*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 12 August 2014

နာဂါဆာဂီ ကို အဏုမြူ ဗုံး ကြဲချ တဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ ငြိမ်းချမ်းရေး ကို သီဆို ခဲ့တဲ့ အဆိုတော် ခိုင်ထူး ရဲ့ ၃၄…. ခိုင်ထူး { ရန်နောင်(ဗိုလ်တထောင်) }

 

ရန်နောင်(ဗိုလ်တထောင်) နာဂါဆာဂီ ကို အဏုမြူ   ဗုံး ကြဲချတဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ငြိမ်းချမ်းရေး ကို သီဆိုခဲ့တဲ့ အဆိုတော် ခိုင်ထူး ရဲ့  ၃၄ …. ခိုင်ထူး
 

သြဂုတ် ၁၂၊ ၂၀၁၄


         

 စတီရီယို တေးဂီတလောက တွင် နှစ်ပေါင်း သုံးဆယ့်လေးနှစ်ကြာ ရပ်တည် ခဲ့သော တခေတ် တခါက လူငယ်ထု အကြိုက် တေးရေး၊တေးဆို ခိုင်ထူး ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို   ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံကြီး တွင် သြဂုတ်လ (၉)ရက်နေ့ ည(၇) နာရီက ကျင်းပပြု လုပ်ခဲ့သည်။







       သြဂုတ်လ ၏ မိုးရေစက်တွေထဲ မှ အဆိုတော်ကြီး ခိုင်ထူး အား လာရောက် ကြည့်ရှုကြသူ များ မှာ သက်လတ်ပိုင်း လူကြီး အများ အပြားဖြစ်သည်။ သူဆိုနေကျ ပင်တိုင် တီးဝိုင်း သဖွယ်ဖြစ်သော The Aces , Aurora တီးဝိုင်း များဖြင့် တခေတ် တခါက ပရိတ်သတ် ရင်ထဲ ငြိခဲ့သော သီချင်းများ ကို သီဆိုဖျော်ဖြေပေး ခဲ့သည်။


          ဖျော်ဖြေမှု အစီအစဉ် စတင်သော အခါ ခိုင်ထူး မှ ပရိတ်သတ်အား ဆုတောင်းမေတ္တာပို့သရင်း လက်အုပ်ချီ ဂါရဝပြု နှုတ်ဆက်သည်။ 


ထို့နောက် တေးမြုံငှက်၊ အဉ္ဇလီ၊ ရွှေလသာမှ၊ ဘိုမ၊ စပျစ်ရည်ချိုနောက်ကမေ့မျက်ရည်၊ စစ်ကိုင်းလမ်း၊ ဆို၊ နှင်းဝေတဲ့ဆောင်း ၊နှင်းသက်သက်ဝေ၊ အစောဆုံးပြန်ခဲ့  ၊နေရာဟောင်း၊ သိလား၊ မကျေနပ်ဘူး၊ ၊ မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ၊ ခတ္တာ၊တရံတခါဆီ၊ ကြယ်ကြွေချိန်ညလေးတစ်ည၊ သီချင်းတစ်ပုဒ် ပန်းတဆုပ်၊ ရွှေလည်တိုင်၊ ငါသည်မြတ်သောအကျင့်ကိုကျင့်၍ အမှန်တရား၌ နေ၏ ၊ အဝေးဆုံး၊ ဖိုးသာထူး၊ ဆိုင်သူကိုယ်စီနဲ့မို့၊ အားလုံးကိုကျော်ဖြတ်ရမယ်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ၈၃×၂၆ ၇၁လမ်းကြား စသော တေးသီချင်း များကို သူ့စတိုင် အတိုင်း ဂစ်တာ ကို ဟန်ပါပါ တီးခတ်ကာ မာန် အပြည့်ဖြင့်သီဆိုဖျော်ဖြေပေးခဲ့သည်။


 
 
 
တေးသီချင်း များ သီဆိုနေစဉ် တွင် သူ့အား ချစ်ခင်သော ပရိတ်သတ် မှ ဆုငွေများ ၊ပန်းကုံးများ၊ ပန်းစည်း များ တက်ရောက် ၍ ပေးအပ်မှု များစွာပြုလုပ် ခဲ့ကြသည်။

         အဆိုတော် ခိုင်ထူး ၏ တစ်ကိုယ်တော်ဖျော်ဖြေမှု တွင် သူ့အား ချစ်ခင်သူ တစ်ဦးဖြစ်သော တေးရေး ၊တေးဆို ဂျေမောင်မောင် မှ လည်း မန္တလေးမှာ ရှိနေမယ်၊ မန္တလေးည များ သီချင်းနှစ်ပုဒ်ဖြင့် ဝင်ရောက် အားဖြည့် သီဆိုပေးခဲ့သည်။ 


