*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေး များ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင် ကင်ဆာ ဖြစ်ပွား မှု များပြားလာ




မြို့တိုင်း လိုလို ကွမ်းစား သုံးမှု များပြား လာသည်နှင့် အမျှ အိန္ဒိယနိုင်ငံ မှ တရားမဝင် တင် သွင်းသော နိုင် တီတူး၊ ဖိုတီ ဖိုက် စသည့် ဆေးပြင်း များကို စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ် ပါ ကွမ်းပေါင်း ဆေးထုပ် များကို လူငယ် အများစု စားသုံး မှု ပိုမို များပြား လာကြသည်။ 

ယခင်က ကွမ်း ကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့် စားသုံးကြ ရာမှ ယခုအခါ ကွမ်းစားသုံး မှုသည် လူတန်း စား မရွေး ဈေးနှုန်း သက်သာ စွာဖြင့် အလွယ်တကူ ဝယ်ယူ စားသုံး နိုင်ခြင်းကြောင့် ကွမ်းစားသုံး မှု မှာ ပိုမို မြင့်မား လာသည် ။

 လူကြီး၊ လူငယ် ကွမ်းစား သုံးမှု များပြား လာသည်နှင့် အတူကွမ်းစား ခြင်းကြောင့် ခံ တွင်းရောဂါ ဖြစ်ပွားမှု သည် ယခင်က ထက် သက်တမ်း ထက်ဝက် ခန့် စော၍ ဖြစ်ပွား လာသည် ကို တွေ့ ရှိ နေရသည်။


ယခင်က အသက် ၄ဝ နောက်ပိုင်း မှ သာ သွားဖုံး ကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော် လည်း ယခုအခါ အသက် ၂၅ နှစ် မှ ၃၅ နှစ် ဝန်းကျင် အရွယ်မှ စ၍ ဖြစ်ပွားမှု များ ရှိလာသည်ကို လေ့လာ သိရသည်။
ကွမ်းယာရောင်းဆိုင် အချို့ သည် ကွမ်းသီး ကို ရေစိမ် ထားက ၄င်းကွမ်းသီး များ ရေစိမ် ထားသည့် အတွက် ပွလာ ကာ ကွမ်းသီး ကို အရောင်ဖွေးပြီး လှနေအောင် ဓာတု ချွတ်ဆေး တစ်မျိုးဖြင့် အရောင် ချွတ်ကာ ရေဆေးပြီး နေလှန်း အခြောက်ခံ သည် ကို လည်းကောင်း၊

 ဆေးရွက်ကြီး များ ကိုလည်း ပျားရည်နှင့် ရောစပ် ကာ နှပ်ဆေး သဘော မျိုး အသွင်ပြောင်း ထားသလို ထုံး ကိုလည်း ရေနှင့်ဖျော် ပြီး အပေါ်ယံ ရေကြည် ကို သွန်ပစ် ကာ အနည် ထိုင် ကျန်ခဲ့ သည့် အနှစ် သားကို ပျစ်ပျစ် ဖျော်ထား သည့် နို့မှုန့် များဖြင့် ရောစပ် လိုက်သည့် အတွက် ထုံး ကို စားသည့် အခါ နို့မှုန့် ပါလာ သည့် အတွက် ထုံးသား က ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ 

သို့သော် ကျန်းမာရေး နှင့် ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်း ကို ကောလင်း မှ လေ့လာ သူ တစ်ဦး က ပြောပြ၍ သိရသည်။

 ယခုအခါ ကွမ်း စားသုံးသူ များနှင့် ကွမ်းသွေး ထွေးရန် အခက် အခဲများ မှ ကာကွယ် ရန် အတွက် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေး များကို သုံးစွဲ ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါ များ ဖြစ်ပွား ကာ သေဆုံး သူ များပြား လာကြောင်း သိရှိရသည်။


Credit: Themyawadydaily
Latest Myanmar News

No comments:

Post a Comment