*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

ထူးအိမ်သင် ရဲ့ ချစ်ခြင်း အားဖြင့် ၁၀နှစ် လွမ်းဆွတ်ပွဲ ကျင်းပ – ဟန်သစ်နိုင်



 ကွယ်လွန်သူ၊ နိုင်ငံကျော် အဆိုတော် ထူးအိမ်သင် ရဲ့ချစ်ခြင်း အားဖြင့် (၁၀)နှစ်ပြည့် အမှတ်တရ လွမ်း  ဆွတ် ပွဲ ကို ကဗျာဆရာ မင်းထက်မောင်နှင့်  ဂီတ၊ ပန်းချီ၊ ကဗျာ ဝါသနာရှင် ကျောင်းသားလူငယ် သူငယ်ချင်း များ စုစည်းပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ Home ခမ်းမ တွင် သြဂုတ် ၁၄ ရက် ကပြု လုပ်သည်။
           

ထူးအိမ်သင် သည် အဘ ဦးထွန်းမြင့်၊ အမိ ဒေါ်မြရင် တို့မှ ဇူလိုင် ၁ရက် ၁၉၆၃ခုနှစ် တွင် ပုသိမ်မြို့ မှမွေးဖွား ပြီး  သူ၏ နာမည်အရင်း မှာ ကျော်မြင့်လွင်ဖြစ် သည်။ မူလတန်း ပညာကို အမှတ် (၂၀ ) အ.မ.က မှာ ပညာ သင်ကြားပြီး အ.ထ.က( ၃) မှ ဆယ်တန်းအောင် သည်။ 

၁၉၇၉-၈၀ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်ဒေသကောလိပ် တွင် ပညာသင်ကြားသည်။ ၁၉၈၁ခုနှစ် တွင် မော်လမြိုင် တက္ကသိုလ်မှာ ပညာ ဆက်လက် သင်ကြားပြီး ရုက္ခဗေဒနှင့် အောင်မြင် ခဲ့သည် ။ မော်လမြိုင် ရှိ ဂီတဆရာ ဦးအောင်စိုး ဆီ(RC Fraosis) မှ ဂီတ သင်္ကေတနှင့် ဂီတ ပညာများ သင်ယူ ခဲ့သည်။ 


၁၉၈၆ တွင် ပထမဆုံးတေးစီးရီး အဖြစ် “နာရီပေါ်မှ မျက်ရည် စက်များ” အခွေ ကို စတင်ထုတ်သည်။  ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ရက် နံနက် ၁၁နာရီ မိနစ် ၄၀တွင် ကွယ်လွန် ခဲ့သည်။ ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရ စ်ခဲ့သည်။


  

  အဆိုတော် ထူးအိမ်သင် ရဲ့ မိတ်ဆွေ သူငယ်ချင်းဖြစ်သူ ကဗျာဆရာ မင်းထက်မောင် က ပြောပြ ရာတွင် ပုသိမ်တွင် ဆုံဆည်းခဲ့သော လူငယ် တစ်စု သည် အနုပညာ ကိုယ်စီ ဝါသနာပါ သူများဖြစ်ကြပြီး ယခု အခါ တေးရေးမြင့်မိုးအောင်၊ ထူးအိမ်သင်၊ ကဗျာဆရာ မင်းထက်မောင်၊ ပန်းချီ ဆရာမြင့်ဝင်းမောင်၊ ထိပ်တင်သောင်း စသော သူများ ပါကြောင်း၊ 

ထူးအိမ်သင် သည် သီချင်းလောက ထဲ မရောက်ခင် တွင် ကဗျာရေးခြင်း၊ ဝတ္ထုရေးခြင်း စာဖတ်ခြင်း များပြု လုပ်ခဲ့ကြောင်း၊ ကဗျာရေးသား ရာတွင် သူ၏ ကလောင် အမည်မှာ ရှပ်မှူးး ကျော်ဖြစ်ပြီး ကိုရှပ်လို့ လည်းခေါ် ခဲ့ကြောင်း၊ 

