစ် ရပ်တွေဟာ နိုင်ငံ အနှံ့ဘယ်လောက်ဖြစ်နေကြ သလဲ။ အဲ့ဒီလို အကူ အညီမဲ့နေတဲ့ လူပေါင်း ဘယ်လောက်များနေ သလဲ။

ကျွန်တော်တို့နိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ် ယုံကြည့်တဲ့နိုင်ငံဖြစ်ပေမယ့် ဘာသာတရား ၊ နောက် ကိုးကွယ် ယုံကြည်မှု နဲ့ပတ်သတ်ပြီး လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ပြု ထားသောနိုင်ငံဖြစ်လို့ ကျွန်တော် အနေနဲ့လည်း ဘာမှပြောစရာ ဝေဖန် စရာမရှိပါ။ 

ဒါပေမယ့် မ၀င်းမေပြောသလို မရှိတဲ့ ကြားက သွားကို သွားမှ ရမယ်ဆိုတဲ့ အသိ ယုံကြည်မှု လွန်ကဲတဲ့ အခြေအနေ ကိုတော့ သတိချပ် စဉ်းစား တာပို ကောင်းမယ် လို့ သုံးသပ် မိပါတယ်။

ကျွန်တော်တို့ အားလုံး ကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် က သေရည် အရက်သောက် တာ မကောင်းဘူး ဆိုပြီး ဟောကြား တားမြစ် ထားတယ်။ အခုက သေရည်သောက်နေတဲ့ နတ်တွေ ကို ကိုယ်က သွား ကိုးကွယ် ပူဇော်ပသနေတယ်။ ဒီတစ်ချက်နဲ့ တင် တော်တော်လေး လုံလောက်နေ ပါပြီ။

 ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် ကို ကိုးကွယ် ယုံကြည်ပါတယ် ဆိုတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ စဉ်းစားကြည့်ဖို့ လိုမယ် ထင်ပါတယ်။ ထိုကဲ့ အခြားနတ်များ၊ ဘိုးတော် ၀ိဇ္ဇာတွေကို ကိုးကွယ်ခြင်း ဟာ သရဏဂုံ ပျက်တယ် လို့လည်း ဆရာတော်ဘုရားများ က ဟောကြား တားမြစ်ထားပါတယ်။

တောင်ပြုံးပွဲ သွားလို့ ကုန်ကျမယ့်ငွေတွေ ကို ဘာသာ သာသနာ အတွက်၊ လူမူရေး ပရဟိတ လုပ်ငန်းတွေ အကူညီ လိုအပ်နေတဲ့ သူတွေ၊ ဘုရားကျောင်းကန်တွေ ကိုလှူ  တန်းရင် ဘုရားဟောနဲ့ လည်းညီ ကိုယ့် အတွက် လည်း ဒါန ဆိုတာပါသွားမှာပဲ။ 

 မဖြစ်မနေတောင်ပြုံး သွားသလို မဖြစ်မနေ သီလဆောက်တည် ရင် သီလ လည်း ထပ်ရ သွားမှာပဲ။ ဆိုလို တာက အသုံး တည့်စေချင်တာပါ။ အဟာရပြတ်လပ် တဲ့ သူ၊ ဆေးမကုနိုင်တဲ့ သူတွေကို လှူ  လိုက်ရတဲ့ ကုသိုလ်ဟာ ဘယ်လောက်များ လိုက်မလဲ ဆိုပြီး တွေးကြည့်စေချင်ရုံလေးပါ။

မြန်မာနိုင်ငံ မှာ ငတ်သေတဲ့ မသာ မ ရှိပါဘူး လို့ပြောနေကြပေမယ့် ဆေးကုသ စရိတ် မတက်နိုင်လို့၊ အိမ်လခ စရိတ် အစားအသောက် စရိတ်တွေ မတတ်နိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ မသာတွေ ကတော့ ရှိနေပါပြီ။ 

