*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်တော့မည်


 ဓမ္မစေတီ မင်းက ရွှေတိဂုံ မှာ ခေါင်းလောင်းကြီး လှူခဲ့


 ရန်ကုန်မြစ်ထဲ က ချောင်း ၃ ခွဆုံ မှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီး ကို ဆယ်ယူ ဖို့ ရေတပ် သင်္ဘောတွေ၊ ရေငုပ် သမားတွေ နဲ့ လူ အင်အား (၈ဝ)လောက် ထွက်ခွာ သွားပါတယ်။

ဒီခေါင်းလောင်းကြီး ကို နိုင်ငံခြား အကူအညီ မယူဘဲ မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ဆယ်ယူ မှာ ဖြစ်ပြီး ဆယ် ယူမယ့် လူတွေ ဟာ သက်သက်လွတ် စားတာ၊ သီလ ခံ ယူတာ တွေ လုပ်ရမှာ ဖြစ်ပါတယ်။

ဒီခေါင်းလောင်းကြီး ဟာ ရေအောက် ကြမ်းပြင် ( ၅၂ )ပေ အနက် မှာ နစ်မြုပ် နေပြီး ခေါင်းလောင်း ရဲ့ အပေါ် မှာ သံနဲ့ လုပ်ထား တဲ့ သင်္ဘော တစ်စီး လည်း ရှိတယ်လို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ခွင့်ပြု ချက် နဲ့ ခေါင်းလောင်းကြီး ဆယ်ခွင့် ရထားတဲ့ ဦးစံလင်း က ပြောပါတယ်။




ခေါင်းလောင်းက လောလောဆယ် မှာ ရန်ကုန်မြစ်၊ ပဲခူးမြစ် နဲ့ ပုစွန်တောင် ချောင်း ဆုံ ရာ နေရာ မှာ ရှိတယ် လို့ ဦးစံလင်း က ဆိုပေမယ့် ခေါင်းလောင်း တည်ရှိ ရာ အသေးစိတ် နေရာ အတိအကျ ကိုတော့ မပြောပါဘူး။
 

လောလောဆယ် ခေါင်းလောင်း ဆယ်ယူရေး အတွက် အလှူငွေ သိန်း (၁၈ဝဝ) လောက် ရထားပြီး သီတင်း(၂) ပတ် လောက်ကြာမယ် လို့ မျှော်မှန်း ထားပြီး တနေ့ ကို ကုန်ကျ စရိတ် ကျပ်သိန်း (၆ဝ)လောက် ကုန်နိုင်တယ် လို့ ဦးအုန်းမြင့် က ပြောပါတယ်။

မူလက ရွှေတိဂုံ ကုန်းတော် မှာ ချိတ်ဆွဲ ထားပြီး တန်ချိန် (၂၉ဝ) လောက် အလေးချိန်၇ှိတဲ့ ဒီခေါင်းလောင်းကြီး ကို လွန်ခဲ့တဲ့ နှစ် (၄ဝဝ)ကျော် က ပေါ်တူဂီ တပ်သားတွေ လုယက် ယူငင် သွားပြီး မြစ် ထဲ နစ်မြုပ် ခဲ့တဲ့ အတွက် ပြန်ဆယ် ဖို့ ကြိုးစား နေတာ (၅) ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140809_shwedagon_bell.shtml


From...Thit Htoo Lwin

No comments:

Post a Comment