*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 August 2014

ဗြိတိန်နိုင်ငံ က အသက် ၅၈နှစ် အရွယ် အမျိုးသမီးကြီး ကို တဏှာ ကြီးသော သရဲ တစ်ကောင် လိုက်ခြောက်နေ သဖြင့် သရဲနှင် ဆရာခေါ်ပြီးနှင်လိုက်ရ ဟုဆို

10534551_820942434591345_2207239910524248241_n
ဗြိတိန်နိုင်ငံ၊ အရှေ့ယောက်ရှိုင်းယား စီရင်စု၊ဟူးလ်မြို့ က အသက်၅၈နှစ် အရွယ် ပေါ်လင်းဟစ်ဆင် ဆိုတဲ့ အမျိုး သမီးကြီး တစ်ယောက် ကို တဏှာကြီးလွန်း တဲ့သရဲ တစ်ကောင်က တစ်ကောက်ကောက် လိုက်ခြောက်နေ လို့ သရဲနှင် ဆရာ ကိုခေါ်လိုက် ရတယ်လို့ အင်္ဂလန်ထုတ် ကြေးမုံ သတင်းစာကြီး ကရေး သား လိုက်ပါတယ်။

အဲဒီ သရဲဟာ ပေါ်လင်း ရဲ့ အတွင်းခံတွေ ကိုပဲ လိုက်ဝှက်နေတယ် လို့ ပေါ်လင်း ကပြော ပါတယ်။သူ့ အနေ နဲ့ အဲဒီ တဏှာကောင် သရဲ လက်ကလွတ်ချင် လို့ ၂နှစ် အတွင်း မှာ အိမ် ၇ခါပြောင်းခဲ့ ပေမယ့် သရဲ က ပြောင်း တဲ့အိမ်တွေ အထိ လိုက်ပြီး အတွင်းခံဘောင်းဘီ နဲ့ဘရာစီယာတွေ ကို လိုက်ဝှက်နေတယ် လို့ ဆိုပါတယ်
 



`ကျွန်မတော့ ရူးတော့ မှာပဲ။ ဘာဖြစ်လို့ အဲ သလိုဖြစ်နေရ သလဲ ကျွန်မ မသိဘူး။ အလုပ် သွားပြီးအိမ်ပြန်ရောက် တာနဲ့ ကျွန်မ ရဲ့အတွင်း ခံတွေ မွှေနှောက် ခံထားရတော့ တာပဲ။ အတွင်း ခံတွေပျောက် ကုန်တယ် ။

ရေချိုးခန်းထဲ မှာ တစ်ယောက်ယောက်ရေ၀င် ချိုးသွား သလိုပဲ ။ရေချိုးခန်း ကြမ်းပြင်တွေက စိုနေ တယ်`လို့ပေါ်လင်း ကပြောပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ် က ဟူးလ်မြောက်ပိုင်း က ဘန်ဂလို ကို သူ အိမ်စပြောင်း ကတည်းက အဲဒီ အဖြစ် အပျက် စခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီ အိမ်ရောက်ပြီး သိပ်မကြာခင် မှာပဲ သူ အိမ်မှာ မရှိတဲ့အခါ အိမ်ထဲ မှာ ထူးထူး ဆန်းဆန်း တွေ တစ်ခုခုဖြစ်ခဲ့တယ် လို့ သူ အလိုလို သိနေပြီး ရှင်းလဲ မပြတတ်ဘူး လို့ ပေါ်လင်း ကပြောပါတယ်။

ဓါတ်ပုံတွေ က နံရံမှာ ရွဲ့စောင်း ကျန်ခဲ့တယ်။ရေချိုးခန်း က တစ်ယောက်ယောက် သုံးသွားပုံ ရတယ်။ တံခါးတွေ မှာ အပေါ်အောက် အစင်းကြီးတွေ ကျန်ခဲ့တယ် လို့ပေါ်လင်း ကပြောပြပါတယ်။ အိမ်ပြန်ရောက် ပြီ ဆိုတာ နဲ့သူ့ပစ္စည်းတွေ မွစာကြဲနေတယ်။

အပူချိန်တွေ ကို မြှင့်ထား တာ ဒါမှ မဟုတ်ချ ထားတာ တွေ့ရတယ်။လက်ဖက်ရည် ပန်းကန်နဲ့ဇွန်းက အပြင်ရောက်နေ ပြီး လက်ဖက်ရည်သောက်ဖို့ အသင့်ပြင်ပေး ထား သလိုဖြစ်နေတယ် လို့ဆိုပါတယ်။
သရဲနှင် ဆရာ စတိဗ်နီရှော က ပေါ်လင်းကို အိပ်မွေ့ ချပေးပြီး မကောင်းဆိုးဝါး ကိုနှင်ပါတယ်

အဲဒီ အခါ ထူးခြားမှု တွေ့ရတယ်လို့ စတိဗ်ကပြောပါတယ်။လေအေးတစ်ချက် ၀ုန်းခနဲ တိုက်သလို သူခံစား လိုက်ရပြီး မကြာမီ မှာပဲ လူ ကောင်ကြီးကြီး တစ်ယောက် နဲ့ ၁၄နှစ် အရွယ်ကောင်လေး တို့ သူ့ရှေ့ က ဖြတ် ပြီး ပျံသွားကြတာ ကို စတိဗ် ကမြင် လိုက်ရတယ် လို့ပြောပါတယ်။

အဲဒီနောက်ပိုင်း မှာတော့ ပေါ်လင်း တစ်ယောက် သရဲ ထပ်ခြောက်တာ မခံရတော့ ပါဘူး။
အဲဒီ သရဲဟာ ဘန်ဂလို ကို သူ မပြောင်းခင် ၀ယ်လာတဲ့ မှန်တင်ခုံ အဟောင်းကြီး နဲ့ဆက်စပ်နေ လိမ့်မယ် လို့ ပေါ်လင်းက ထင်နေပါတယ်။

အဲဒီ မှန်တင်ခုံ အဟောင်းကြီး ၀ယ်တုန်း က ပတ္တမြား ရတု မင်္ဂလာပွဲ ဖိတ်စာနဲ့ အခြား ကိုယ်ပိုင် ပစ္စည်း အချို့ ကိုပါ အဲဒီ မှန်တင်ခုံ ထဲမှာတွေ့ရတယ် လို့ပေါ်လင်းက ဆို ပါတယ်။ ယုံချင်ယုံ မယုံချင်နေ၊ သြဂုတ် ၈ရက် ထုတ် အင်္ဂလန် ကကြေးမုံ သတင်းစာထဲ ပါလာတဲ့ အရင်းအတိုင်း ပရိသတ် အတွက်ပြန် လည်ဖောက် သည် ချလိုက်ရခြင်းဖြစ်ပါတယ်။

(ဓါတ်ပုံ- သရဲခြောက် ခံရသည့် အမျိုးသမီးကြီးပေါ်လင်း)
Source: Daily Mirror
yangon Media Group
From...Myanmar Latest News
 

No comments:

Post a Comment