*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 23 August 2014

ရန်ကုန် အနောက်ပိုင်း တွင် ဒေါ်လာ ၁၅ ဘီလီယံ သုံးပြီး ဧက သုံးသောင်းကျယ် မြို့သစ် စီမံကိန်းဆောင်ရွက် မည်

 
 
ရန်ကုန်မြို့ အနောက်ဘက် တွင် ဧက သုံးသောင်း ခန့် ကျယ်ဝန်း မည့် မြို့သစ် စီမံကိန်း ကို ကျပ် ဘီလီယံ ခုနစ်ထောင်ကျော် နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီ ယံ (စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံ ၀န်းကျင်) အကုန် အကျခံ တည် ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ က ပြောကြား လိုက်သည်။

ရန်ကုန်မြို့ ၏ အနောက်ဘက် တွင် ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းကြား၊ လှိုင်မြစ် နှင့် လှိုင်သာယာ တွံတေး ကားလမ်းကြား မြေနေရာ များကို မြို့သစ် တည်ဆောက် ရန် လျာထားကြောင်း သြဂုတ် ၂၂ ရက် တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က သ၀ဏ်လွှာပေးပို့ ခဲ့သည်။


 
အကျယ်အ၀န်းမြေ ဧရိယာ ခန့်မှန်း ဧက သုံးသောင်း ရှိမည့် ရန်ကုန်မြို့သစ် စီမံကိန်း ကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီလီမိတက် က တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကာ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ကျပ်ဘီလီယံ ခုနစ်ထောင်နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရှိမည်ဖြစ်သည်။ 

စီမံကိန်း ကာလ ကို သုံးနှစ် အတွင်း ၇၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်မည် ဟု ရန်ကုန်တိုင်းဒေသ ကြီး မြို့တော်ဝန် ဦးလှမြင့် က သ၀ဏ်လွှာ ကို ဖတ်ကြား ရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။ 

အဆို ပါ စီမံကိန်း တွင် အဆင့်မြင့် တန်ဖိုးနည်း အခန်းပေါင်း နှစ်သောင်း၊ မိဘမဲ့ ကလေးနှစ်ထောင်ဆံ့ အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ အဘိုး အဘွားနှစ်ထောင်ဆံ့ အဆင့်မြင့် ရိပ်သာ တစ်ခုနှင့် ဖြတ်သန်းခ တံတားကြေးကောက်ခံ မည့် ခြောက်လမ်း သွား မြစ်ကူးတံတား ငါးစင်းတို့ လည်း ပါဝင်မည် ဟု မြို့တော်ဝန် က ဆိုသည်။
 
‘‘မြို့ပြ စီမံကိန်းသစ် ကို လွှတ်တော် ကိုယ်စားလှယ်တွေ က အခုမှ သိရတာ။ အမှန် က သ၀ဏ်လွှာကို တင်မယ် လွှတ်တော် က မှတ်တမ်း တင်မယ်။ ပြီးရင် ဒီသ၀ဏ်လွှာပေါ် မှာ လွှတ်တော် က ဆွေး နွေးရ မှာ’’ ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း က ဆိုသည်။ 

အဆိုပါ စီမံကိန်း သည် ရန်ကုန်မြို့ အတွက် အရေးကြီး သည့် စီမံကိန်းဖြစ်သည့် အတွက် အစိုးရ အဖွဲ့ အနေဖြင့် သတင်း ပေါက်ကြား မည်ကို စိုးရိမ်ပြီး တိတ်တဆိတ် ကျိတ်လုပ် ၍ မရကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ထောက်ပြခဲ့သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ကို လွှတ်တော် အစည်းအဝေး ရောက် မှသာ သိရှိ ရခြင်းဖြစ်ပြီး စီမံကိန်း နှင့် ပတ်သက်ပြီး အစိုးရ အဖွဲ့မှ ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကာ စီမံကိန်းကြောင့် ပြည်သူ များ အကျိုးဖြစ်၊ မဖြစ် ကို လွှတ်တော်တွင် ဆွေးနွေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော် ကလည်း ပြောသည်။

