*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 17 August 2014

၁၂ နှစ် အရွယ် သား နဲ့ လိင်ဆက်ဆံသူ မိခင် ထောင်ကျ

 
 
သူမ ရဲ့ အဖေါ်က အင်တာနက် ကင်မရာပေါ် ကနေ ညွှန်ကြားကြည့်ရှုနေချိန် မှာ ၁၂ နှစ် အရွယ် သားနဲ့ လိင်ဆက်ဆံ ခဲ့တဲ့ မိခင် တစ်ဦးထောင်ဒဏ် ကျခံ ခဲ့ရပါတယ်။

သူမရဲ့ သားကို အိပ်ရာ ထဲ လိင်ပိုင်း ဆိုင်ရာ အလွဲ သုံးမှုပြုလုပ်နေချိန် မှာ သူမ က နားကြပ် ကို တပ်ဆင် ထားပြီး သူမ ရဲ့ချစ်သူ က အင်တာနက် နဲ့ နိုင်ငံရပ်ခြား အဝေးတစ်နေရာ ကနေ ကြည့်ရှုနေတာဖြစ်ပါတယ်။

သူ့ကို မိခင်ဖြစ်သူ က လိင် သင်ခန်းစာပေးနေချိန် မှာ သူ့အမေ ကို ဘယ်လို လုပ်ရမလဲညွှန်ကြားနေ တဲ့ အသံ ကို ကြားခဲ့ ရတဲ့အကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။


သူမ ရဲ့သားနှစ်ဦး ထဲက သားကြီးဖြစ်သူ ကို အလွဲသုံးစားပြုလုပ် ဖူးကြောင်း အလွဲ သုံးစားပြုလုပ် ခံရသူ များကို ကူညီတဲ့ ဌာနေ ရန်ပုံငွေ အဖွဲ့အစည်းတစ်ခု ကို အမှတ်တမဲ့ ပြောမိ ခဲ့တဲ့ အတွက် ဒီပြစ်မှု အကြောင်း လူသိ ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အဖျက်စွမ်းအားပြင်းတဲ့ ချစ်သူဟာ အခုအချိန်ထိ ဥပဒေပြင်ပမှာ လွတ်မြောက်နေသေးကြောင်း တရားရုံးကကြားသိရပါတယ်။

ကလေးရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်တဲ့အနေနဲ့ အမည်မဖေါ်ထားတဲ့ အဲဒီ့အမျိုးသမီးကို Bristol Crown တရားရုံးကနေ ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလကျခံစေခဲ့ပါတယ်။

တရားသူကြီး Michael Longman က ‘ခင်ဗျားသားပေါ်ခင်ဗျားရဲ့အပြုအမူက လူသား သဘာဝပင်ကိုယ်ဗီဇ၊ အခြေခံ ကာအိနြေ္ဒတို့နဲ့ဆန့်ကျင်နေခဲ့တယ်’ လို့သူမကိုပြောပါတယ်။

ဒီပြစ်မှု ကျူးလွန်ခဲ့တဲ့ အချိန် မှာ အဲဒီ့ကောင်လေး အသက် က ၁၁ နှစ် သို့မဟုတ် ၁၂ နှစ် သာရှိသေးကြောင်း တရားရုံး ကကြားနာ ခဲ့ပါတယ်။

တရားရုံးကြားနာမှု တစ်လျှောက် ငိုကြွေးနေခဲ့ တဲ့ အဆိုပါ မိခင်က သူမရဲ့သားနဲ့ လိင်ဆက်ဆံမှု မှာ မပါဝင် ခဲ့ကြောင်း ငြင်းဆန် ပါတယ်။

သားနှစ်ဦး ကိုတော့ လူမှုရေး အဖွဲ့အစည်းတွေ က အုပ်ထိန်း ခဲ့ပြီး အခု အခါ မှာတော့ မွေးစား မိဘတွေ နဲ့ နေထိုင်နေတယ် လို့ ဆိုပါတယ်။

အဆိုပါ အင်တာနက်က ညွှန်ကြား သူဟာ နိုင်ငံရပ်ခြားမှာ ရှိနေဆဲဖြစ်ပြီး ရဲကတော့ သူ့ကို ဖမ်းဆီး စစ်ဆေးဖို့ အတွက် အဲဒီ့နိုင်ငံရဲ့ အာဏာပိုင်တွေ ဆီကနေ သတင်းရယူနေ ဆဲဖြစ်ပါတယ်။ တရား ဥပဒေရေးရာ အကြောင်းပြ ချက်တွေကြောင့် အဲဒီ့နိုင်ငံ အမည်ကိုတော့ မပြောပါဘူး။
Trend Myanmar
From: ...www.mmdailystar.com 

No comments:

Post a Comment