 

      
ဆက်လက် ၍ ဒုတိယပိုင်း အစီအစဉ် အနေဖြင့် အဆိုတော် ခိုင်ထူး မှ လိုရင်အကုန်လုံးယူ၊ ဒို့လာတယ်၊ တချို့တွေနေနိုင်လွန်းတယ်၊ သီချင်း များကို သီဆိုပြီး ပွဲကို သိမ်းခဲ့သော်လည်း ပရိတ်သတ် ၏ တောင်းဆိုမှု အရ တေးရေး ကိုနေဝင်းရေးစပ် သီကုံးသော အခါမတိုင်တဲ့မိုး ၊ ကြွေမယ့်မိုး သီချင်းနှစ်ပုဒ်ဖြင့် ထပ်မံသီ ဆိုဖျော်ဖြေပေးခဲ့သည်။
      

 အဆိုတော် ခိုင်ထူး မှ ပရိတ်သတ် အား နှုတ်ခွန်းဆက် စကားပြောကြား ရာတွင် ယခုလိုပြောဆိုခဲ့သည်။
“ကျွန်တော် ဒီပွဲကို သီဆို ဖို့ ဖုန်းတောင် မပြောပါဘူး၊ မိန်းမနဲ့တောင် စကား မပြောပဲနဲ့ အသံတွေ မွေး ထား တာပါ ။ ဒါတွေက ပရိတ်သတ်ကြီး အတွက် ပါ …” ဆိုကာ သီချင်းအပုဒ် လေးဆယ် နီးပါးခန့်ကို ဆိုသွားခဲ့သည်။

 http://www.myanmarlatestnews.com/wp-content/plugins/wp-o-matic/cache/1af02c05cc_DSC-0054.JPG
တစ် ကျောင်းတည်း ထွက် အနုပညာရှင်များ – ပက်ထရစ်၊ ခိုင်ထူး၊ စင်ယော်မောင်မောင်      

အဆိုတော် ခိုင်ထူး ၏ သီချင်းများ သည် တခေတ် တခါက လူငယ်ထု ရင်ထဲ ထိုးဖောက် ဝင်ရောက်ခဲ့သော သီချင်း များဖြစ်သဖြင့် ယခု အချိန် လူလတ်ပိုင်း အရွယ်သို့ ရောက်နေပြီဖြစ်သော အရွယ်များ အတွက် ရင်ကို ထိမှန်စေသော တေးသီချင်း များဖြစ်ခဲ့သည်။
     

 နေ့ရက် အချိန်လေးတွေ ပြောင်းပေမဲ့၊ နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် …သိလား အစချီသော သိလား သီချင်း သီဆိုပြီးသော အခါ ဒီ သီချင်းက ရည်းစား ဘဝမှာ ဆိုလို့ကောင်း တဲ့သီချင်းပေါ့ ၊ အိမ်ထောင်သည်ဖြစ်သွား တဲ့ အခါကျတော့ ဗျာဟု ဆိုကာ မကျေနပ်ဘူး သီချင်းကို သီဆို ခဲ့ပုံလေးမှာ လည်း ပရိတ်သတ် ရင်ထဲစွဲငြိ စရာဖြစ်ခဲ့သည်။



     ထပ်မံ၍ စွဲငြိ စရာ သီဆိုပြမှု ကတော့ စစ်နဲ့ငြိမ်းချမ်းရေး သီချင်းဖြစ်သည်။ ကျွန်တော် ဒီနေ့ကို ပွဲ လုပ်ဖို့ရွေး ကတည်းကိုက သြဂုတ်လ (၆)ရက်နေ့ မှာ ဟီရိုရှီးမား ကို အဏုမြူ  ဗုံးချတဲ့နေ့၊ ဒီနေ့ သြဂုတ်လ (၉)ရက်နေ့ မှာတော့ နာဂါဆာဂီ ကို အဏုမြူဗုံးချတဲ့နေ့ ပေါ့ ။


ဒါလေးကို အမှတ်တရဖြစ်စေချင် လို့ ဒီသီချင်း ကို ဆိုတာပါ ဟုလည်းဖွင့်ပြောခဲ့သည်။သီဆိုနေစဉ် အတွင်း စစ် ၏ အနိဋ္ဌာရုံ များကို နောက်ခံ စလိုက်ရှိုးဖြင့် ပြသခဲ့သည်။
    

