*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 13 August 2014

မြန်မာနိုင်ငံ အတွင်းသို့ တ၇ားမ၀င် လမ်းကြောင်းမှ ၀င်ေ၇ာက်ပြီး မြန်မာ မိန်းမ ၀ယ်ယူ၇န် လာေ၇ာက်

 
 မြန်မာနိုင်ငံ အတွင်း သို့ တရားမ၀င် လမ်းကြောင်း မှ ၀င်ရောက်ပြီး မြန်မာ မိန်းမ ၀ယ်ယူရန် လာရောက် သူ တရုတ်နိုင်ငံသား သုံးဦးကို လောက်ကိုင် မြို့၌ ဖမ်းဆီးရမိ..

မြန်မာနိုင်ငံ အတွင်းသို့ မြန်မာမိန်းမ ဝယ်ယူရန် ဝင်ရောက် လာသူ တရုတ်နိုင်ငံသား သုံးဦး ကို လောက် ကိုင် တွင် ဖမ်းဆီး ရမိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဩဂုတ် ၈ ရက် က လောက်ကိုင်မြို့နေ အသက် ၁၉ နှစ် အရွယ်ရှိ မ-----အား တရုတ် အမျိုးသားနှင့် လက် ထပ်ပေးရန် တရုတ်အမျိုးသား သုံးဦးနှင့် မြန်မာ အမျိုးသမီး တစ်ဦး တို့က သွေးဆောင် စည်းရုံးနေကြောင်း သတင်းပေးချက် အရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (လောက်ကိုင်) မှ တာဝန်ရှိ သူများက သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေး ခဲ့ရာ လောက်ကိုင်မြို့ အမှတ် ၁ ရပ်ကွက် တွင် တရုတ်နိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသူ တစ်ဦး တို့က မ---- အား ခေါ်ဆောင်လာသည် ကို တွေ့ရှိ သဖြင့်မေး မြန်းရာ မ-----အား ယခင် တစ်ရပ် ကွက် တည်းနေ တရုတ် အမျိုးသားနှင့် အိမ်ထောင် ကျနေသူ က တရုတ်ယောက်ျားနှင့် ယူပါ က ကောင်းမွန် စွာနေထိုင် ရမည်ဖြစ်ပြီး .....

မိဘများ ကို လည်း တစ်လလျှင် ယွမ် ၂ဝဝဝဝ ထောက်ပံ့နိုင် မည်ဖြစ်ကြောင်း စည်းရုံး သဖြင့် သဘောတူ လက်ခံကာ ယခုကဲ့သို့ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည် ဟု သိရသည်။

ယင်းသို့ လာရောက်ခေါ်ဆောင်သူ တရုတ် အမျိုးသား သုံးဦးနှင့် မြန်မာအမျိုးသမီး တစ်ဦးတို့ ကို လောက် ကိုင် မြို့ နယ် တုံချိန်နယ်မြေ ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် ဩဂုတ် ၉ ရက်တွင် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုမှ တရုတ်နိုင်ငံသား သုံးဦးမှာ မြန်မာနိုင်ငံ သို့ တရားမဝင် လမ်းကြောင်း မှ ခိုးဝင် လာသူ များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ သဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ထပ်မံ အရေး ယူနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

 မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာ ကို ၂ဝဝ၉ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နယ်စပ် ဆက်ဆံရေး ရုံးများကို လည်း မူဆယ်-ရွှေလီ ၌ ၂ဝဝ၇ ခုနှစ်တွ င်လည်းကောင်း၊ လွယ်ဂျယ်-ကျန်းဖုန်း နယ်စပ် ဆက်ဆံရေး ရုံးကို ၂ဝဝ၈ ခုနှစ်တွင် လည်းကောင်း၊ လောက်ကိုင်-နမ့်ဆန်နယ်စပ် ဆက်ဆံရေးရုံးကို ၂ဝ၁၃ ခုနှစ်တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်နိုင် ခဲ့ကြောင်း သိရသည်။

နယ်စပ် ဆက်ဆံရေး ရုံးများ ၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုကြောင့် ၂ဝဝ၇ ခုနှစ် မှ ၂ဝ၁၃ ခုနှစ် အထိ လူကုန်ကူး အမှုပေါင်း ၁၁၃ မှု ဖော်ထုတ်နိုင် ခဲ့ပြီး လူ ပွဲစား ကျား ၁၃၆ ဦး၊ မ ၂၂၃ ဦး ကို ဖမ်းဆီးနိုင်ကာ လူကုန်ကူး ခံရသူ ၂ဝ၃ ဦး ကို ကယ်တင်နိုင် ခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် တွင် လူကုန်ကူး မှု ၁ဝ၂ မှု ဖြစ်ပွား ခဲ့ရာ တရုတ်နိုင်ငံ သို့ ဦးတည် လူကုန်ကူး မှု ၅၉ မှု ဖြစ် ပွားပြီး အဆိုပါ ၅၉ မှု တွင် အဓမ္မမွေးစား မှု နှစ်မှု၊ အဓမ္မ အလုပ်စေခိုင်း မှုနှစ်မှုဖြစ် ကာ ကျန် ၅၅ မှုမှာ တရုတ် ဇနီးမယား အဖြစ် ရောင်းစားသည့် အမှုများဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ တွင် ဖြစ်ပွား သည့် လူကုန်ကူးမှုများ အနက် တရုတ် ဇနီးမယား အဖြစ် ရောင်းစား ခံရမှုမှာ ၉၃ ဒသမ ၂၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိ ရသဖြင့် မြန်မာ အမျိုးသမီးများ အနေဖြင့် တရုတ်နိုင်ငံ သို့ သွားရောက် အလုပ်လုပ်မည် ဆိုပါက စဉ်းစား ဆင်ခြင် သင့်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ သတိပေး သုံးသပ် ထားကြောင်း သိရသည်။

 From...Eleven Media Group

No comments:

Post a Comment