*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

အတွေးအမြင်


ေ  လောကဒဏ် ကို အရှုံးပေးတတ် သူဟာ ဘ၀မှာ အမြဲတမ်း သိမ်ငယ်တတ် သူတွေ ဖြစ်လာပါတယ်။ ဘ၀ အတွက် ပြိုင်ပွဲတွေ ဟာ သူများတွေ နဲ့ မပြိုင်ခင် ကိုယ်တစ်ယောက်တည်း အရင်ပြိုင်ဆိုင်မှု ရှိနေရမယ်။ 

ဒီနေ့ နဲ့ မနက်ဖန် ကိုယ့်ရဲ့ စွမ်းအားတွေပြောင်းလဲ တိုးတက်မှု မရှိရင် လောကဒဏ် ကို ပြိုင်ဆိုင် ဖို့ ခက်ခဲ လိမ့်မယ်။
 

ဘ၀မှာ သူများထက် သာနေတဲ့ သူတွေဟာ အများကြီး လုပ်နေတာ မဟုတ်ပါဘူး။ သူများ ထက် နည်း နည်းလေး ပိုလုပ်လိုက် တာပဲဖြစ်ပါတယ်။ အပြေးပြိုင်ပွဲ မှာ ဦးစွာ ပန်းဝင်တဲ့ သူတွေဟာ အခြားသူတွေ ထက် ခြေတစ်လှမ်းလောက် ပဲစောခဲ့ တာပါ။
 
ယနေ့ အောင်မြင်နေတဲ့ သူတွေဟာ သူများထက် နည်းနည်းလေး ပိုလုပ်လိုက်တဲ့ သူတွေပါပဲ။
ဒီနေ့ လုပ် တာထက်၊ မနက်ဖန် လုပ်တာ ပို ခရီးရောက်တိုင်း မိမိ ဟာ ပိုပြီးကြံ့ခိုင် လာပါတယ်။ တစ်နေ့ ထက် တစ်နေ့  ကိုယ်တိုင်ပြိုင်ဆိုင်မှုတွေ လုပ်နေပြီ ဆိုရင် လောကဒဏ် ကိုအံတုဖို့  မိမိဟာ အဆင်သင့်ဖြစ်နေ ပါပြီ။ 
 
ကိုယ့်ရဲ့ပြိုင်ဘက် အားလုံး ကိုလည်း ခြေတစ်လှမ်း နဲ့ ဖြတ်ချ ခဲ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဘ၀ကို ပြိုင်ပွဲတစ်ခု အဖြစ် သတ်မှတ် မယ်ဆိုရင် အဲ့ဒီပြိုင်ပွဲ ထဲမှာ  မိမိ ပါဝင်ပြီး ယှဉ်ပြိုင်နေ ဖို့ သာ လိုပါလိမ့်မယ်။

True Man
From... Myanmar Online News
 

No comments:

Post a Comment