နာမည်ကြီး လာသည့်တေးရေးတေးဆို ဘဝ တွင်လည်း ကိုငှက်ခေါ် ထူးအိမ်သင် သည် စာပေ နယ်ရော နိုင်ငံရေး နယ်များ တွင်ပါ ဆောင်ရွက် ခဲ့ကြောင်းပြောသည်။

 
     ကဗျာဆရာ မင်းထက်မောင် သည် ထူးအိမ်သင် ကွယ်လွန်စဉ် အမှတ်တရ ကဗျာ တပုဒ်ရေး စပ်ခဲ့ သည်။ ၄င်း ကဗျာကို ရွတ်ဆိုပြသည်။ ကဗျာခေါင်းစဉ် မှာ “သူငယ်ချင်းရေ” …
သေတဲ့ သူက သေသွားပေမယ့်
ရှင်တဲ့သူက နေလို့မရဘူး
 မြင်ယောင်တယ်၊ လွမ်းတယ်၊
မင်း အသံတွေ ငါကြားတယ်
ရင်းရင်းနှီးနှီးပေါင်း ခဲ့တယ်
အကြောင်း သိခက် … နဲနဲ ထဲမှာ မင်း ငါ ပြော ဖို့ တစ်ယောက်လျော့ သွားပြီ…..
ဟု စသည်ဖြင့် ရွတ်ဆိုပြသည်။


 
 
              ချစ်ခြင်း အားဖြင့် ထူးအိမ်သင် ရဲ့ (၁၀)နှစ်ပြည့် အတွက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း မှ ကိုမင်းကိုနိုင် က သူ ကိုယ်တိုင်ရေး ဆွဲသော ထူးအိမ်သင် ရုပ်ပုံ ပန်းချီ ကားကို လာရောက်ပေးအပ်သည်။ 


ကိုမင်းကိုနိုင် ကပြောကြားရာတွင် …
“ထူးအိမ်သင် သည် အင်အား သုံးပြီး အနိုင် မကျင့်ခဲ့ဘူး၊ သူဟာ သူရဲ့ ချစ်ခြင်း အားဖြင့် မျိုးတစေ့ ချရုံ၊ ရေ ကုန်ရေခမ်း မကြွေပန်းတွေ ပွင့်ပြ ခဲ့ပါတယ်” ဟုပြောသည်။
     

 (၁၀)နှစ် ပြည့် အမှတ်တရ ပွဲတွင် ထူးအိမ်သင် ရဲ့ နာမည်ကျော်ကြား ခဲ့သော တေးစီးရီး တိတ်အခွေများ၊ သူ့ရဲ့ ရုပ်ပုံ ပန်းချီကားများ၊ ဓာတ်ပုံ များ၊ ကဗျာ များ၊ သူအမြဲ ဝတ်လေ့ရှိသော ဝတ်စုံ ကိုချိတ်ဆွဲ ထား ပြီး ကျောင်းသား လူငယ် များက ထူးအိမ်သင် အမှတ်တရ တီရှပ် များကိုဝတ်ဆင် ထားကြသည်။
 

မိတ်ဆွေ သူငယ်ချင်း များ ကလည်း ထူးအိမ်သင်ရေး ခဲ့သောကဗျာ များကို ရွတ်ဆိုခဲ့သည်။  ကိုငှက်ကြီး (ခေါ်) ထူးအိမ်သင် ကိုချစ်သော ဝါသနာ ရှင်ကျောင်းသားလူငယ် များက ဂီတ၊ ကဗျာ၊ ပန်းချီကို တပြိုင်နက် တီးခတ် ရွတ်ဆို ရေးဆွဲခြင်း များဖြင့် လွမ်းဆွတ် ဂုဏ်ပြုခဲ့သည်။ 

အဆုံးသတ် တွင် လည်း ထူးအိမ်သင် သီဆိုခဲ့သော  “ကြယ်တွေ စုံတဲ့ည”၊ “မနက်ခင်းပွင့် တဲ့ပန်းကလေး ထက် ကိုပိုမွှေးတာ” ၊ “မင်းလေးကိုသိပ်သတိရ”  စသည့်သီချင်းများကို အားလုံးသံပြိုင်သီဆိုခဲ့သည်။

From...Myanmar Latest News
 

No comments:

Post a Comment