*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

ဘုန်းကြီးကျောင်း သို့ အရက်သောက်စားပြီး မလာရန် တားမြစ်ပြောဆိုသူ ကို ပန်းအိုးဖြင့် ရိုက်နှက် ခဲ့၍ သေဆုံး

 

၎.၈.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန် ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ ဘုန်းကြီး ကျောင်း တိုက်နေ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခိုင်ဇော် သည် ကျောင်းတိုက် ၏ အရှေ့ဘက် မှ ရန်ဖြစ် သံကြား ၍ သွားရောက်ကြည့် ရှု ခဲ့ပါသည်။

ထိုသို့ သွားရောက်ကြည့်ရှု ခဲ့ရာ ကျောင်းဝင်း အတွင်း သံမံ သလင်းပေါ်၌ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခင်ဌေး၊ (၂၇)နှစ် မှာ နှုတ်ခမ်း ၀ဲဘက်၊ ၀ဲပါး၊ ၀ဲမျက်ခုံးနှင့် ၀ဲချိုစောင်း တို့တွင် သွေးထွက်ပေါက်ပြဲ ဒဏ်ရာ များနှင့် အပေါ်သွား (၃)ချောင်း ကျိုး ဒဏ်ရာများ ရရှိကာ လဲကျနေသည် ။


 အနီးတွင် ဘုန်းကြီးကျောင်းသို့ မကြာ ခဏ လာရောက်အိပ် တတ်သူ ရွှေလင်ဗန်းကျေးရွာနေ ငဖြိုး၊ (၂၃)နှစ် ၊ (ဘ)ဦးစိန်မြိုင် အား တွေ့ရှိ သဖြင့် မေးမြန်း ရာ ငဖြိုးသည် အရက် မူးယစ်ပြီး ဘုန်းကြီးကျောင်း သို့လာရောက်သည် ကို ကိုခင်ဌေး မှ အရက်သောက် စားပြီး မလာ ရန်ပြောဆို ရာမှ ၎င်းတို့ (၂)ဦး စကား များ ရန်ဖြစ်စဉ် ငဖြိုး မှ အချင်း(၄) လက်မ ခန့် အမြင့်(၁)ပေခန့် ရှိ ဖန် ဘုရား ပန်းအိုးဖြင့် ကိုခင်ဌေး အား ရိုက်နှက် ခဲ့၍ ဒဏ်ရာ များ ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဒဏ်ရာ ရရှိသူ ကိုခင်ဌေး အား လှိုင်သာယာဆေးရုံ သို့ တင်ပို့ ခဲ့ရာ ဆေးရုံ အရောက် ၌ သေဆုံး သွားခဲ့ သဖြင့် ငဖြိုး အား အရေးယူပေးရန် ကိုခိုင်ဇော် မှ တိုင်တန်း လာခဲ့ပါသည်။

တိုင်တန်းချက် အရ ငဖြိုး အား လှိုင်သာယာမြို့မ ရဲစခန်း(ပ)၁၀၉၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Credit:  Yangon Police
From...Search Myanmar
 

No comments:

Post a Comment