*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 8 August 2014

တယ်လီနော ဆင်းကတ် နိုင်ငံတကာ တွင် သုံးနိုင်

Telenor

စက်တင်ဘာလ အတွင်း ထွက်ရှိ လာမယ့် တယ်လီနော ဆင်းကတ်တွေ မှာ နိုင်ငံတကာ ဖုန်းခေါ် ဆိုနိုင် မယ့် စနစ် ပါဝင် လာမှာဖြစ်ပါတယ်။

တယ်လီနောဆင်းကတ်တွေကို 2 G၊ 3G စနစ် ၂ မျိုး နဲ့ ထုတ်လုပ် မှာဖြစ်ပြီး ဆင်းကတ်တိုင်း မှာ အင်တာနက် စနစ် ပါဝင် လာမှာဖြစ်ပါတယ်။

3 G စနစ်သုံး ဆင်းကတ်တွေ မှာတော့ အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန် မယ်လို့ တယ်လီနော CEO ဖြစ်သူ Mr. Petter Furberg က ဒီဗွီဘီ ကို ပြောပါတယ်။



“အဓိက ကတော့ 2G နဲ့ 3 G မှာ အင်တာနက်ကောင်းကောင်း ရဖို့ ပါပဲ။ ဒုတိယ ကတော့ video call ကောပေါ့။ ပြီးတော့ internation roming စနစ်ပေါ့။ တကယ် လို့ ခင်ဗျား တခြားနိုင်ငံတွေ ကို ခရီး သွားရင် တယ်လီနော ဆင်းကတ် ကို ယူသွားနိုင်ပါတယ်။ 

သင့်တော် တဲ့ဈေးနှုန်းတွေ နဲ့ ကမ္ဘာအနှံ့ ကို ဒီနံပါတ် ကနေ ခေါ်နိုင် မှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ ကို SMS လည်း ပို့လို့ ရပါမယ်၊ လက်ခံ လို့လည်း ရပါမယ်။ SMS ကနေ ပုံတွေ ပိုလို့လည်း ရပါမယ်။”

တယ်လီနော ဆင်းကတ်တွေ ကို စက်တင်ဘာလ အတွင်း ၁၅၀၀ ကျပ် နဲ့ ရောင်းချ မှာ ဖြစ်ပါတယ်။
စစချင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေ မှာသာ အသုံးပြုနိုင် မှာ ဖြစ်ပြီး မြန်မာနိုင်ငံ နေရာ အနှံ့မှာ အသုံးပြုနိုင်ဖို့ အတွက် အချိန် အနည်းငယ်ကြာဦးမယ် လို့ Mr. Petter Furberg က ဆိုပါတယ်။

“အခု ကျနော် တို့ အကြီးမားဆုံး ရင်ဆိုင်နေရတာ ကတော့ တာဝါတိုင်တွေ စိုက်ထူ ဖို့ပါပဲ။ ဒီလုပ်ငန်း စဉ်တွေ အတွက် အစိုးရက ကူညီထောက်ပံ့မယ် ဆိုတာလည်း သံသယ မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အချိန်တိုလေး အတွင်း ထောင်နဲ့ ချီတဲ့ တာဝါတိုင်တွေ စိုက်ဖို့ ဆိုတာ မလွယ် ဘူးလေ။ 

ကျနော်တို့ ရည်မှန်း တာတော့ ဒီ ၅ နှစ် အတွင်းမှာ တာဝါတိုင် ၈ ထောင် စိုက်ထူ ဖို့ ဆိုပေမယ့် အစိုးရ၊ ပြီးတော့ ဒေသ အာဏာပိုင်တွေ ရဲ့ တာဝါ စိုက်ထူခွင့်ပြု မှုတွေ ရဖို့ ကလည်း အချိန်တို အတွင်းမှာ ရဖို့ ခက်ခဲ တယ်လေ။”

မြန်မာနိုင်ငံ မှာ အင်တာနက် အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့ ခန့်မှန်း ထားပြီး မြန်မာ့ ဆက်သွယ်ရေး အပါ အဝင် တယ်လီနော နဲ့ အော်ရီဒူး စတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေ ဟာ ကြီးမား တဲ့ ဈေး ကွက်ဝေစု ရရှိဖို့ အတွက် ယှဉ်ပြိုင်နေကြ တာဖြစ်ပါတယ်။

DVB
From...Myanmar Latest News

 

No comments:

Post a Comment