ဆင်းရဲမွဲတေ လို့ ကျောင်းမတက်နိုင် ပဲ ငယ်ငယ်ရွယ်ရွယ် နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေ ရတဲ့ ကလေး လုပ်သားတွေ၊ စစ်ဘေး ကြောင့် အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ဒုက္ခသည် စခန်းမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား မောင်နှတွေ၊ မိဘမဲ့ ပရဟိတကျောင်းတွေ၊ နေဖို့ကျောတခင်းစာ အသက်ရှင်ဖို့ အတွက် ထမင်းတလုပ် စား ရဖို့ ပင်ပန်း ဆင်းရဲကြီးစွာ လှုပ်ရှား ရုန်းကန်နေ ရတဲ့ ပြည်သူတွေ အများကြီးပါ။

ယခုတောင်ပြုံးပွဲ သွားကြတဲ့ သူတွေ အိမ်က ဘုရားကို မနက်တိုင်း ရှိခိုးဖြစ် ဆွမ်းတော် တင်ဖြစ်သလား . . . အိမ်ရှေ့နေ့စဉ် ကြွတဲ့ သံဃာတော်တွေ ကို နေ့တိုင်း ဆွမ်းလောင်းဖြစ်လား တွေးကြည့် မိပါတယ်။ 

ခရစ်ယာန် ဘာသာဝင်တွေ ဟာ တနင်္ဂနွေနေ့ တိုင်း ချက်စ်ကျောင်း တက်ကြပါတယ်။ အစ္စလာမ် ဘာသာ ၀င်တွေ ဟာ သောကြာနေတိုင်း ဗလီ တက်ကြပါတယ်။ ကျွန်တော့် ဗုဒ္ဓဘာသာဝင်တွေ က အခုဝါတွင်း သုံး လတောင် ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်ကြ သလားဆိုတာ နှိုင်းယှဉ် စဉ်းစားစေချင်ပါတယ်။ 

အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုပြီး ကြွေးကြော်ကာ မရောင်ရာ ဆီလူး တလွဲ ဆံပင်ကောင်းနေ ရင် အနာဂတ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ အတွက် ရင်လေးစရာပဲဖြစ်ပါတယ်။

တောင်ပြုံးပွဲ သွားတဲ့ ကားတွေမှာ သာသနာ့ အလံ တပ်ထားတာတွေ၊ ဆရာတော် သံဃာတော် များက ကားခေါင်းခန်း မှာ မိန့်မိန့်ကြီး ထိုင် ဒကာ၊ ဒကာမတွေ ကို တင်ပြီးတောင်ပြုံးနတ်ပွဲ သွားနေကြတာတွေ ဟာ ထေရ၀ါဒ အမြင်နဲ့ ကြည့်ရင် အင်မတန် အကြည့်ရ ဆိုးတဲ့ မြင်ကွင်းတွေ ပဲဖြစ်ပါတယ်။

နတ်ကို ယုံကြည် ကိုးကွယ်တဲ့ လူတွေ ကိုကြည့်ရင် အလိုကြီးသူ၊ အကြောက်ကြီးသူ၊ စဉ်းစား ဆင်ခြင် ဥာဏ် နည်းပါးသူတွေ များပါတယ်။ အထက်ပါ လူတန်းစား များကို အခြေခံ ထား၍ နတ်များ၊ နတ်ကတော် များကြီးထွား ရှင်သန်နေကြတာပါ။

 တောင်ပြုံးနတ်ပွဲ မှာ ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ညီနောင် ရဲ့ အုတ်၂ ချပ် လပ်ဘုရား ရဲ့ ဂေါပက အဖွဲ့ မှာ ပါတဲ့ လူတယောက်က . . . သူ့မှာ သားသမီး ၆ ယောက် ရှိပါတယ် တဲ့၊ တနှစ် တနှစ် တောင်ပြုံး နတ်ပွဲ ကနေ ရတဲ့ ၀င်ငွေက မိသားစု အားလုံး ၈ ယောက် အလုပ် လုပ်စရာ မလိုပဲ ထိုင်စား လို့ ရတယ် လောက်ငှ တယ် လို့မိတ်ဆွေ တစ်ယောက် ပြောပြဖူးပါတယ်။