ရန်ကုန်မြို့ပြ စီမံကိန်း အကောင် အထည်ဖော်ရန် ကြိုတင် ပြင်ဆင် မှုများပြုလုပ် ရာတွင် မလိုလား အပ်သည့် ရှုပ်ထွေးမှု များပေါ် ပေါက်နိုင် သဖြင့် စီမံကိန်း သတင်း လုံခြုံမှု ကို ကန့်သတ် ခဲ့ရခြင်း ဖြစ် သည် ဟု မြို့တော်ဝန် ဦးလှမြင့် က လွှတ်တော်သို့ တင်ပြသည်။

‘‘ဒီလို တိတ်တဆိတ် လုပ်ပြီး ခုမှ လွှတ်တော် မှာ ဘွားခနဲကြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကို ချပြခြင်း ဟာ သွားနေတဲ့ ဒီမိုကရေ စီစံနှုန်းတွေ နဲ့ မညီဘူးပေါ့’’ဟု ဒေါက်တာ ဒေါ်ညိုညိုသင်း က ဆို သည်။

 ပြည်ထောင်စု အစိုးရပင် ယင်းတို့ လုပ်ဆောင်မည့် လုပ်ငန်းများ ကို ပြည်ထောင်စု လွှတ်တော် ၏ သဘောတူညီချက် ကို ရယူရန် လွှတ်တော် သို့ အကြောင်းကြား ရပြီး လွှတ်တော် ကိုယ်စားလှယ် များက အစိုးရ အဖွဲ့၏ အကြောင်းကြား လာမှု အပေါ် ဆွေးနွေး မှုများပြု လုပ်ရကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းတင် က ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပိုင်းတွင် အဆင့်နိမ့် ရပ်ကွက်များ ရှိနေ ပြီး ယင်းနေရာ များကို အဆင့်မြင့် တင်ခြင်း များပြုလုပ် ရန် လိုအပ်ကြောင်း လူဦးရေ ထူထပ်သည် ဆို သော်လည်း ရန်ကုန်မြို့ တွင်းမှာ ပင် မြေနေရာ များစွာ ရှိနေသည့် အတွက် ယင်းတို့ ကို အသုံးချ သင့်ကြောင်း မြို့ပြ စီမံကိန်း ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းမြင့် က ပြောသည်။

‘‘တကယ်လို့ အပြင် ကို ချဲ့ ထုတ်မယ် ဆိုရင်လည်း အခြေခံ အ ဆောက်အအုံတွေ လိုက်နိုင်ဖို့ လို တယ်။ ဘက်စ်ကားတွေ၊ မီးရထားတွေ ပြေးနိုင်ဖို့ လိုမယ်။ စီမံ ခန့်ခွဲမှု မကောင်း ရင်တော့ အဲဒီ နေရာတွေ ချဲ့လိုက် ရင် ရန်ကုန် က ရွာတန်းရှည်ကြီး လို ဖြစ်သွား လိမ့်မယ်’’ဟု ဦးဝင်းမြင့် က ထောက်ပြ ပြောကြားသည်။

 မြို့ပြသစ် စီမံကိန်းကြောင့် အိမ်ခြံမြေဈေးကွက် လှုပ်ရှားမှု များ ရှိလာမည်ဖြစ်ပြီး အိမ်ခြံမြေ အသိုင်း အ၀ိုင်း မှ သတင်း ကြိုရ ထား သူများသည် မြေများ ကြိုစုထားကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းခွန်နောင် က ပြောသည်။

စီမံကိန်း လုပ်ဆောင်မည့် နေရာများ သည် မြေ အမျိုးအစား အမျိုးမျိုး ပါဝင်ပြီး လယ်မြေ များ လည်း ပါဝင်ကြောင်း၊ မြေသိမ်း ဆည်းမှု ကိစ္စ ကို ကုမ္ပဏီ က လုံးဝ တာဝန်ယူ ညှိနှိုင်းဖြေ ရှင်းပေးပြီး စီမံကိန်းဆောင် ရွက်ရာ တွင် လူ လေးသိန်း ခန့် အလုပ်အကိုင် အ ခွင့်အလမ်း များလည်း ရရှိမည်ဟု ရန်ကုန်မြို့တော်ဝန် က လွှတ် တော်သို့ တင်ပြခဲ့သည်။

ရန်ကုန်မြို့သစ် မြို့ပြ စီမံကိန်း အတွက် မြို့မြေ အဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး ကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်နေကြောင်း မြို့တော်ဝန် က လွှတ်တော် သို့ အသိပေး ခဲ့သည်။

 ရန်မျိုးနိုင်၊ မိုးညို
From...7Day Daily

No comments:

Post a Comment