*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 22 August 2014

ကျောင်းသား အား သမံတလင်း ကို လျှာဖြင့် လျက်ခိုင်းသည့် ဆရာမ အမှု ၀န်ကြီးဌာနသို့တင်

အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်းကျောင်းသား အား သမံတလင်း ကို လျှာဖြင့် လျက် ခိုင်း မှုဖြင့် တိုင်ကြား ခံရသော အတန်းပိုင် ဆရာမ အမှုကို ပညာရေး ၀န်ကြီးဌာနသို့ တင်ပြ ထား ကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ သူရဲသမိန်စံပြကျေးရွာ ရှိ အခြေခံပညာ အလယ်တန်း ကျောင်း၌ အတန်းပိုင် ဆရာမတစ် ဦးက ၂၀၁၃-၁၄ ပညာသင်နှစ် ကုန်ခါနီး တွင် ၎င်း၏ သားဖြစ်သူ အား ကျောင်း သမံတလင်း ကို လျှာဖြင့် လျက်ခိုင်း ခဲ့ကြောင်း ကျောင်းသား ဖခင်တစ်ဦး က ပြီးခဲ့ သည့် ဇူလိုင်လ အတွင်း က ပညာ ရေးဝန်ကြီးဌာန သို့ တိုင်ကြား ခဲ့ ခြင်းဖြစ်သည်။

ဇူလိုင် ၆ ရက်တွင် မြို့နယ် စစ်ဆေးရေး အဖွဲ့က တိုင်ကြားခဲ့ သော ကျောင်းသား ဖခင်နှင့် ကျောင်းသား၊ အတန်းဖော် ကျောင်းသားများ၊ စတုတ္ထတန်း အတန်းပိုင် ဆရာမနှင့် ကျောင်း အုပ် ဆရာမကြီး တို့ကို စစ်ဆေး ခဲ့ ခြင်းဖြစ်သည်။




‘‘တိုင်ထားတဲ့ ကလေး ဖခင် ကို စစ်ဆေးတယ်။ ကလေး ကို လည်း စစ်ဆေးတယ်။ အတန်း ဖော် ကလေးတွေ ကို လည်း ရွာထဲ မှာ ကစားနေတာ ကိုခေါ်ပြီး စစ် မေးပါတယ်။ ဆရာမ ကိုလည်း စစ်ဆေး တယ်။ တခြား ကလေး တွေ ကလည်း အဲဒီလို လုပ်ခိုင်း တယ်ပြောပါတယ်။ ဒါပေမဲ့ ကာယကံရှင် ဆရာမ ကတော့ ငြင်းဆို ထားတယ်’’ဟု စစ်ဆေးရေး အဖွဲ့ တွင် ပါဝင်ခဲ့သော ကျောင်းအုပ် ဆရာမကြီး တစ်ဦး ကပြောသည်။

အတန်းဖော်ကျောင်းသား များအား စစ်မေးမှု အရ ကျောင်း သား တစ်ဦးတည်း သာမက အခြားကျောင်းသား များကိုလည်း သမံ တလင်းကို လျှာဖြင့် လျက်ခိုင်း ကြောင်း စစ်ဆေးတွေ့ရှိချက် များ ကို ပညာရေး ၀န်ကြီး ဌာန သို့ တင်ပြ ထားပြီး ၀န်ကြီးဌာန မှ ဆုံး ဖြတ်ချက်ပြန်လည်ညွှန်ကြားမှု မရှိသေးကြောင်း အဆို ပါကျောင်း အုပ် ဆရာမကြီး က ဆိုသည်။

    ကျောင်းသားများ အား ကျောင်းကြမ်းပြင် ကို လျှာဖြင့်လျက်ခိုင်း သည့် ဆရာမ တစ်ဦး၏ စိတ်ဓာတ် မှာ နားလည်ရ ခက်ခဲနေပြီး သားသမီး အတွက် စိတ်ထိခိုက် ခံစားနေ ရကြောင်း ကျောင်းသား ဖခင် ဖြစ်သူ က ပြောသည်။

‘‘ရိုက်ရင်တောင် လက်ခံနိုင် စရာရှိပါတယ်။ ဒါက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရ ကျောင်းတွေမှာ ထားတာ ဒီလို ပုံစံ ဖြစ်နေရင် တော်တော် စိုးရိမ်စရာ ကောင်းနေပါတယ်’’ဟု တိုင် ကြားခဲ့သူ ကျောင်းသား ဖခင်က ဆိုသည်။

ကာယကံရှင် ဆရာမ က ငြင်းဆန်သော် လည်း ကျောင်းသားများ က ဟုတ်မှန်နေကြောင်း အစစ်ခံ ခဲ့သောကြောင့် ဆရာမ တစ်ဦး အနေဖြင့် ကျောင်းသားများ ကို ယင်း ကဲ့သို့ ပြုမူ ဆက်ဆံမှု မပြု လုပ် သင့်ကြောင်း အထက်ပါ ကျောင်းအုပ် ဆရာမကြီးက သုံး သပ်သည်။

‘‘ဆရာမလေး က အရမ်း တက်ကြွတယ်။ ငယ်လည်း ငယ် သေးတယ်။ တကယ် လုပ်ခဲ့တာ ဆိုရင်တော့ ဒီလိုမျိုး မလုပ်သင့်ပါ ဘူး’’ဟု ကာယကံရှင် ဆရာမ ကို စစ်ဆေးခဲ့သော ကျောင်းအုပ် ဆရာမကြီး ကပြော သည်။

  နေလင်းထွန်း
From...7 Day Daily

No comments:

Post a Comment