 ကိုယ်တို့က အိမ်က တီဗီ မှာ ကြည့်ရတာ အား မရခဲ့ဘူး။ အဲဒါကြောင့် ဒီကို လာပြီး တကူးတက ကြိုက်လွန်းလို့ လာကြည့် တာပါ။ သူ့ သီချင်းတွေနဲ့ အခု ကိုယ့်ဘေးက ကိုယ့်အမျိုးသမီး ကို ပိုးခဲ့ ရတာပေါ့ကွာ ဟု ပွဲလာကြည့်သူ လူကြီး တစ်ဦးမှ အမှတ်တရ စကားပြောပြပါသည်။ 

 

 
      သူ့ဘေး မှ ဦးလေးကြီး တစ်ဦးမှ လည်း ဒီနေ့ ပွဲက ငယ်ငယ်တုန်း က စတိတ်ရှိုးကြည့်ရတဲ့ အရသာ ကို ပြန်ခံစား မိတယ်ကွ၊ တရုံ လုံး မှာမျက်နှာ သိတွေ ချည်းပဲဖြစ်နေတော့လေ ဟုလည်း ဝင်ရောက်ပြော ဆိုခဲ့သည်။
        

 အရင်ခေတ် အဆိုတော် ခိုင်ထူး ကို နားမထောင် ဘူးသော လူငယ် ပရိတ်သတ် များ အတွက် ရိုးအီ နိုင်သော သီချင်းများ ဟု ထင်နိုင်ဖွယ် ရှိသော်လည်း လူကြီး ပရိတ်သတ်များ အတွက် ငယ်မူ ငယ်သွေး ကြွစေသော သီချင်းများဖြစ် သဖြင့် ထိုင်ခုံမှ ထကာ ကခုန်နေသော လူကြီးများ ကိုလည်း တွေ့မြင်ရသည် မှာ ခိုင်ထူး ၏ ပရိတ်သတ် အင်အားမသေးကြောင်းကိုလည်းတွေ့မြင်ခဲ့ရသည်။
      

 ယခုခေတ် အဆိုတော်များ လို ပရိတ်သတ် ဆီမှ လက်ခုပ် သံတောင်းခံခြင်း မရှိပဲ သီချင်း အစတီးလုံး တီးရုံဖြင့် လက်ခုပ်သံ တဖြောင်းဖြောင်း ထနေအောင် အတီး ခံရသော အဆိုတော်ကြီးဖြစ်သည် ကိုလည်း တွေ့ ရှိခဲ့ရသည်။
 

“ကျွန်တော် ဒီနေ့ည မှာ မဆိုဖြစ်လိုက်တဲ့ သီချင်းတွေ ရှိပါတယ်။ မိုးရဲရင်ဆောင်းရဲရမယ်၊ မိုးကျော် စသဖြင့်ပေါ့ ၊ဒါတွေ ကို နောက်တခါ ဆိုဖြစ် ခဲ့ရင်ထည့်ဆိုပေးပါမယ် …” ဟုလည်း ပရိသတ် အားတောင်းပန် စကားဆို ခဲ့သေးသည်။
       ထိုနေ့ည ဖျော်ဖြေမှု တွင် Aces နှင့် Aurora တွဲဖက်ဖျော်ဖြေ ခဲ့ပြီး လိဒ် ပက်ထရစ်၊


 

 ဘေ့စ် ဆလိုင်းဇာလျန်း



 မြတ်မိုး၊




ကီးဘုတ် ကျော်မင်းနိုင်၊အောင်လင်းထွဋ် ၊


ဒရမ် အော်စကာ သန်းတင်၊

 

 

စိုင်းသာဌေး တို့ မှ တီးခတ်ပေးခဲ့ကြသည်။
        

 ၃၄…ခိုင်ထူး ပွဲကို ဦးပီးပေါ်မှ စီစဉ်ပြီး ရုံဝင်ကြေးမှာ နှစ်သောင်း၊ တသောင်းခွဲ၊ တသောင်း၊ ခုနစ်ထောင်ကျပ် ဖြစ်သည်။

ခိုင်ထူး ၏ အမာခံ ပရိတ်သတ် အင်အား အပြည့် ရှိကြောင်းလည်း တွေ့မြင်ခဲ့ရသော ပွဲကြီး တစ်ပွဲဖြစ် ခဲ့သည်။

From...Search Myanmar



No comments:

Post a Comment