*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 August 2014

ဒဏ်ကြေဆေး အလွန် အကျွံ သုံးစွဲ မှုကြောင့် အမျိုးသမီးနှစ်ဦး အသားပုပ် ၍ ဆေးရုံရောက်



ရန်ကုန်၊ သြဂုတ် ၅


တိုင်းရင်း ဒဏ်ကြေဆေး အလွန် အကျွံ သုံးခြင်းကြောင့် ပဲခူးတိုင်းဒေသ ကြီး မိုးညို မြို့နယ် အတွင်းရှိ အမျိုး သမီး နှစ်ဦး အသားများ ပုပ် သွားကာ မြို့ နယ်ဆေးရုံ သို့ တင်ထား လိုက်ရကြောင်း ဆေးရုံ မှတ်တမ်း များ အရ သိရသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှစကာ ယခုလ လဆန်းရက်အထိ ဒဏ်ကြေ လိမ်းဆေးကြောင့် ဆေးရုံသို့ အမျိုး သမီး နှစ်ဦး တက်ရောက်လာခဲ့ပြီး ယခုအချိန် အထိ ကုသ မှုပြုနေရဆဲဟု မိုးညှင်းမြို့ နယ် ဆေးရုံ အုပ်ကြီး က Popular News သို့ ပြောသည်။


”လူနာကို တော်တော် ကြာကြာ ကု သမှု ပြုရမယ့် အခြေ အနေ ရှိနေပါ တယ်” ဟု ၄င်းက ပြောသည်။
အမည် မသိ အကောင် ကိုက်ခြင်း ကို ဒဏ်ကြေဆေး လိမ်းရာ မှ တစ်ဆင့် ယခု ကဲ့သို့ အသားများ ပုပ်သွားခြင်း ဟု ရောဂါ ဇစ်မြစ် ကို ပြောဆို ၍ ရသော် လည်း အမှန် စင်စစ် တွင် ဒဏ်ကြေဆေး ကြောင့် သာ ဖြစ်သည် ဟု မိုးညှင်းပြည်သူ့ ဆေးရုံ အုပ်ကြီးက မှတ်ချက်ပြုသည်။

”ပူရင် ကောင်းတာပဲ လို့ တစ်လွဲ ထင် တဲ့ပြည်သူ အချို့ကို အသိပညာ ရစေချင် တယ်။ ဘယ်ဆေး မဆို တန်ဆေး၊ လွန် ဘေး ပဲ။ ကျေးလက်တွေ မှာ ဒဏ်ကြေ ဆေး ကို အလွန် အကျွံ လိမ်းရုံ မက လိမ်း ထား တဲ့ နေရာ ကိုပါ ပတ်တီးတွေ စည်း လိုက်တော့ ပိုဆိုးသွားတယ်” ဟု ၄င်း က ဆက်ပြောသည်။

ဆေးရုံ တက်ရောက်နေသည့် အသက် ၄ဝ ကျော် အရွယ် အမျိုးသမီး တစ်ဦး မှာ လက်မောင်း အလယ်မှ စကာ လက်ဖမိုး အထိ အသား များ လောင်ကာ ပုပ်နေပြီး ကျန်အ သက်  ၃ဝကျော် အရွယ် နောက်ထပ် အမျိုးသမီး တစ်ဦးမှာ မူ ခြေ ဖမိုး အသား နှစ်လက်မကျော် ပုပ်နေ သည် ဟု ဆေးရုံ အုပ်ကြီး ထံမှ သိရ သည်။

ဆေးရုံတက် လူနာ တို့၏ ဆေးရုံ ထံပြောပြမှု အရ ၄င်းတို့ လိမ်းခဲ့သည့်ဆေး မှာ နာမည်ကြီး ဒဏ်ကြေ လိမ်းဆေး များ ဖြစ်နေသည်။

နေပြည်တော် ကျန်းမာရေး ဝန်ကြီး ဌာန တိုင်းရင်းဆေး ပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးး (ကုသ) က ”တိုင်းရင်း ဆေး ဥပဒေနဲ့ အညီ မှတ်ပုံတင် ထားတဲ့ ဆေးတွေ မှာ ဒီလို မျိုးပြဿ      နာတွေ ရှိ တာ နည်း ပါတယ်။ မှတ်ပုံ မတင် ထားတဲ့ ဆေးတွေ ကတော့ အတိုင်းအဆ မရှိ တော့ ပြဿ     နာဖြစ်ရင်လည်း ဖြစ်နိုင် တယ်” ဟု ပြောသည်။

သို့သော် မှတ်ပုံတင် ပြုလုပ် ထား သော်လည်း အလွန်အကျွံ သုံးစွဲပြီး အချိန် ကြာမြင့်စွာ ပတ်တီး စီးမည် ဆိုပါလျှင် အသားလောင် သည့်ပြဿ     နာ ရှိလာနိုင် သည်ဟု ၄င်း က ပြော သည်။

”ဘာဆေးမှ မလိမ်းဘူး။ ဒီအတိုင်း ပတ်တီး တင်းနေအောင် စည်းထားရင် တောင် ကြာလာရင် ပြဿ      နာ ရှိလာနိုင် ပါတယ်” ဟု ၄င်းကပြောသည်။

ခြေဖမိုးပေါ် ရှိ အသား အချို့ ပုပ် ကာ ဆေးရုံတက်နေ သည့် အမျိုးသမီး မှာ လည်း ဆူးစူး မိသဖြင့် ဒဏ်ကြေဆေး လိမ်းပြီး ပတ်တီး စည်းရာ မှ တစ်ဆင့် ဖြစ်ခဲ့သည် ဟု   ဆေးရုံ မှတ်တမ်းများ အရ သိ ရသည်။

မိုးညှင်းမြို့နယ် ဆေးရုံအုပ်ကြီး က တိုင်းရင်း ဒဏ်ကြေ လိမ်းဆေးများ အနေ ဖြင့် သုံးစွဲနည်း ကို ဆေးဘူး များပေါ် တွင် မြင်သာအောင် ရိုက်သင့်ကြောင်း ထောက် ပြပြော ဆိုသည်။

PN-051
popular journal
From...Search Myanmar 
 

No comments:

Post a Comment