*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 15 August 2014

ဖေ့စ်ဘွတ် တွင် အစ္စရေး ကို ထောက်ခံ သဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေ မှုဖြင့် စစ်ဆေးခံရ


ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ 

မလေးရှား ဆယ်ကျော်သက် တစ်ဦး သည် အစ္စရေး အား ထောက်ခံသော Facebook မှ Post တစ် ခု အား “like” လုပ် မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေး အား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစု အဝေး တစ်ခု အား ကြိုက်နှစ် သက်ကြောင်း ပြသ ခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေ မှုဖြင့် သူ့ အား ရဲတပ်ဖွဲ့ က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထို ကိစ္စ အပေါ် သည်း မခံမှု များ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ် တွင် ဖော်ပြ ထားသည်။
 


“အစ္စရေး ကို ငါချစ်တယ် ” ဟု ရေးသား ကြေညာ ထားပြီး ဂျူးနိုင်ငံ ဖြစ်သည့် အစ္စရေး ၏ အလံကို ဖော်ပြ ထားသည့် ပို့စ်အား မလေးရှား နိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ် မှ အသက် ၁၇ နှစ် အရွယ် ကျောင်းသား တစ်ဦး က “like” လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပီနန် ရဲ တပ်ဖွဲ့အကြီးအကဲ အက်ဘ်ဒူလ် ရာဟင် ဟာနာဖီက ဗုဒ္ဓဟူး နေ့တွင် ပြောကြား ခဲ့သည် ဟု မလေးရှား မီဒီယာ တွင် ဖော်ပြ ထားသည် ။ 


  နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေ မှု နှင့် ပတ်သက် ၍ စုံစမ်း စစ်ဆေးမှု ပြုလုပ် လျက် နေ ဆဲ ဖြစ်ကြောင်းနှင့် ထိုကျောင်းသား မှာ “like” အမှတ် အသား ကို မတော် တဆ နှိပ်လိုက် မိခြင်း ဖြစ်ကြောင်း အက်ဘ်ဒူလ် ရာဟင် က ဆိုခဲ့ သည်ဟု ဖော်ပြထား ကြသည်။ 

ထိုကျောင်းသား အပေါ် ခြိမ်းခြောက်မှု များကို လည်း ရဲတပ်ဖွဲ့ က စုံစမ်း လျက် ရှိကြောင်း ဆိုသည်။ မလေးရှား တွင် နိုင်ငံတော် အပေါ် အကြည်အညို ပျက်စေမှု မှာ ထောင်ဒဏ် သုံးနှစ် ကျ ခံရ နိုင်သည်။ ရဲ များ၏ စစ်ဆေးမှု ကို ခံယူ ခဲ့ ရသော ကျောင်းသား မှာ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ကို ဖျက်သိမ်း လိုက် ပြီ ဖြစ်သည်။ ၎င်း မည်သူ ဖြစ်ကြောင်း လူသိ ရှင်ကြား ထုတ်ပြန် မှု မရှိပေ။

မလေးရှား နိုင်ငံသည် အစ္စရေးနှင့် သံတမန် အဆက် အသွယ် မရှိပေ။ ဂါဇာ တွင် ဖြစ်ပွား လျက် ရှိသော စစ် ပဋိပက္ခ များကြောင့် ပါလက်စတိုင်း များအပေါ် အစ္စရေး ၏ မူဝါဒ များမှာ မလေးရှား မွတ်စလင် များ ၏ ပြင်းထန် စွာ ဝေဖန်မှု ကို ခံနေ ရသည်။

လူမျိုး ဘာသာပေါင်းစုံ နေထိုင် ကြသည့် မလေးရှား တွင် မလေး မွတ်စလင် များ အများ ဆုံး လွှမ်းမိုး ထားသော အစိုးရ လက်ထက် ၌ သည်း မခံ မှုများ ကြီးထွား လာမည့် အရေး အများ ပြည်သူ ၏ စိုးရိမ် ပူပန်မှု များ မှာ ယခု ဖြစ်ရပ်ကြောင့် ပိုမို မြင့်တက် လာခဲ့သည်။ 


အခြား လူသိ များသော ကိစ္စရပ် တစ်ခုတွင် လည်း မလေးရှား အစိုးရ နှင့် မွတ်စလင် အုပ်စုများက လူနည်း စု ဖြစ်သည့် မလေး ခရစ်ယာန် များ အနေဖြင့် ဘုရားသခင် ဟု အဓိပ္ပာယ် ရသော အာရပ် စကား လုံး ဖြစ် သည့် “အလ္လာ” ဟူသော စကားလုံး အား ခရစ်ယာန် ဘုရား သခင်အား ရည်ညွှန်း ရာတွင် ဆက်လက် အသုံး မပြု ကြတော့ ရန် ဖိအား ပေးလျက် ရှိပြီး ခရစ်ယာန် များ ကမူ ၄င်းတို့ အနေဖြင့် ရာစုနှစ်နှင့် ချီကာ ထိုကဲ့သို့ ရည်ညွှန်း သုံးနှုန်း လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ ကြသည်။

mizzimaburmese
From...Myanmar Online News
 
 

No comments:

Post a Comment