*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

စင်္ကာပူနိုင်ငံ တွင် သွား ကိုတူနဲ့ ချိုး ၊ ပခုံး ကို ကတ်ကြေးနဲ့ ထိုး မျက်လုံး ကို ဆပ်ပြာ မှုန့်လောင်း ထည့် ခံခဲ့ ရတဲ့ အင်ဒိုနီးရှား အိမ်ဖော်



 
အသက် ၃၄ နှစ် အရွယ် အင်ဒိုနီရှား အိမ်ဖော် Khanifah ရဲ့ သွား နှစ်ချောင်း ကို သူမ ရဲ့စင်္ကာပူ အလုပ်ရှင် က တူနဲ့ ချိုးခဲ့ ပါတယ်။ ပခုံး ကိုလည်း ကတ်ကြေးနဲ့ ထိုးခဲ့ပြီး သူမ ရဲ့ခေါင်း ကို ငရုတ်ကျည်ပွေ့ နဲ့ထုခဲ့ ပါတယ်။

ကြမ်းပြင် ကို ပြောင်စင်အောင် မသုတ်ခြင်း သို့မဟုတ် မီးပူ တိုက်ရာ မှာ တွန့်ရာ ကျန်ခြင်း တို့ကြောင့် ဒီလို လုပ်ခံ ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား မှာ ဆေးရုံ တက်ခဲ့ ရတဲ့ သူမ က ပြောကြား ခဲ့ပါတယ်။
 

တစ်နေ့ မှာ ထမင်း တစ်နပ် သာကြွေးပြီး ထွက် မပြေးနိုင်အောင် အခန်း ထဲ သော့ခတ် ထားတယ်လို့ ကလေးနှစ်ယောက် အမေ သူမ က ဆိုပါတယ်။ နောက်ဆုံး မှာ အေဂျင်စီကို မပြောဘဲ သူမ ကို အင်ဒိုနီးရှားပြန် လွှတ် ခဲ့ပါတယ်။


“ကျွန်မက တအားကြီး ကို အားနည်းနေ တယ်။ သူတို့ က ကျွန်မသေသွား မှာ ကြောက်ပုံ ရတယ်” လို့ The Sunday Times ကို သူမ က ပြောကြားခဲ့ပါတယ်။
သမီးသေပြီဖြစ်ကြောင်းပြော တာကြောင့် အင်ဒိုနီးရှား ကို သူမ က ရုတ်တရက် ပြန် လာခဲ့ ရတာ ဖြစ် ပါတယ်။
 

သူမ ရဲ့ခေါင်းနဲ့ မျက်နှာက ဒဏ်ရာတွေ ကို ဖုံးထားဖို့ အတွက် မျက်မှန် အနက်တပ် ကာ ခေါင်းပေါင်း ပုဝါ ပတ်ထားပေးခဲ့ တယ် လို့ဆိုပါတယ်။ အင်ဒိုနီးရှားပြန်ရောက် လို့ ယောကျာ်း ဆီ ဖုန်းခေါ်တဲ့ အချိန်မှ သူ့ သမီး ဘာမှ မဖြစ်ကြောင်း သိရတယ် လို့ဆိုပါတယ်။

နောက်ပိုင်း မှာ သူမ ကို ဆေးရုံ ပို့ခဲ့ပြီး သူမ ရဲ့ အင်ဒိုနီးရှားအေဂျင်စီ ကလည်း ညှင်းပန်းနှိပ်စက် ခံရတဲ့ ဒဏ်ရာတွေ ကိုဓာတ်ပုံ ရိုက်ကာ စင်္ကာပူ က အင်ဒိုနီးရှား သံရုံးကို ပို့ခဲ့ပါတယ်။ သံရုံးက လူတွေ က သူမ ကို စင်္ကာပူပြန်ခေါ်ပြီး အမှုဖွင့် ဖို့ ပြုလုပ်ခဲ့ပါတယ်။

“ဒီ အမှုကို ချက်ချင်း ကျွန်တော်တို့ဆီ ပို့ခဲ့တယ့် အေးဂျင့်ကောင်းမျိုး ရှိတာ သူကံကောင်း သွားတယ်”  လို့ လက်ရှိ ဒီ အမှုကို တာဝန် ယူဆောင်ရွက်နေ သူ သံရုံး အရာရှိ Sukmo Yuwono က ပြောကြား ခဲ့ပါတယ်။
သူမ ဟာ စင်္ကာပူနိုင်ငံ ကိုပြန် သွားပြီး ဒီ အမှုကို ဖွင့်ခဲ့ တာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။လွန်ခဲ့ တဲ့နှစ် ဧပြီ ၄ ရက်နေ မှာ ဖွင့်ခဲ့ တဲ့ မှတ်တမ်း အရ အလုပ်ရှင် က သူမ ရဲ့လက်သူကြွယ် ကိုလည်း နောက်လှန်ပြီး ချိုးခဲ့ ပါတယ်။

သူမ ရဲ့မျက်လုံး ကို ကျည်ပွေ့နဲ့ ထုပြီး ဆပ်ပြာမှုန့်တွေ လည်း လောင်းထည့် ခဲ့တယ် လို့ဆိုပါတယ်။
ရင်ဘတ်တွေ ကိုလည်း တူနဲ့ ထုပြီး လက် မှာလည်း ဓားလှီး ရာတွေ တွေ့ခဲ့ပါတယ်။


credit: phothutaw
 From...www.myanmarlatestnews.com

No comments:

Post a Comment