*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 29 August 2014

ရေအောက် ရှိ နဂါးများ ကိစ္စ ခေတ်လူငယ်များ အကြား ရယ်စရာဖြစ်နေ

 
 ရန်ကုန်မြစ်ကမ်း တွင် လာရောက်ကြည့်ရှုနေသူ များကို သြဂုတ်၂၇ရက် က တွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

 ဓမ္မစေတီ ခေါင်းလောင်း ကြီးကို   နဂါးမင်း များက  ရေ အောက် တွင် ဆီမီး ပူဇော်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူ များနှင့် ခေတ်လူကြီး၊ လူငယ်များ အကြား ရယ်စရာ တစ်ခု သဖွယ်    ပြောဆိုဝေ ဖန်နေ ကြ သည်။

နဂါး များကို ယုံကြည် သူနှင့် မယုံကြည် သူများ နှစ်ဖွဲ့ ကွဲနေပြီး ကမ်းနား တွင် လာရောက်ကြည့်ရှု သူ အများစု က ခေါင်းလောင်းကြီး ပြန်တွေ့မည် ဟု ယုံကြည် လက်ခံ နေကြ ကာ လူမှုကွန်ရက် အသုံးပြု သူ    ခေတ်လူငယ် အချို့က   ဦး ဆောင် ရှာဖွေသူ ဦးစံလင်း ၏ ရေအောက် တွင် နဂါးရှိသည် ဟု ပြော ဆိုခြင်း ကို လက်မခံ လိုကြခြင်း ဖြစ်သည်။


ခေါင်းလောင်းကြီး ကို သြဂုတ် ၉ ရက်မှ စ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းခေါင်းဆောင် သော   အဖွဲ့ က   မြန်မာ့နည်း၊ မြန်မာ့ဟန် (ဂမ္ဘီရနည်း) ဖြင့် ရှာ ဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၂၆ရက်နောက်ဆုံးထား ဆယ်ယူမည် ဟု ပြောကြားထားသော်လည်း    ၂၇ ရက် အထိ ဆက်လက် တိုးချဲ့ရှာ ဖွေနေခြင်းဖြစ်သည်။

‘‘နဂါးတွေ ကို မယုံဘူး။ ရေ အောက် မှာ ဒီ နဂါးတွေက ကုန်း ပေါ်တက်ပြီး လူယောင် ဖန်ဆင်း နိုင်တယ် ဆိုတာ ကိုလည်း မယုံဘူး။  နဂါးတွေ  အောက်မှာ ရှိရင် လူတွေ   ဒုက္ခရောက် ကုန်မယ်။ တံငါသည်တွေ၊   ပင်လယ်ကူး သင်္ဘော၊ ငါးဖမ်းလှေတွေ ဒီနား မှာ အမြဲဖြတ်နေတာ’’ဟု  ရန်ကုန်မြစ် အတွင်း  လုံခြုံရေး တာဝန်ယူ နေသူ တစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

အကြီးဆုံး ရွှေရောင် နဂါး မင်းကြီးနှင့် တကွ နဂါး အပေါင်း တို့ က ဓမ္မစေတီခေါင်းလောင်းကြီး ကို အကြီး အကျယ်ဆုံး ခမ်းခမ်း နားနား ဆီမီး ပူဇော်နေသည့် အ တွက်ကြောင့် သတ်မှတ်ရက်နေ့ ကို သတင်း ထုတ်ပြန် ရန် နောက် ကျနေခြင်းဖြစ် ပါကြောင်း ဦးစံ လင်း ၏ပြောဆိုမှု အပေါ်   မယုံ ကြည်သူများ က ဝေ ဖန်ခြင်းဖြစ် သည်။

နှစ်ပေါင်း ၄၀၀ ကျော် က တည်းက နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး    ရှိခြင်း၊ မရှိခြင်း ထက် ဦးဆောင် ရှာဖွေသူ ဦးစံလင်း ၏ ဂမ္ဘီရ ဆန်ဆန် ပြောဆိုချက် များကို လက်မခံ ဘဲ ခေါင်းလောင်းကြီး ပြန် ရှာတွေ့ လိုသော ပြည်သူ များ ဂမ္ဘီရ အတွေးအခေါ် မှိုင်းမိ မည်ကို စိုးရိမ်ကြောင်း သုံးသပ်သူ အချို့က ဆိုသည်။

ခေါင်းလောင်း ရှာဖွေသည့် ကုန်ကျ စရိတ်ကို   ကျပ်သိန်းနှစ်ထောင် နီးပါး  မှန်းထားပြီး ဆက်လက် တိုးချဲ့ ရှာဖွေမည့် ၁၇ ရက် အတွက် ကုန်ကျ စရိတ်များအား မည်သူ က တာဝန် ယူမည် ကို ပြန်ကြားရေး အဖွဲ့က  ထုတ်ဖော် မပြော ကြားသေးပေ။

