*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

လကို အကြီးဆုံးမြင်ရ မယ့် စူပါ မွန်းဖြစ်စဉ်


 စူပါမွန်း ကို ကမ္ဘာမြေက တွေ့ရစဉ်

 သြဂုတ် လ ၁၀ရက်နေ့ မှာ နေ ကမ္ဘာ နဲ့ လ တတန်း တည်း ဖြစ်ချိန် မှာ၊ ကမ္ဘာ နဲ့ အနီးဆုံး ဖြစ်တဲ့ လကို ကမ္ဘာ သူ ကမ္ဘာသားတွေ က၊ ပိုပြီး အနီးကပ် နဲ့ အရွယ်စား ကြီးကြီး မြင် ရမှာ ဖြစ်တဲ့ အတွက် supermoon စူပါမွန်း လို့ သညာပြု ခေါ်တွင်ပြီး၊ သိပ္ပံပညာရှင် တွေ မိုးလေဝသ ပညာရှင်တွေ အပါအဝင် နက္ခတ္တ ပညာ ရှင်တွေ စိတ်ဝင် တစား စောင့်ကြည့် နေကြပါတယ်။

ဒီ စူပါမွန်း အချိန် နဲ့ တိုက်ဆိုင်ပြီး ဖြစ်ပေါ် ခဲ့တဲ့ အင်ဒိုနီးရှား အာချေး ငလျင် နဲ့ နောက်ဆက်တွဲ ဆူနာမီ၊ ဂျပန် ဆူနာမီ စတဲ့ သဘာဝ ကပ်ဘေးတွေ ကျ ခဲ့တဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ တဲ့ အတွက်၊ နိုင်ငံ တကာ စောင့်ကြည့် လေ့လာသူ ပညာရှင်တွေ ကြားထဲ မှာ စိုးရိမ်မှုတွေ ရှိနေကြတယ် ဆိုပြီး၊ မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံပညာ အဖွဲ့ ရဲ့ အကြံပေး လည်းဖြစ် ပထဝီဌာန ရဲ့ ပါမောက္ခချုပ်ဟောင်း လည်း ဖြစ်တဲ့ ဦးမောင်မောင်အေး က ပြောပါတယ်။




ဒါ့အပြင်၊ စူပါမွန်းဖြစ်ပြီး နောက်ရက်တွေ မှာ လ ရဲ့ ဆွဲအားကြောင့် ကြွတက် တဲ့ ဒီရေ ဟာ ပိုပြီး မြင့်မြင့် တက်လာ တတ် တာမို့၊ မြန်မာပြည် အောက်ပိုင်း မှာ အခု အခါ မုတ်သုန် မိုးကြောင့် များနေ တဲ့ ရေ အခံနဲ့ ပေါင်းရင်၊ အန္တရာယ် ဖြစ်ကောင်း ဖြစ်လာ နိုင်လို့ သတိ ထားသင့်ကြောင်း၊ ဦးမောင်မောင်အေး က ဆိုပါတယ် ။  


 လောလောဆယ် အချိန် ထိအောင်တော့ မိုးလေဝသ နဲ့ ဇလဗေဒ ဌာနက ဒီကိစ္စနဲ့ ဆက်စပ်ပြီး သတိပေး ထုတ်ပြန်ထား မှု မရှိပါဘူး။

အခု စူပါမွန်းဖြစ်စဉ် ဟာ ၂၀၁၀ ဒီဇင်ဘာ ၂၀ ရက် နဲ့ ၂၀၁၁ မတ်လ ၁၉ ရက် နေ့တွေ က ဖြစ်ခဲ့ တဲ့ ဖြစ် စဉ်တွေထက်၊ လ ရဲ့ အရွယ် ပမာဏ ဟာ ၁၅ရာခိုင်နှုန်း ပိုကြီးအောင် တွေ့မြင် ရမှာ ဖြစ်ပြီး၊ ၂၀ရာခိုင် နှုန်း လောက် ပိုပြီး တောက် ပအောင် မြင်ရမယ် လို့ လည်း ပညာရှင်တွေ က တွက်ချက် ထားကြပါတယ်။

နက္ခတ္တ ပညာရှင်တွေ ဘက်က တွက်ဆ ခန့်မှန်းမှုတွေ ကို ကြည့်ရင်တော့၊ မြန်မာ နန္ဒီနက္ခတ် ပညာ ကျောင်း ရဲ့ ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်စိန် ရဲ့ အဆို အရ၊ မြေငလျင် လှုပ်တာ ဒီရေထူး ကဲ ကြီးမြင့် တာလို သဘာဝ ဖြစ်ရပ်တွေ ဖြစ်ပေါ် နိုင်တဲ့ အကြောင်း ကို ခန်မှန်းသလို၊ ဒီလို ကာလမျိုး မှာ အုပ်ချုပ်သူ အကြီးအကဲတွေ အပြောင်း အလဲ ဖြစ်တတ်ပြီး ကောင်း တဲ့ ပြောင်းလဲခြင်း မျိုး ဖြစ် လိမ့်မယ် လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140809_suppermoon_astrology_scientific_forecast.shtml


No comments:

Post a Comment