*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 26 August 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ ဟု ဦးစံလင်း ၏ ထုတ်ပြန်ချက်



ခေါင်းလောင်းတွေ့ရှိပြီ ဟု ဦးစံလင်း ၏ ထုတ်ပြန်ချက်

ရန်ကုန်- 
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့ တွင် ခေါင်းလောင်းကြီး ကိုတွေ့ ရှိပြီဖြစ်ကြောင်း ဦးဆောင် ရှာဖွေသူ ဦးစံလင်း က ပြောသည်။

ခေါင်းလောင်းတွေ့ရှိကြောင်း ကို အရိယာ ဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီး မှ အတိ အလင်းကြေ ညာခြင်းဖြစ်ကြောင်း ဦးစံလင်း က ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ယနေ့ နံနက် တွင်  တယ်လီဖုန်း ဆက်၍ ပြောကြား ပြီး ၎င်း၏ပြောကြားချက် ကို ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။


 
ခေါင်းလောင်း ရှာဖွေရေး အတွက် စေတနာ ထားကြသော ရဟန်း ၊ပြည်သူ များနှင့် အလှူ ရှင်များ ကို ကျေးဇူး အထူး တင်ရှိပြီး သတင်း ထုတ်ပြန်ရန် နောက်ကျခြင်း ကို နားလည်ပေးကြ ပါရန် တောင်းပန် အပ်ပါသည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

 ခေါင်းလောင်းကြီး ကို မကြာမီ ကုန်းပေါ်သို့ အရောက် ဆောင်ရွက်သွားမည် ဟု ဆိုသည်။
ယနေ့( သြဂုတ် ၂၆ရက်) တွင် ခေါင်းလောင်း ရှာဖွေနေမှု ကို လာရောက်ကြည့်ရှု့သူ ပိုမို များပြားလာ သည်။ 

 ခေါင်းလောင်း ရှာဖွေရေး အဖွဲ့နေထိုင် သည့် သုံးထပ် သင်္ဘောနှင့် လုပ်ငန်းခွင် ဝင်နေသောသောင်တူး သင်္ဘော တို့ ပိုမို နီးကပ်လာသည် ကိုတွေ့ရပြီး လာကြည့် သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်း မှာ ခေါင်းလောင်း ရှာတွေ့သောကြောင့် ဟု ထင်မြင်နေကြသည်။

ထို့အပြင် ယနေ့မှ စ၍ သောင်တူးစက် အနားသို့ စက်လှေ သမ္ဗန် များဖြင့် သွားရောက်ကြည့်ရှု သူများ အား အနီးကပ်ခွင့် မပေးဘဲ ရေကြောင်း ရဲများက တားမြစ် ထားသည်။

From...7day daily

No comments:

Post a Comment