*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 8 August 2014

ကွဲကွာနေခဲ့ ကြသော အမေ ကိုပြန် ရှာတွေ့ မှ မောင်နှမဖြစ်နေမှန်း သိခဲ့သော ဇနီးမောင်နှံ

birth mother search 
 
ဘရာဇီးလ် က လင်မယား စုံတွဲ က ငယ်စဉ် ကတည်းက ကွဲကွာ သွားခဲ့တဲ့ သူတို့ရဲ့ အမေ တွေ ကို ကိုယ်စီ ရှာလာကြတာ နှစ်ပေါင်း အတော်လေး ကြာနေခဲ့ပါပြီ။ 

အိမ်ထောင်သက် ၁၀ နှစ် အတွင်းမှာ လည်း ခြောက်နှစ် အရွယ် သမီးကလေး ရတဲ့ အထိ ကို မိခင်ဖြစ် သူတွေ ကို တတ်နိုင်တဲ့ နည်းလမ်း မျိုးစုံ သုံးကာ လိုက်ရှာနေခဲ့ တာပါ။

အသက် ၃၉ နှစ် ရှိ ဇနီး သည် အန်ဒရီရာနာ နဲ့ အသက် ၃၇ နှစ် အရွယ် ရှိ ခင်ပွန်း လီအန် ဒရို တို့နှစ်ဦး က ငယ်စဉ် အချိန် ကတည်းက မိဘ အရင်းဖြစ်သူတွေ နဲ့ ကွဲလာ တဲ့သူတွေ ဖြစ်ကြရာ လီအန်က အသက် တစ်နှစ်သား အရွယ် ကတည်းက မိထွေးဖြစ်သူ ဆိုသူ အ မျိုးသမီး ထံမှာ ကြီးပြင်းခဲ့တာဖြစ်ပြီးတော့ အန်ဒရီရာနာ ကတော့ ဖခင်ဖြစ်သူ လက်ထဲမှာ ကြီးပြင်း လာခဲ့ကြတာပါ။







တိုက်တိုက် ဆိုင်ဆိုင် ဆိုသလို သူတို့နှစ်ဦး စလုံးရဲ့မိခင်တွေ ကပျောက်ဆုံးနေတာဖြစ်ပြီး တော့ ၎င်းရဲ့ နာမည်တွေ က မာရီယာ ဆိုကာ တူနေခဲ့ တာဖြစ်ပါတယ်။

 နာမည်တူ မရှား လူ တူ မရှား ဆိုကာ သူတို့နေ ထိုင် တဲ့ ဘရာဇီးလ်နိုင်ငံ ဆော်ပိုလိုမြို့တော် လူပျောက် ရှာဖွေ ရေး မီဒီယာ ကနေ တဆင့်ရှာဖွေခဲ့ရာ တကယ်တမ်းတွေ့ရှိ သွားချိန် မှာတော့ သူတို့ရဲ့မိခင် မာရီယာ က တစ်ယောက် တည်း ဖြစ်နေခဲ့ ပါတော့ တယ်။

ဒီလိုမျိုး တစ်ယောက်တည်းဖြစ်နေ တဲ့ မိခင် အရင်း ကို တွေ့သွား ချိန်မှာတော့ မိခင် ရဲ့ဝမ်း ကနေ တစ်အူ တုံဆင်း လာတဲ့ မောင်နှမနှစ်ယောက် က အခု အချိန်မှာ လင်မယားဖြစ်နေ ကာ သမီး တစ်ယောက်တောင် ထွန်းကားနေ တဲ့ မိသားစု တစ်စုဖြစ်တဲ့ အတွက် လီအန်ဒရို တို့ဇနီးမောင်နှံ ကို ဘယ်လို မှ မယုံ ကြည်နိုင်လောက်အောင် ဖြစ်ခဲ့ ရတယ်လို့ဆိုပါ တယ်။

“ကျွန်မတို့ အတွက် ဘုရားသခင် က ဘယ်လိုများ လွဲချော်မှုတွေ ပေးခဲ့ ရတာလဲ။ ဒါက ရုပ် ရှင်တွေ ဇာတ် လမ်းတွေ ထဲမှာ ပဲ ရှိတယ် ထင်တာ အခုတော့ ကျွန်မ တို့ ကိုယ်တိုင် လက် တွေ့ပါပဲ။ တကယ်ကို အံ့သြ ဖို့ကောင်းပါတယ်။ ဘယ်လိုမျိုး အခြေမျိုး ကို လက်ခံပေးရ မယ် မှန်းတောင် မသိတော့ ပါဘူး” လို့ အန်ဒရီရာနာ က ရင်ဖွင့် ခဲ့တယ်။

www.myanmarlatestnews.com
From...Search Myanmar
 
credit: phothutaw

No comments:

Post a Comment