*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 August 2014

ဖုန်းဖြင့် ဂိမ်းဆော့ခြင်း ကို စွဲလန်းလွန်း သဖြင့် အိမ်သာတက်ရင်း ပင် ဂိမ်းဆော့ သူ ၅၀ ရာခိုင်နှုန်း ရှိ


ဖုန်းဖြင့် ဂိမ်းဆော့ ရခြင်းကို အစွဲကြီး စွဲ သူများ တိုး သထက် တိုးလာနေပြီ ။ ရထားပေါ် မှာ ကားပေါ် မှာ ရုံးခန်း ထဲ မှာ အိမ်ခန်း ထဲ မှာ နေရာတကာ ဆော့နေကြသည်။

ဖုန်းဂိမ်း စွဲသည့် ရောဂါ က ထင်ထား တာထက် ကို ပိုဆိုးနေကြောင်း ဗြိတိန်တွင် လေ့လာသော သုတေ သန တစ်ခု က ဖော်ပြသည်။ ဗြိတိန် တွင် ဖုန်းဖြင့် ဂိမ်းဆော့သူ ၅၀ ရာခိုင်နှုန်း နီးပါး အိမ်သာ တက်ရင်း ပင် ဂိမ်းဆော့ ကြသည် ဟု စစ်တမ်း က ဆိုသည်။ 

အမျိုးသား များမှာ အဆိုး ဆုံး ဖြစ်သည်။ ဖုန်းဖြင့် ဂိမ်းဆော့ သူ အမျိုးသား ထက်ဝက် နီးပါး အိမ်သာ တက် ရင်း ဂိမ်းဆော့ကြသည် ဟု သဘောထား ဖော်ပြ ထားကြသည်။ 


အမျိုးသမီး များ ထဲတွင် ကား သုံးပုံ တစ်ပုံ သည် အလားတူ ဂိမ်းဆော့ ကြသည် ဟုလည်း သိရသည်။ လန်ဒန် အခြေစိုက် မိုဘိုင်းဂိမ်း စိတ် ပညာ လေ့လာနေသည့် Minnd Candy အဖွဲ့က စစ်တမ်း ကောက်ယူ ထားခြင်း ဖြစ်သည်။

အိပ်ရာ ၀င်ခါနီး လည်း အလား တူပင် ဖြစ်သည်။ စစ်တမ်းဖြေဆို သူ (၅၈) ရာခိုင်နှုန်း က အိပ်ရာ ၀င်ခါနီး ဂိမ်းဆော့ လိုက်ရ မှ အာသာပြေကြောင်း သဘောထား ဖော်ပြ ကြသည်။ အမျိုးသမီး များကား ထိုနေရာတွင် ပိုဆိုး သည်။ စစ်တမ်း တွင် ပါဝင်သော အမျိုးသမီး သုံးပုံ နှစ်ပုံ ထိက အိပ်ရာဝင် ခါနီး ဂိမ်း မဆော့ဘဲ မနေနိုင် ဟုပင် ဖြေဆို ထားကြသည်။

ပျမ်းမျှ အားဖြင့် စမတ်ဖုန်းဖြင့် ဂိမ်းဆော့သူ များသည် တစ်နေ့ ကို (၄၅) မိနစ် ခန့် ဂိမ်းဆော့ခြင်းဖြင့် အချိန် ကုန်ကြကြောင်း သိရသည်။ အမျိုးသား ဆယ်ယောက် တွင် တစ်ယောက် သည် ဇနီးဖြစ်သူ ကို အချိန်ပေး ကာ စကားပြော ရခြင်းထက် ဖုန်းဖြင့် ဂိမ်းဆော့ ရခြင်းကို ပို သဘောကျကြောင်း သဘော ထား ဖော်ပြ သည်။  

အသက် ၁၈ မှ ၂၄ ကြား လူငယ်များ ကား ဖုန်းဂိမ်း သရဲ များ ဖြစ်သည်။ ထို လူငယ်များ ၏ ဆယ်ယောက် တွင် နှစ်ယောက် က မိဘ လူကြီး များနဲ့ စကားပြော ရခြင်း ထက် ဖုန်းဖြင့် ဂိမ်းဆော့ ရခြင်းကို ပိုသဘော ကျသည် ဟု သဘော ထား ဖော်ပြ ထားကြ သည်။

ဖုန်းဂိမ်း အကျင့် က အားလပ်ရက် အပန်းဖြေ ထွက်သည့် နေရာထိ လည်း လိုက်လာသည်။ အမျိုးသား လေးပုံ တစ်ပုံ ထိက ကမ်းခြေ သို့ အားလပ်ရက် အပန်းဖြေ ထွက်ရာ တွင် ရေကူးခြင်း၊ စာဖတ်ခြင်း ထက် ဖုန်းဖြင့် ဂိမ်းဆော့ ရခြင်း ကို ပို သဘော ကျကြောင်း ဆိုကြသည်။

ဆယ်ယောက် တွင် တစ်ယောက် ကလည်း တစ်နေရာ သို့ လေ့လာရေး ထွက်ရာ မှာပင် ထိုနေရာ ကို လေ့လာခြင်း မပြုဘဲ ဖုန်းဖြင့် ဂိမ်းဆော့ ခြင်း သာ လုပ်မိကြောင်း သဘော ထား ဖော်ပြထားသည်။



သန်းထိုက်စိုး
လန်ဒန် ၊ သြဂုတ် ၁
Source: Daily Mail
messenger
From...Search Myanmar

 

No comments:

Post a Comment