 တောင်ပြုံး နတ်ပွဲ ကို အကြောင်းပြပြီး ဘယ်သူတွေ အကျိုး အမြတ်ရှိ သလဲဆိုတာ စဉ်းစားတွေးခေါ် ကြည့်စေချင် ပါတယ်။ တောင်ပြုံးပွဲ မှာ အတို့ခံ အထိခံ အပြောခံကြ၊ ခါးပိုက်နှိက် ခံကြ၊ ၊မူးကြ ရူးကြ၊ ယာဉ်မတော် တဆ မှုတွေဖြစ်လို့၊ ခိုက်ရန်ဖြစ်ပွား လို့ အသက်သေဆုံး ရတာတွေ လည်း နှစ်စဉ်ဖြစ် ပွားပါတယ်။ 

NGO အဖွဲ့အစည်း တွေက ကွန်းဒုံးတွေ ကို ထောင်ချီသောင်းချီဝေ ရတဲ့ ပွဲတော်ကြီး လည်းဖြစ်သဗျာ။
ဒီလို ပွဲတော်ကြီး ကို အစိုးရ မင်းများကလည်း အားပေးချီးမြှောက်တယ်။ မီဒီယာ သမားများ ကလည်း တာဝန်ကျေပွန် စွာ တခမ်း တနားဖော်ပြပေးကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တရားပွဲ ကျင်းပဖို့ အတွက် အဆင့်ဆင့် ခွင့်ပြုချက် တင်ရပါတယ်။ 

တရားပွဲတွေ ကျင်းပခွင့် အပိတ်ခံရ၊ တရားဟော ဆရာတော်များ တရားဟောကြားခွင့် အပိတ် ခံရပေမယ့် နတ်ပွဲတွေ ကို နိုင်ငံနဲ့ အ၀ှမ်း စည်စည် ကားကား ကျင်းပဖို့ အစိုးရမင်းများ က အားတက်သရော အားပေး ချီးမြှောက်ဆောင် ရွက်တယ်။ ပြည်သူများ ကလည်း အားရ၀မ်းသာ ပါဝင် ဆင်နွှဲကြပါတယ်။

 အားလုံး လက်တွဲ ညီတဲ့ ပွဲတော်ကြီးလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံ ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို အုတ်မြစ်ချပေးခဲ့ သူ သာသနာတော်ကြီး သန့်ရှင်း စင်ကြယ်အောင် ပြုလုပ်ပေးခဲ့သူ ကျေးဇူးရှင် အနော်ရထာ မင်းကြီးရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး ဟာ အခု အချိန်မှာ အရောင်မျိုးစုံ အဆိုး ခံနေရတာကို ၀မ်းနည်း ဖွယ်တွေ့မြင်နေရ ပါတယ် . ..
 

ဒီတောင်ပြုံး နတ်ပွဲ နဲ့ ပတ်သတ်ပြီး ဒီနေ့ ထိ သမိုင်းအမှန် ကို ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး။
ကျွန်တော် ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေး အတွက် ထေရ၀ါဒ လမ်းကြောင်းနဲ့ မကိုက်ညီ တာလေးတွေ ကို စဉ်းစားတွေးခေါ် သုံးသပ်နိုင်စေဖို့ အမုန်း ခံပြီး ရေးလိုက် ရပါတယ်။ 

တိုင်းသူပြည်သား အများစု က ဆင်းရဲတွင်း နက်နေချိန်၊ ဒုက္ခရောက်နေ လို့ အကူအညီမဲ့ သူတွေ များနေတဲ့ အချိန် နတ်ပွဲတွေ အတွက် ကျပ်သန်းပေါင်း တစ်သောင်းကျော် လောက်နှစ်တိုင်း အကုန်ခံပြီး စည်စည် ကားကား ကျင်းပနေ တာတွေမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာပြန့်ပွားအောင် သန့်ရှင်း စင်ကြယ်အောင် လုပ် ခဲ့တဲ့ အနော်ရထာမင်းကြီး ကို အားနာနေမိတယ်ဗျာ . . .

- ကျော်ကြီး(MDY)
8.8.14 နေ့ထုတ် News Watch ဂျာနယ်တွင် ပါရှိသော ကျွန်တော့်ဆောင်းပါးလေး ကို သူငယ်ချင်း မိတ်ဆွေ များ ဖတ်ရူဝေဖန် သုံးသပ်နိုင် ဖို့ တင်ပေးလိုက်ပါတယ် ခင်ဗျာ
photo by. Tun Tun

From...Myanmar Daily.net

 

No comments:

Post a Comment