*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 August 2014

သိန်း တရာကျော် ဆုပေး မယ့် တယ်လီနော ရဲ့ ဂီတပြိုင်ပွဲ


တယ်လီနောမြန်မာ က ဂီတပြိုင်ပွဲ တခု ပြုလုပ်နေ ပါတယ်။ အဲဒါ ကတော့ မြန်မာ့ တေးသွား ငွေကြယ်ပွင့် ပြိုင်ပွဲ ဆိုတာပါပဲ ။ ဆုသုံးခု -   ပထမဆု  သိန်း ၁၀ဝ၊ ဒုတိယ နဲ့  တတိယ ကို သိန်း ၂၀ စီ ပေးမယ် လို့ ကြေညာ ထားပါတယ်။

ကဲ… ပြိုင်ပွဲ ကို တေးသွား ဘယ်နှစ်ခု ရောက် လာပြီလဲ?
တေးသွားပေါင်း ရှစ်ထောင်ကျော် ကျော် လက်ခံ ရရှိ ခဲ့ပြီး အောင်မြင် တဲ့ တေးသွားငွေကြယ်ပွင့် ဘယ်သူဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ကြ ရအောင်။

တယ်လီနောမြန်မာ ရဲ့ မူပိုင် သင်္ကေတ ဂီတတေးသွား ဟာ စက်တင်ဘာ လမှာ စတင်မည့် ဝန်ဆောင် မှုတွေ ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် လို့ တယ်လီနော က သူ့ဖေ့စ်ဘုတ် မှာ ရေးပါ တယ်။ 


အဲဒီ တေးသွားတွေ ကို အဆက် မပြတ် နားထောင် ရမယ့် အကဲဖြတ် ဒိုင်လူကြီးများ ကတော့ ဂီတလောက မှာ ထင်ရှား ကြတဲ့  ခင်မြတ်မွန်၊ ဓိရာမိုရ်၊ လင်းလင်း တို့ ပါပဲ။ မြင်နေရတဲ့ ပုံတွေက အဲဒီ ရှစ်ထောင်ကျော်သော အသံ ဖိုင်တွေ ကို ဖွင့်နားထောင်နေ တဲ့ ပုံတွေ ဖြစ်ပါ လိမ့်မယ်။

 

ဘယ်သူ ကများ ငွေကျပ် ဆယ်သန်း ပိုင်ဆိုင် ပြီး ဂီတငွေကြယ်ပွင့် ဖြစ်လာ မလဲဆိုတာ စိတ်ဝင် စားစရာပါ။ ကျွန်တော် တို့ရဲ့ စာမျက်နှာ နဲ့ အဆက် မပြတ်စေ ဘဲ အကောင်းဆုံး ဂီတတေး သွား ၃ခု အနက် မှ မူပိုင် သင်္ကေတ ဂီတတေးသွား ကို ဘယ်လို မဲပေးရွေးချယ် ရမလဲဆိုတာ စောင့်ကြည့်ပေးကြ ပါဦး….
 

ဒီ မူပိုင် သင်္ကေတ ဂီတတေးသွား ဟာ တယ်လီနောမြန်မာရဲ့ ဝန်ဆောင်မှုတွေ မှာ အသံပိုင်း ဆိုင်ရာ မူပိုင် သင်္ကေတ အဖြစ် စတင်ရောင်းချ မိတ်ဆက်ချိန်က စလို့ အထိမ်းအမှတ် တစ်ခုဖြစ်လာ မှာပါ လို့လည်း တယ်လီနော က သူ့ဖေ့စ်ဘုတ်မှာ ရေး ပါတယ်။
 

ဆန်ကာတင် ရွေးချယ် ထားတာတွေ ကို ပရိသတ်က မဲပေးရွေးချယ် တဲ့ အစီ အစဉ် လည်း ဆောင်ရွက်ဖွယ် ရှိပါတယ်။
 
တယ်လီနော က အဲဒီတေးသွား ကို အရောင်းမြှင့်တင်ရေး ကြော်ငြာ လုပ်ငန်းတွေ မှာ သုံးမယ်၊ ပြီးတော့ MPT က လုပ်သလို မျိုး “လူကြီးမင်းခေါ်ဆိုသော ….” ဆို တဲ့ အလို အလျောက် ဖြေကြားတဲ့ အသံတွေထဲ  အဲဒီတေးသွား တပိုင်း တစ ထည့်မယ် လို့ သတင်းတွေ ထွက်နေပါတယ်။

ဧရာဝတီ Facebook / ဧရာဝတီ Twitter
From...Myanmar Latest News

No comments:

Post a Comment