ပြန်ကြားရေး အဖွဲ့ သို့ လာ ရောက်လှူဒါန်း သူ ၈၀ ကျော် ရှိပြီး အလှူငွေများ ကို အများပြည်သူ သိအောင် လက် တလောကြေညာ ပေးခြင်း မရှိဘဲ ဘဏ်တွင် အပ် ထားကြောင်း သာ ဖြေကြားထား သည်။ 

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးမင်း မပတ်သက်နိုင် ဘဲ နဂါး မင်း ပူဇော်သည် ဆိုသည် ကို အယုံ အကြည် မရှိကြောင်း၊ မွန် ရိုးရာ နတ် များတွင်လည်း     နဂါး မရှိ ကြောင်း မွန် သမိုင်းသုတေသန အ သင်း တွဲဖက် အတွင်းရေးမှူးး နိုင်ရဲ ဇော် က ဆိုသည်။

‘‘နဂါး ဆိုတာ တရုတ် နဂါး ကို ပြောတာ မဟုတ်ဘူး။ မြွေက ကြီး သွားရင် နဂါးဖြစ်တယ်။ လူ တွေ ငါးပါးသီလ လုံလား၊   လော က မှာ လူတွေ မမြင်နိုင်တဲ့ အရာ တွေ ရှိတယ်’’ ဟု  ကမ်းစပ် တွင် လာရောက်ကြည့်ရှု သူ    သံဃာတော် တစ်ပါးက မိန့်ကြားသည်။

သောင်တူးစက် မှ  သဲမှုတ် ခြင်းများ ပြုလုပ်နေပြီး ရေငုပ် သမား    ငါးဦး အဖွဲ့ကလည်း နှစ်ဖွဲ့ ခွဲ၍ ရေငုပ် ရှာဖွေနေမှု များကို သြဂုတ်၂၇ ရက် တွင်    ပိုမို လုပ်ဆောင်နေကြောင်း   သဲသမ္ဗာန် သမားများ ကပြော သည်။

‘‘ပေါ်တူဂီ ငဇင်ကာ သင်္ဘော ပျက်တယ်။ ခေါင်းလောင်းတွေ ယူသွားတယ် ဆိုတဲ့ အထောက် အထားရှိ တယ်။ ခေါင်းလောင်း ကျတယ်။ မကျဘူး ဆိုတာတော့ ခိုင်မာတဲ့    အထောက် အထား မတွေ့သေးဘူး။ အဲဒီ အချက်ကို သမိုင်းပညာရှင်တွေ အကြား အငြင်းပွားနေဆဲ ပဲ’’ဟု သမိုင်းသုတေသန ပညာရှင် ဒေါက်တာ ထွန်းထွန်းဦး က မှတ်ချက်ပေးဖူးသည်။

‘‘နတ်မေး၊ ဘာမေးနဲ့ ဆိုရင် တွေ့မှာတောင် မဟုတ်ဘူး။ သမိုင်း အထောက် အထားတောင် တစ်မျိုး စီဖြစ်နေတော့ သေချာ လေ့လာရဦး မှာ။ သုတေသန လုပ် ရဦးမှာ’’ဟု စာရေးဆရာ ချစ်စံ ၀င်းက ပြောဆိုဖူး သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ဟု ယူဆ ရသော အရာကို ဆလုံ လူမျိုး ရေငုပ် သမားများ က စမ်း မိ ထားပြီး သံမဏိ ကြိုးဖြင့် ချည် တုပ်နေသည့်      သတင်း များ ကမ်းစပ် တွင် လာရောက်ကြည့်ရှု သူများ အကြား ထွက်ပေါ်နေပြီး ညနေ ၄ နာရီနောက်ပိုင်း ကမ်း လုံးညွှတ် မျှ  လူများ လာရောက် ကြည့်ရှုနေကြသည်။

ဧရာဝတီမြစ် ၏ အနည် ပို့ချ မှု နှုန်းမှာ နှစ် ၁၀၀ ကြာ တိုင်း မြစ် ၏ အရှေ့ဘက် သို့ သုံးမိုင် တိုး၍ ပို့ချနေ၍  ယခုနှစ် ၄၀၀ ရှိ သွား သောအခါ မြစ်၏ ပို့ချ မှုမှာ ၁၂ မိုင် ဖြစ်သွား သဖြင့် ခေါင်းလောင်း ကြီးမှာ ကုန်းပေါ် (သို့မဟုတ်) မြေကြီးထဲ (သို့မဟုတ်) ရေထဲ တွင်လား ဆိုသည်မှာ အလွန်ပင် မှန်းရခက်ကြောင်း  ဦးချစ်စံဝင်း က ပြည်တွင်း မီဒီယာတစ်ခု အား ယခု ရက်ပိုင်း အတွင်း  ပြောကြားထား သည်။

 ဇေနွေထွန်း

From...7Day Daily
 

No comments:

Post a Comment