အလုပ်ရုံ တစ်ခုထဲမှာ။ အဖေနှင့် သမီးပြောကြသော စကားများဖြစ်သည်။
အဖေဖြစ်သူ က လက်ထဲမှာ အရာဝတ္ထု တစ်ခုကို ဆုတ်ကိုင်ပြီး သမီးဖြစ်သူ ကိုပြောတယ်။
အဖေ....သမီး အဖေ့ လက်နဲ့ ဆုတ်ကိုင်ထားတဲ့ အရာက ဘာလဲသိလား...?
သမီး.....မသိဘူး အဖေ..။။
အဖေ...သိချင်လားသမီး....။။
သမီး....သိချင်တာပေါ့ အဖေ...။
အဖေ....အဲလိုဆို ရင် ထိုင် ထ ၅ ခေါက်လုပ်...။
သမီး...ထိုင်ထလုပ်သည်။ ပြီးဆက်ပြောတယ်။ ပြတော့ အဖေ သမီး ထိုင်ထ လုပ်ပြီးပြီ။
အဖေ...တကယ်သိချင် တာလား...?
သမီး...သိချင် တာပေါ့အဖေရေ....။။
အဖေ....နောက်ထပ် ၁၀ ခါ လုပ်အုံး...။
သမီး... သမီး...ထိုင်ထ လုပ်သည်။ ပြီးဆက်ပြောတယ်။ ပြတော့ အဖေ သမီး ထိုင်ထ လုပ်ပြီးပြီ။
အဖေ...တကယ် သိချင်တာလား....?
သမီး...သိချင်ပါတယ် ဆိုနေ အဖေကလည်း....။။
အဖေ...နောက်ထပ် ၁၅ ခါလုပ်အုံး...။။
သမီး....ဟွန့်.. .အဖေ ကလည်း ပြလည်း မပြဘဲနဲ့....။။
အဖေ......ပြမှာပါ...လုပ်သာ လုပ်ပါ...။။
သမီး... သမီး...ထိုင်ထ လုပ်သည်။ ပြီးဆက်ပြောတယ်။ သမီး ထိုင်ထ လုပ်ပြီးပြီ။
အဖေဖြစ်သူက လက်ထဲ က ဆုတ်ကိုင် ထားတဲ့အရာ ကို ဖွင့်ပြလိုက်တယ်....။
လက်ထဲမှာ အကြွေစေ့တစ်ခု....။။
ပြန်ဆုတ်ကိုင် လိုက်ပြီး.. .သမီး အဖေ့လက်ထဲက အရာကို သိချင်လား ထိုင်ထ ၅ ခါ လုပ်။
သမီးဖြစ်သူ က သမီး သိပြီးသားပဲ...မသိချင်တော့ ပါဘူး...။
အဖေဖြစ်သူ က သမီးကိုပြမယ်လေ...၂ ခါလောက်သော်လည်း လုပ်။
သမီးဖြစ်သူက မလုပ်ဘူး အဖေ သမီး သိပြီးသား ဥစ္စာ ဘာလို့ ပင်ပန်း ခံပြီး ကြည့်တော့မလဲ...တဲ့။
အဲဒီတော့ အဖေဖြစ်သူက.. .
အဲလိုပဲ သမီး...လောကမှာ ကိုယ်မသိ မမြင်သေးသော အရာကို လူတွေဟာ တန်ဖိုးထားပြီး အရင်း အနှီး များများ ပေး၍ သိချင်မြင်ချင်ကြတယ်။
မသိသေး မမြင်သေးသောကြောင့် တန်ဖိုး ထားကြတယ်...။
သမီးတောင် မှ ဘာမှ မဟုတ်တဲ့အကြွေစေ့လေး ကို ကြည့်ဖို့ အတွက် အရင်းအနှီးအဖြစ် ထိုင်ထတွေ လုပ်သေးတာပဲ...။။
အဲဒါက တန်ဖိုးထားမြတ်နိုးမိလို့ပဲ....။။
ကိုယ်သိပြီးမြင်ပြီးတဲ့ အရာကို နောက်တစ်ခါ သိဖို့မြင်ဖို့ အတွက် မရင်းနှီး ချင်ကြတော့ ဘူး...လွယ်သွားတဲ့ အတွက် လူတွေ ကလည်း တန်ဖိုး မထားကြတော့ဘူး...။။
သမီး အကြွေစေ့ ကိုနောက်တစ်ခါ မြင်ရဖို့ အတွက် အရင်းအနှီး စိုက်မထုတ်ချင် သလို ပဲပေါ့...တန်ဖိုး မထားတော့ သလိုပဲပေါ့...။။
အဲလိုပါပဲ...ကိုယ့်ရဲ့ မမြင် အပ်သော အင်္ဂါ အစိတ်အပိုင်းတွေ ကိုလည်း မမြင်ရအောင် လုံခြုံစွာ ဖုံးဖိထားတတ်ရတယ်။
မြင်သိပြီးသွားရင် အဲဒါ ကိုနောက်တစ်ခါမြင် သိရအောင် အရင်းအနှီး မစိုက် ချင်တော့ ဘူး...တန်ဖိုး မထား ချင်ကြတော့ဘူး...။။
မြတ်မြတ်နိုးနိုး နဲ့ သိမ်းဆည်း ထားသင့်သော အရာတွေကို တန်ဖိုးထား သင့်သော အရာတွေကို လူတကာမြင်အောင် မဖော်ပြ သင့်ဘူး...။။
ကိုယ်လည်း တန်ဖိုးမဲ့ရာရောက်သွား တတ်တယ်....။။
မိမိကိုယ် ကို တန်ဖိုးထားပါ သမီး..ဟု ဆုံးမလေသည်....။။
စေတနာဖြင့်.......
Win Thu
From...FB
Right
ReplyDelete